မန်ယူကခွာချင်နေတဲ့ ရော်နယ်ဒိုအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်က ဒေါ့တ်မန်ဖြစ်လာ

ဒီနွေဈေးကွက်မှာ မန်ယူကနေထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုအတွက် နောက်ဆုံးမျှော်လင့်ချက်က ဒေါ့တ်မန်အသင်းဖြစ်လာတယ်လို့ သိရပါတယ်။ အားလုံးသိတဲ့အတိုင်း ပေါ်တူဂီကြယ်ပွင့်ဟာ ချန်ပီယံလိဂ်ကစားခွင့်ရမယ့်

အသင်းတစ်သင်းကို ပြောင်းရွှေ့နိုင်ဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကလည်း အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးအတွက် ဖြစ်နိုင်ချေရှိတဲ့အသင်းတွေကို ရှာဖွေဆက်သွယ်နေပါတယ်။ ရော်နယ်ဒိုဟာ

ရောင်းဖို့မဟုတ်ဘူးလို့ မန်ယူကဆက်လက် ပြောဆိုနေပေမယ့် ကန့်လန့်ကာနောက်ကွယ်မှာတော့ သူ့ကိုစာချုပ်နောက်ဆုံးနှစ်အတိုင်း ဆက်ထားရေးထက် ထွက်ခွာခွင့်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်ဆိုတဲ့

ခံစားချက်တွေတိုးလာနေတာပါ။ ဒါပေမဲ့ ရော်နယ်ဒိုဘက်ကလည်း လစာကိစ္စကြောင့် ရွေးချယ်စရာအခွင့်အရေးက အကန့်အသတ်နဲ့ဖြစ်နေပါတယ်။ CBS Sports သတင်းဌာနကတော့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့တ်မန်ဟာ

ပေါ်တူဂီအသင်းခေါင်းဆောင်အတွက် ယုံကြည်ရတဲ့ ရွေးချယ်စရာတစ်ခုဖြစ်နေဆဲလို့ ဖေါ်ပြပါတယ်။ ဒေါ့တ်မန်ဟာ ရော်နယ်ဒိုကို အမြဲတမ်း ဒါမှမဟုတ် အငှားနဲ့ခေါ်ယူဖို့ အသင်းအတွင်းပိုင်းဆွေးနွေးမှုတွေ

လုပ်နေတယ်လို့လည်း ရေးသားထားပါတယ်။ သူတို့အနေနဲ့လည်း အသစ်ခေါ်ယူထားတဲ့ ဝှေးစေ့အကြိတ်ခွဲစိတ်ကုသမှုခံထားရတဲ့ တိုက်စစ်မှူးဆီဘက်စတီယန်ဟယ်လာ လအတန်ကြာနားရမှာကြောင့်

နောက်ထပ်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စိတ်ထက်သန်နေတာပါ။ ဒါကြောင့် ဒေါ့တ်မန်ဟာ ရော်နယ်ဒိုအတွက် ဒီနွေမှာ မန်ယူကနေထွက်ခွာဖို့ နောက်ဆုံးရွေးချယ်မှုဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။

(zawgyi)

ဒီေႏြေဈးကြက္မွာ မန္ယူကေနထြက္ခြာခ်င္ေနတဲ့ ေရာ္နယ္ဒိုအတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က ေဒါ့တ္မန္အသင္းျဖစ္လာတယ္လို႔ သိရပါတယ္။ အားလုံးသိတဲ့အတိုင္း ေပၚတူဂီၾကယ္ပြင့္ဟာ ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္

အသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။ သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကလည္း အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးအတြက္ ျဖစ္ႏိုင္ေခ်ရွိတဲ့အသင္းေတြကို ရွာေဖြဆက္သြယ္ေနပါတယ္။

ေရာ္နယ္ဒိုဟာ ေရာင္းဖို႔မဟုတ္ဘူးလို႔ မန္ယူကဆက္လက္ ေျပာဆိုေနေပမယ့္ ကန႔္လန႔္ကာေနာက္ကြယ္မွာေတာ့ သူ႔ကိုစာခ်ဳပ္ေနာက္ဆုံးႏွစ္အတိုင္း ဆက္ထားေရးထက္ ထြက္ခြာခြင့္ေပးလိုက္တာ

ပိုေကာင္းလိမ့္မယ္ဆိုတဲ့ ခံစားခ်က္ေတြတိုးလာေနတာပါ။ ဒါေပမဲ့ ေရာ္နယ္ဒိုဘက္ကလည္း လစာကိစၥေၾကာင့္ ေ႐ြးခ်ယ္စရာအခြင့္အေရးက အကန႔္အသတ္နဲ႔ျဖစ္ေနပါတယ္။ CBS Sports သတင္းဌာနကေတာ့

ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့တ္မန္ဟာ ေပၚတူဂီအသင္းေခါင္းေဆာင္အတြက္ ယုံၾကည္ရတဲ့ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္ေနဆဲလို႔ ေဖၚျပပါတယ္။ ေဒါ့တ္မန္ဟာ ေရာ္နယ္ဒိုကို အၿမဲတမ္း ဒါမွမဟုတ္ အငွားနဲ႔ေခၚယူဖို႔

အသင္းအတြင္းပိုင္းေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔လည္း ေရးသားထားပါတယ္။ သူတို႔အေနနဲ႔လည္း အသစ္ေခၚယူထားတဲ့ ေဝွးေစ့အႀကိတ္ခြဲစိတ္ကုသမႈခံထားရတဲ့ တိုက္စစ္မႉးဆီဘက္စတီယန္ဟယ္လာ

လအတန္ၾကာနားရမွာေၾကာင့္ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ စိတ္ထက္သန္ေနတာပါ။ ဒါေၾကာင့္ ေဒါ့တ္မန္ဟာ ေရာ္နယ္ဒိုအတြက္ ဒီေႏြမွာ မန္ယူကေနထြက္ခြာဖို႔ ေနာက္ဆုံးေ႐ြးခ်ယ္မႈျဖစ္ေနတယ္လို႔ သုံးသပ္ထားပါတယ္။