မန်ဒီက ဘိုဝမ်းခြေရင်းကို ဒိုင်ဗင်ထိုးဝင်သွားတာဆိုပြီး ချေပဂိုးမရခဲ့တဲ့ ဝက်စ်ဟမ်းပရိသတ်တွေ ပေါက်ကွဲ

လန်ဒန်ဒါဘီပြိုင်ဘက် ချဲလ်ဆီးဟာ သူတို့ဆီက အမှတ်တွေကိုလုယူသွားပါတယ်ဆိုပြီး ဝက်စ်ဟမ်းပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်မှာ ဟမ်းမားတွေက အန်တိုနီယိုရဲ့ ၆၃ မိနစ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ချဲလ်ဆီးဟာ ဒုတိယပိုင်းမှလူစားဝင်လာတဲ့ ချီဝဲလ်၊ ဟာဗက်ဇ်တို့ရဲ့ဂိုးတွေနဲ့ ၃ မှတ်ယူသွားခဲ့ပါတယ်။ ခက်တာက ပွဲပြီးကာနီးမှာ ကော်နတ်ရဲ့သွင်းဂိုး ခွင့်ပြုခြင်းမခံခဲ့ရတာပါပဲ။ အချိန်အတော်ကြာအောင် VAR စစ်ဆေးပြီးတဲ့နောက်

ကွင်းလယ်ဒိုင် အန်ဒီမက်ဒ်လေးက ဒီဂိုးကို ပယ်ချခဲ့တာပါ။ ကော်နတ်ရဲ့အဆုံးသတ်မှုမတိုင်ခင် ဝက်စ်ဟမ်းတောင်ပံလူဂျာရုဒ်ဘိုဝမ်းက ချဲလ်ဆီးဂိုးသမားမန်ဒီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရုပ်သံအနှေးပြကွက်တွေမှာ အင်္ဂလန်လက်ရွေးစင်က ဆီနီဂေါဂိုးသမားကို ခြေထောက်နဲ့ထိဖို့ရည်ရွယ်တာထက် ဘိုဝမ်းရဲ့ခြေထောက်ပေါ်ကို မန်ဒီက ဒိုင်ဗင်ထိုးဝင်သွားတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဒါကြောင့် ဒိုင်လူကြီးအန်ဒီမက်ဒ်လေးနဲ့ VAR ဆုံးဖြတ်ချက်အပေါ်

ဟမ်းမားပရိသတ်တွေ ဒေါသထွက်နေကြတာဖြစ်ပါတယ်။ “ မန်ဒီကို ဘယ်လိုလုပ်ပြီး အပြစ်ကျူးလွန်ရမှာလဲ။ ဘိုဝမ်း ဘာမှ မမှားဘူး။ VAR ကတော့ အိပ်မက်ဆိုးဖြစ်ပြန်ပြီ ” ၊ “ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ လုယက်ခံလိုက်ရပြန်ပြီ။

ဒီလိုပြည့်စုံတဲ့ဂိုးမျိုးကိုမှ မမြင်နိုင်ရင် VAR က ဘာအဓိပ္ပါယ်ရှိတော့မှာလဲ ” ၊ “ မန်ဒီက ဘိုဝမ်းခြေရင်းကို ဒိုင်ဗင်ထိုးဝင်တာပါ။ သူ ဘယ်လိုရှောင်နိုင်မှာလဲ။ အဓိပ္ပါယ် လုံးဝမရှိဘူး ” စတဲ့ မှတ်ချက်တွေနဲ့ ပေါက်ကွဲနေကြတာပါ။

လီဗာပူးလ်နဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်တောင် ဒီဂိုးကို ခွင့်မပြုတာဟာ တုန်လှုပ်စရာပဲလို့ တွစ်တာမှာရေးသားထားပါတယ်။ ဝက်စ်ဟမ်းနည်းပြမိုယက်စ်လည်း အတော်လေးဒေါသထွက်နေပြီး ပွဲအပြီးမှာ ဒိုင်အဖွဲ့နဲ့ထိပ်တိုက်တွေ့ခဲ့တာပါ။

(zawgyi)

လန္ဒန္ဒါဘီၿပိဳင္ဘက္ ခ်ဲလ္ဆီးဟာ သူတို႔ဆီက အမွတ္ေတြကိုလုယူသြားပါတယ္ဆိုၿပီး ဝက္စ္ဟမ္းပရိသတ္ေတြ ေပါက္ကြဲေနၾကပါတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္မွာ ဟမ္းမားေတြက အန္တိုနီယိုရဲ႕ ၆၃ မိနစ္သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမဲ့ ခ်ဲလ္ဆီးဟာ ဒုတိယပိုင္းမွလူစားဝင္လာတဲ့ ခ်ီဝဲလ္၊ ဟာဗက္ဇ္တို႔ရဲ႕ဂိုးေတြနဲ႔ ၃ မွတ္ယူသြားခဲ့ပါတယ္။ ခက္တာက ပြဲၿပီးကာနီးမွာ ေကာ္နတ္ရဲ႕သြင္းဂိုး ခြင့္ျပဳျခင္းမခံခဲ့ရတာပါပဲ။ အခ်ိန္အေတာ္ၾကာေအာင္ VAR စစ္ေဆးၿပီးတဲ့ေနာက္

ကြင္းလယ္ဒိုင္ အန္ဒီမက္ဒ္ေလးက ဒီဂိုးကို ပယ္ခ်ခဲ့တာပါ။ ေကာ္နတ္ရဲ႕အဆုံးသတ္မႈမတိုင္ခင္ ဝက္စ္ဟမ္းေတာင္ပံလူဂ်ာ႐ုဒ္ဘိုဝမ္းက ခ်ဲလ္ဆီးဂိုးသမားမန္ဒီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ႐ုပ္သံအေႏွးျပကြက္ေတြမွာ

အဂၤလန္လက္ေ႐ြးစင္က ဆီနီေဂါဂိုးသမားကို ေျခေထာက္နဲ႔ထိဖို႔ရည္႐ြယ္တာထက္ ဘိုဝမ္းရဲ႕ေျခေထာက္ေပၚကို မန္ဒီက ဒိုင္ဗင္ထိုးဝင္သြားတဲ့ပုံစံျဖစ္ေနခဲ့တာပါ။ ဒါေၾကာင့္ ဒိုင္လူႀကီးအန္ဒီမက္ဒ္ေလးနဲ႔ VAR ဆုံးျဖတ္ခ်က္အေပၚ ဟမ္းမားပရိသတ္ေတြ

ေဒါသထြက္ေနၾကတာျဖစ္ပါတယ္။ “ မန္ဒီကို ဘယ္လိုလုပ္ၿပီး အျပစ္က်ဴးလြန္ရမွာလဲ။ ဘိုဝမ္း ဘာမွ မမွားဘူး။ VAR ကေတာ့ အိပ္မက္ဆိုးျဖစ္ျပန္ၿပီ ” ၊ “ ရွက္စရာေကာင္းတဲ့ ဆုံးျဖတ္ခ်က္ပါ။ ကြၽန္ေတာ္တို႔ လုယက္ခံလိုက္ရျပန္ၿပီ။

ဒီလိုျပည့္စုံတဲ့ဂိုးမ်ိဳးကိုမွ မျမင္ႏိုင္ရင္ VAR က ဘာအဓိပၸါယ္ရွိေတာ့မွာလဲ ” ၊ “ မန္ဒီက ဘိုဝမ္းေျခရင္းကို ဒိုင္ဗင္ထိုးဝင္တာပါ။ သူ ဘယ္လိုေရွာင္ႏိုင္မွာလဲ။ အဓိပၸါယ္ လုံးဝမရွိဘူး ” စတဲ့ မွတ္ခ်က္ေတြနဲ႔ ေပါက္ကြဲေနၾကတာပါ။

လီဗာပူးလ္နဲ႔အဂၤလန္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္ေတာင္ ဒီဂိုးကို ခြင့္မျပဳတာဟာ တုန္လႈပ္စရာပဲလို႔ တြစ္တာမွာေရးသားထားပါတယ္။ ဝက္စ္ဟမ္းနည္းျပမိုယက္စ္လည္း အေတာ္ေလးေဒါသထြက္ေနၿပီး ပြဲအၿပီးမွာ ဒိုင္အဖြဲ႕နဲ႔ထိပ္တိုက္ေတြ႕ခဲ့တာပါ။