မန်စီးတီးအတွက် အောင်မြင်မှုတွေယူပေးဖို့ မစောင့်နိုင်အောင်ဖြစ်နေတယ်ဆိုတဲ့ ကယ်လ်ဗင်ဖိလစ်

လိဒ်ယူနိုက်တက်ကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မန်စီးတီးက အတည်ပြုလိုက်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ ၆ နှစ်စာချုပ်လိုက်တာပါ။ မန်စီးတီးအတွက်တော့ ဒေါ့တ်မန်တိုက်စစ်မှူးဟာလန်းနဲ့ ဂိုးသမားအော်တေဂါတို့နောက် တတိယမြောက်ကစားသမားခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

ငယ်ဘဝကလပ် လိဒ်မှာ ၈ ရာသီကြာကစားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ဖိလစ်ကတော့ နံပါတ် ၄ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

“ မန်စီးတီးကိုပြောင်းရွှေ့ခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်။ အံ့သြစရာကောင်းတဲ့အသင်း၊ ကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ နည်းပြနဲ့အတူ မန်စီးတီးဟာ နိုင်ငံအတွင်းမှာ အကောင်းဆုံးအသင်းအဖြစ်

ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ ပက်ရဲ့လက်အောက်မှာ ကစားခွင့်ရတော့မယ့်အတွက်လည်း ကျွန်တော် မယုံနိုင်အောင်စိတ်လှုပ်ရှားနေမိပါတယ်။

ဒီအသင်းကို အောင်မြင်မှုတွေပိုမိုရရှိအောင် ကူညီပေးနိုင်ဖို့ ကျွန်တော် မစောင့်နိုင်လောက်အောင်ဖြစ်နေရပါပြီ ” လို့ ကယ်လ်ဗင်ဖိလစ်က ဖွင့်ဟသွားခဲ့ပါတယ်။

သူဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲရောက် အင်္ဂလန်အသင်းရဲ့အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး လိဒ်မှာ အသက် ၁၄ နှစ်အရွယ်ကတည်းက ကစားခဲ့တာပါ။

ကွင်းလယ်ခံစစ်သမားတစ်ဦးဖြစ်ပေမယ့် တန်ပြန်တိုက်စစ်တွေမှာ လိုက်ပါကစားနိုင်သလို လိဒ်အတွက် ၂၃၅ ပွဲမှာ ၁၄ ဂိုးသွင်းပေးခဲ့ပါတယ်။

(zawgyi)

လိဒ္ယူႏိုက္တက္ကြင္းလယ္လူ ကယ္လ္ဗင္ဖိလစ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း မန္စီးတီးက အတည္ျပဳလိုက္ပါတယ္။ အဂၤလန္ကြင္းလယ္လူဟာ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ၆ ႏွစ္စာခ်ဳပ္လိုက္တာပါ။ မန္စီးတီးအတြက္ေတာ့ ေဒါ့တ္မန္တိုက္စစ္မႉးဟာလန္းနဲ႔ ဂိုးသမားေအာ္ေတဂါတို႔ေနာက္ တတိယေျမာက္ကစားသမားေခၚယူမႈ ျဖစ္ခဲ့ပါတယ္။ ငယ္ဘဝကလပ္ လိဒ္မွာ ၈ ရာသီၾကာကစားခဲ့တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ဖိလစ္ကေတာ့ နံပါတ္ ၄ ဂ်ာစီကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။ “ မန္စီးတီးကိုေျပာင္းေ႐ႊ႕ခြင့္ရလို႔ အရမ္းဝမ္းသာမိပါတယ္။ အံ့ၾသစရာေကာင္းတဲ့အသင္း၊ ကမာၻ႔အေကာင္းဆုံးလို႔သတ္မွတ္ခံထားရတဲ့ နည္းျပနဲ႔အတူ မန္စီးတီးဟာ ႏိုင္ငံအတြင္းမွာ အေကာင္းဆုံးအသင္းအျဖစ္ ထပ္မံသက္ေသျပႏိုင္ခဲ့ပါတယ္။ ပက္ရဲ႕လက္ေအာက္မွာ ကစားခြင့္ရေတာ့မယ့္အတြက္လည္း ကြၽန္ေတာ္ မယုံႏိုင္ေအာင္စိတ္လႈပ္ရွားေနမိပါတယ္။ ဒီအသင္းကို ေအာင္ျမင္မႈေတြပိုမိုရရွိေအာင္ ကူညီေပးႏိုင္ဖို႔ ကြၽန္ေတာ္ မေစာင့္ႏိုင္ေလာက္ေအာင္ျဖစ္ေနရပါၿပီ ” လို႔ ကယ္လ္ဗင္ဖိလစ္က ဖြင့္ဟသြားခဲ့ပါတယ္။ သူဟာ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲေရာက္ အဂၤလန္အသင္းရဲ႕အဓိက အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ၿပီး လိဒ္မွာ အသက္ ၁၄ ႏွစ္အ႐ြယ္ကတည္းက ကစားခဲ့တာပါ။ ကြင္းလယ္ခံစစ္သမားတစ္ဦးျဖစ္ေပမယ့္ တန္ျပန္တိုက္စစ္ေတြမွာ လိုက္ပါကစားႏိုင္သလို လိဒ္အတြက္ ၂၃၅ ပြဲမွာ ၁၄ ဂိုးသြင္းေပးခဲ့ပါတယ္။