မန်စီးတီးအကြောင်း သိပ်မစဉ်းစားဘဲ ထိပ်တိုက်တွေ့တဲ့အခါ အမှန်အကန် တိုက်ပွဲဝင်သွားမယ့် ကလော့ပ်

ပရီးမီးယားလိဂ် ပွဲကျန်မှာ လီဗာပူး ဟာ အာဆင်နယ် ကို ၂-၀ နဲ့ အနိုင် ယူပြီး

အဆင့် ၁ က မန်စီးတီး နဲ့ ၁ မှတ် အကွာကို ချဉ်းကပ် လာခဲ့ ပါတယ်။

လီဗာပူး အတွက် ဂိုးတွေ ကိုတော့ ဂျိုတာ နဲ့ ဖာမီနို တို့က သွင်းယူ ပေးခဲ့ကြတာပါ။

အာဆင်နယ်ကို ၂ဂိုးပြတ် နိုင်ခဲ့ပြီးနောက် ကလော့ပ်က “ကျွန်တော့် အသင်းနဲ့

ရောက်နေတဲ့ အခြေအနေအပေါ် အလွန် စိတ်လှုပ်ရှားနေပါတယ်”

“ကျွန်တော်တို့ ဆက်သွားနေဖို့ပဲ လိုတာပါ။ ကျွန်တော် မန်စီးတီးအကြောင်း

သိပ်မစဉ်းစားဘူးဆိုတာ အမှန်ပါပဲ။ မန်စီးတီးက ပွဲတွေ အများကြီးကို

နိုင်ထားတာကြောင့် ကျွန်တော်တို့လည်း ပွဲအများကြီး နိုင်မှသာ

အခွင့်အရေး ရှိမယ်ဆိုတာ သိပါတယ်”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ အရမ်းကောင်းတဲ့

အဆင့်တွေ ရောက်ခဲ့ပြီး ပွဲတိုင်းက ဗိုလ်လုပွဲလို ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ အဲဒီအတွက် ပျော်ရွှင်ရမှာ ဖြစ်ပေမဲ့ ပြင်းထန်တဲ့ ပွဲစဉ်တွေ

ဖြစ်တာကြောင့် ကြံ့ခိုင်မှုပိုင်းအရ တော်တော်လေး ပင်ပန်းခဲ့ပါတယ်”

“ကျွန်တော်တို့ ၃၊ ၄ပတ်အတွင်း မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး

အဲဒီအခါကျ အမှန်အကန် တိုက်ပွဲဝင်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ လူတော်တော်များများဟာ လာမယ့်

ဧပြီလ ၁၀ ရက်နေ့ အီတီဟတ်မှာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်ဟာ

အဆုံးအဖြတ်လို့ ယူဆနေကြပြီး အခုကတည်းက ကြိုတင် ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။

zawgyi

မန္စီးတီးအေၾကာင္း သိပ္မစဥ္းစားဘဲ ထိပ္တိုက္ေတြ႕တဲ့အခါ အမွန္အကန္ တိုက္ပြဲဝင္သြားမယ့္ ကေလာ့ပ္

ပရီးမီးယားလိဂ္ ပြဲက်န္မွာ လီဗာပူး ဟာ အာဆင္နယ္ ကို ၂-၀ နဲ႔ အႏိုင္ ယူၿပီး

အဆင့္ ၁ က မန္စီးတီး နဲ႔ ၁ မွတ္ အကြာကို ခ်ဥ္းကပ္ လာခဲ့ ပါတယ္။

လီဗာပူး အတြက္ ဂိုးေတြ ကိုေတာ့ ဂ်ိဳတာ နဲ႔ ဖာမီႏို တို႔က သြင္းယူ ေပးခဲ့ၾကတာပါ။

အာဆင္နယ္ကို ၂ဂိုးျပတ္ ႏိုင္ခဲ့ၿပီးေနာက္ ကေလာ့ပ္က “ကြၽန္ေတာ့္ အသင္းနဲ႔

ေရာက္ေနတဲ့ အေျခအေနအေပၚ အလြန္ စိတ္လႈပ္ရွားေနပါတယ္”

“ကြၽန္ေတာ္တို႔ ဆက္သြားေနဖို႔ပဲ လိုတာပါ။ ကြၽန္ေတာ္ မန္စီးတီးအေၾကာင္း

သိပ္မစဥ္းစားဘူးဆိုတာ အမွန္ပါပဲ။ မန္စီးတီးက ပြဲေတြ အမ်ားႀကီးကို

ႏိုင္ထားတာေၾကာင့္ ကြၽန္ေတာ္တို႔လည္း ပြဲအမ်ားႀကီး ႏိုင္မွသာ

အခြင့္အေရး ရွိမယ္ဆိုတာ သိပါတယ္”

“လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့

အဆင့္ေတြ ေရာက္ခဲ့ၿပီး ပြဲတိုင္းက ဗိုလ္လုပြဲလို ျဖစ္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ အဲဒီအတြက္ ေပ်ာ္႐ႊင္ရမွာ ျဖစ္ေပမဲ့ ျပင္းထန္တဲ့ ပြဲစဥ္ေတြ

ျဖစ္တာေၾကာင့္ ႀကံ့ခိုင္မႈပိုင္းအရ ေတာ္ေတာ္ေလး ပင္ပန္းခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ ၃၊ ၄ပတ္အတြင္း မန္စီးတီးနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ၿပီး

အဲဒီအခါက် အမွန္အကန္ တိုက္ပြဲဝင္သြားမွာပါ”လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ လာမယ့္

ဧၿပီလ ၁၀ ရက္ေန႔ အီတီဟတ္မွာ ဒီႏွစ္သင္း ထိပ္တိုက္ ေတြ႕ဆုံမယ့္ ပြဲစဥ္ဟာ

အဆုံးအျဖတ္လို႔ ယူဆေနၾကၿပီး အခုကတည္းက ႀကိဳတင္ ရင္ခုန္ေနၾကၿပီ ျဖစ္ပါတယ္။