
မန်စီးတီးအသင်းဟာ လာမယ့်လ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်
လီဗာပူးနဲ့ ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီးကတော့
ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဖို့ ရှိနေပါတယ်။
လီဗာပူး အသင်းဟာ ဒီယေဂိုဂျိုတာရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အတူ
နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူကာ
အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ မန်စီးတီးနဲ့ ရင်ဆိုင်
ကစားရတော့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှုးဟာ ဆီမီကတ်ရဲ့
ဖြတ်တင်ဘောကနေ တစ်ဆင့် အနီးကပ် ပိတ်သွင်းကာ အဆိုပါ ပွဲရဲ့
တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ မန်စီးတီးအသင်းတွေဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပြင်
အက်ဖ်အေဖလား လမ်းကြောင်းပေါ်မှာပါ ရှိနေပြီး ဖလား ၃ လုံး လမ်းကြောင်းပေါ်
ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို
လာမယ့်လ ၁၆၊ ၁၇ ရက်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။
အဆိုပါပွဲစဉ်တွေကို ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး
လီဗာပူးနဲ့ ချဲလ်ဆီးတို့ကတော့ ၃လ အတွင်း ကာရာဘောင်ဖလား
ဗိုလ်လုပွဲမှာ ရင်ဆိုင်အပြီး ဒုတိယအကြိမ်အဖြစ် ဝင်ဘာလေကွင်းကို
ပြန်လာကြမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်က တက်လာတဲ့ အသင်း၂သင်း
အနေနဲ့ မေလ ၁၄ရက်နေ့ ဝင်ဘာလေကွင်းကို ပြန်လာပြီး ဗိုလ်လုပွဲအဖြစ်
ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
zawgyi
မန္စီးတီးနဲ႔ ေတြ႕ဖို႔ ေနာ့တင္ဟမ္ေဖာရက္စ္ကို တစ္ဂိုးတည္းနဲ႔ အႏိုင္ယူခဲ့တဲ့ လီဗာပူး
မန္စီးတီးအသင္းဟာ လာမယ့္လ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္
လီဗာပူးနဲ႔ ပြဲႀကီးပြဲေကာင္း ကစားရမွာ ျဖစ္ၿပီး ခ်ဲလ္ဆီးကေတာ့
ခရစၥတယ္ပဲေလ့စ္နဲ႔ ကစားရဖို႔ ရွိေနပါတယ္။
လီဗာပူး အသင္းဟာ ဒီေယဂိုဂ်ိဳတာရဲ႕ ေနာက္က်အႏိုင္ဂိုးနဲ႔ အတူ
ေနာ့တင္ဟမ္ေဖာရက္စ္ကို ၁-၀ နဲ႔ ခက္ခက္ခဲခဲ အႏိုင္ယူကာ
အက္ဖ္ေအဖလားရဲ႕ ဆီမီးဖိုင္နယ္ အဆင့္မွာ မန္စီးတီးနဲ႔ ရင္ဆိုင္
ကစားရေတာ့မွာ ျဖစ္ပါတယ္။ ေပၚတူဂီ တိုက္စစ္မႈးဟာ ဆီမီကတ္ရဲ႕
ျဖတ္တင္ေဘာကေန တစ္ဆင့္ အနီးကပ္ ပိတ္သြင္းကာ အဆိုပါ ပြဲရဲ႕
တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူေပးခဲ့တာ ျဖစ္ပါတယ္။
လီဗာပူးနဲ႔ မန္စီးတီးအသင္းေတြဟာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ အျပင္
အက္ဖ္ေအဖလား လမ္းေၾကာင္းေပၚမွာပါ ရွိေနၿပီး ဖလား ၃ လုံး လမ္းေၾကာင္းေပၚ
ေရာက္ေနခဲ့တာ ျဖစ္ပါတယ္။ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကို
လာမယ့္လ ၁၆၊ ၁၇ ရက္ေတြမွာ ယွဥ္ၿပိဳင္သြားမယ္လို႔လည္း သိရပါတယ္။
အဆိုပါပြဲစဥ္ေတြကို ဝင္ဘာေလကြင္းမွာ က်င္းပသြားမွာ ျဖစ္ၿပီး
လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ကေတာ့ ၃လ အတြင္း ကာရာေဘာင္ဖလား
ဗိုလ္လုပြဲမွာ ရင္ဆိုင္အၿပီး ဒုတိယအႀကိမ္အျဖစ္ ဝင္ဘာေလကြင္းကို
ျပန္လာၾကမွာ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္က တက္လာတဲ့ အသင္း၂သင္း
အေနနဲ႔ ေမလ ၁၄ရက္ေန႔ ဝင္ဘာေလကြင္းကို ျပန္လာၿပီး ဗိုလ္လုပြဲအျဖစ္
ရင္ဆိုင္ၾကရမွာ ျဖစ္ပါတယ္။
Leave a Reply