မန်စီးတီးဂျာစီဝတ်ခဲ့ရတာကို ဂုဏ်ယူတယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးသစ်စတာလင်း ဖွင့်ဟ

ရာဟင်စတာလင်းရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ပြီလို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ်လန်ဒန်သားဟာ မန်စီးတီးကနေ ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့တာပါ။

သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ ဖြစ်ပြီး အပြာရောင်တွေနဲ့ ၅ နှစ်စာချုပ်ခဲ့သလို တစ်ပတ်လစာ ပေါင် ၃ သိန်းကျော်ရမယ်လို့ သိရပါတယ်။ စတာလင်းဟာ ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုးလီလက်ထက်

ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်တိုက်စစ်မှူးကိစ္စပြီးပြတ်တာနဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေကိုခေါ်ယူသွားဦးမှာပါ။

လက်ရှိအချိန်မှာ ကူလီဘာလေအတွက် ပေါင် ၃၄ သန်းနဲ့ သဘောတူညီမှုရထားပြီး လန်ဒန်မှာဆေးစစ်မှုခံယူတော့မယ်လို့ သိရပါတယ်။

စတာလင်းကတော့ ကစားသမားဘဝမှာ အောင်မြင်အောင်မြေတောင်မြှောက်ပေးခဲ့တဲ့ မန်စီးတီးကို ကျေးဇူးတင်ကြောင်း ဂုဏ်ပြုနှုတ်ဆက်စာတစ်စောင် အွန်လိုင်းမှာတင်ခဲ့ပါတယ်။

“ ၇ ရာသီ၊ အဓိကဖလား ၁၁ လုံးနဲ့ တစ်သက်တာအမှတ်တရများ ” လို့ ခေါင်းစဉ်တပ်ထားတာပါ။ အဲဒီနောက် မန်စီးတီးနဲ့ပတ်သက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် “ အနိမ့်အမြင့် အတက်အကျတွေအားလုံးအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ နိမ့်ကျမှုတွေက ကျွန်တော့်ရဲ့စွမ်းရည်နဲ့ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်ခဲ့ပြီး အခုလိုအနေအထားရောက်အောင်

တွန်းအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးကို ကျွန်တော်ရောက်တုန်းက အသက် ၂၀ ပါ။ အခု လူကြီးတစ်ယောက်အဖြစ် ကျွန်တော်ထွက်ခွာခဲ့ပါပြီ။

ခင်ဗျားတို့ရဲ့အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ မန်စီးတီးအင်္ကျီကို ဝတ်ဆင်ရတာဟာ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ် ” လို့ စတာလင်းက ရေးသားထားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၁၅ မှာ လီဗာပူးလ်ကနေ ပေါင် ၄၉ သန်းနဲ့ မန်စီးတီးကိုရောက်ရှိခဲ့ပြီး ၃၃၉ ပွဲကစား ၁၃၁ ဂိုးသွင်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(zawgyi)

ရာဟင္စတာလင္းရဲ႕ အေျပာင္းအေ႐ႊ႕ အၿပီးသတ္ႏိုင္ခဲ့ၿပီလို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္လန္ဒန္သားဟာ မန္စီးတီးကေန ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕ခဲ့တာပါ။

သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးက ေပါင္ သန္း ၅၀ ျဖစ္ၿပီး အျပာေရာင္ေတြနဲ႔ ၅ ႏွစ္စာခ်ဳပ္ခဲ့သလို တစ္ပတ္လစာ ေပါင္ ၃ သိန္းေက်ာ္ရမယ္လို႔ သိရပါတယ္။ စတာလင္းဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ဘိုးလီလက္ထက္

ပထမဆုံးကစားသမားေခၚယူမႈ ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္တိုက္စစ္မႉးကိစၥၿပီးျပတ္တာနဲ႔ နာပိုလီေနာက္ခံလူ ကူလီဘာေလကိုေခၚယူသြားဦးမွာပါ။ လက္ရွိအခ်ိန္မွာ ကူလီဘာေလအတြက္ ေပါင္ ၃၄ သန္းနဲ႔ သေဘာတူညီမႈရထားၿပီး

လန္ဒန္မွာေဆးစစ္မႈခံယူေတာ့မယ္လို႔ သိရပါတယ္။ စတာလင္းကေတာ့ ကစားသမားဘဝမွာ ေအာင္ျမင္ေအာင္ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ မန္စီးတီးကို ေက်းဇူးတင္ေၾကာင္း ဂုဏ္ျပဳႏႈတ္ဆက္စာတစ္ေစာင္ အြန္လိုင္းမွာတင္ခဲ့ပါတယ္။

“ ၇ ရာသီ၊ အဓိကဖလား ၁၁ လုံးနဲ႔ တစ္သက္တာအမွတ္တရမ်ား ” လို႔ ေခါင္းစဥ္တပ္ထားတာပါ။ အဲဒီေနာက္ မန္စီးတီးနဲ႔ပတ္သက္သူအားလုံးကို ေက်းဇူးတင္ေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ “ အနိမ့္အျမင့္ အတက္အက်ေတြအားလုံးအတြက္ ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္။ နိမ့္က်မႈေတြက ကြၽန္ေတာ့္ရဲ႕စြမ္းရည္နဲ႔ေျဖရွင္းႏိုင္စြမ္းကို စမ္းသပ္ခဲ့ၿပီး အခုလိုအေနအထားေရာက္ေအာင္ တြန္းအားေပးႏိုင္ခဲ့ပါတယ္။

မန္စီးတီးကို ကြၽန္ေတာ္ေရာက္တုန္းက အသက္ ၂၀ ပါ။ အခု လူႀကီးတစ္ေယာက္အျဖစ္ ကြၽန္ေတာ္ထြက္ခြာခဲ့ပါၿပီ။ ခင္ဗ်ားတို႔ရဲ႕အားေပးကူညီမႈအတြက္ ေက်းဇူးတင္ပါတယ္။

မန္စီးတီးအက်ႌကို ဝတ္ဆင္ရတာဟာ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္ ” လို႔ စတာလင္းက ေရးသားထားပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ၂၀၁၅ မွာ လီဗာပူးလ္ကေန ေပါင္ ၄၉ သန္းနဲ႔ မန္စီးတီးကိုေရာက္ရွိခဲ့ၿပီး ၃၃၉ ပြဲကစား ၁၃၁ ဂိုးသြင္းႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။