မန်စီးတီးကို အံ့အားသင့်စရာကောင်းအောင် အနိုင်ယူခဲ့တဲ့ ဆောက်သမ်တန်

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးကို မထင်မှတ်ဘဲ အနိုင်ယူပြီးတော့
ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွ့င်ရရှိသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ဆောက်သမ်တန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့
နည်းပြနေသန်ဂျုံးစ်ဟာ အခုပွဲမှာ High Pressing Game ပုံစံနဲ့
ပွဲစကတည်းက မန်စီးတီးဘက်ကို တိုက်စစ်ဆင်ကစားစေခဲ့ပြီး
ဒီနည်းဗျူဟာကြောင့် မန်စီးတီး အငိုက်မိသွားတယ်လို့ ပြောရမယ်။

ဂွါဒီယိုလာရဲ့ လူထုတ်ပုံအပေါ် ဝေဖန်စရာ မရှိဘဲ ပွဲကျပ်တွေ ဆက်တိုက်
ကစားရမှာဖြစ်တာကြောင့် အဓိက,ကစားသမားတချို့ကို ပွဲထွက်မသုံးတာက
မှန်ကန်ပြီး ပွဲထွက်ကစားခွင့်ရတဲ့ အရန်ကစားသမားတွေ ခြေစွမ်း

မပြနိုင်တာကြောင့် အခုလို ရှုံးပွဲတွေ့ခဲ့တာလို့ပဲ ပြောရမှာပါ။

အခုပွဲမှာ ဆောက်သမ်တန်အသင်းအတွက် ပွဲထွက်ကစားခွင့်ရတဲ့ လူငယ်

တိုက်စစ်မှူး ဆက်ကိုမာရာဟာ မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး (၂၃)မိနစ်မှာ
လီယန်ကို ပေးတာကနေ အပိုင်ပိတ်သွင်းခဲ့တာကြောင့် ဆောက်သမ်တန်
ကစားသမားဘ၀ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

(၅)မိနစ်အကြာမှာပဲ ဆောက်သမ်တန်တို့ ဒုတိယဂိုးရခဲ့ပြီး တောင်ပံတိုက်စစ်
ကစားသမား ဂျန်နက်ပိုက ဂိုးဧရိယာထိပ်ကနေ လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ မန်စီးတီးဂိုးသမား အော်တေဂါ မလိုအပ်ဘဲ ရှေ့ထွက်နေလို့ ဂျန်နက်ပိုရဲ့
ကန်ချက်ကို မကာကွယ်နိုင်ဘဲ ပေးခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ဒီဘရိုင်းနား၊ ဟာလန်း၊ ရိုဒရီတို့ လူစားဝင်ခဲ့ပေမယ့်
ဆောက်သမ်တန်အသင်းရဲ ကျစ်လျစ်တဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်သလို

တစ်ပွဲလုံး ဂိုးပေါက်တည့်မှု(၁)ကြိမ်မှ မရှိဘဲ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

(၆)နှစ်အတွင်း လိဂ်ဖလားကို (၄)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ မန်စီးတီးတို့ ကွာတား

ဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပြီး ဂွါဒီယိုလာရဲ့ နည်းပြဘဝတစ်လျှောက် ပြည်တွင်း
ရှုံးထွက်ဖလား ပြိုင်ပွဲတစ်ခုမှာ ကွာတားဖိုင်နယ်ကနေ ပထမဆုံးအကြိမ်
ထွက်ခဲ့ရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဆောက်သမ်တန်
အသင်းကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ဖလား
ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

[Zawgyi]

လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ေဆာက္သမ္တန္အသင္းက
ပရီးမီးယားလိဂ္ထိပ္သီး မန္စီးတီးကို မထင္မွတ္ဘဲ အႏိုင္ယူၿပီးေတာ့

ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ခြ႕င္ရရွိသြားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကမွ ေဆာက္သမ္တန္အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့

နည္းျပေနသန္ဂ်ဳံးစ္ဟာ အခုပြဲမွာ High Pressing Game ပုံစံနဲ႔
ပြဲစကတည္းက မန္စီးတီးဘက္ကို တိုက္စစ္ဆင္ကစားေစခဲ့ၿပီး
ဒီနည္းဗ်ဴဟာေၾကာင့္ မန္စီးတီး အငိုက္မိသြားတယ္လို႔ ေျပာရမယ္။

ဂြါဒီယိုလာရဲ႕ လူထုတ္ပုံအေပၚ ေဝဖန္စရာ မရွိဘဲ ပြဲက်ပ္ေတြ ဆက္တိုက္
ကစားရမွာျဖစ္တာေၾကာင့္ အဓိက,ကစားသမားတခ်ိဳ႕ကို ပြဲထြက္မသုံးတာက
မွန္ကန္ၿပီး ပြဲထြက္ကစားခြင့္ရတဲ့ အရန္ကစားသမားေတြ ေျခစြမ္း
မျပႏိုင္တာေၾကာင့္ အခုလို ရႈံးပြဲေတြ႕ခဲ့တာလို႔ပဲ ေျပာရမွာပါ။

အခုပြဲမွာ ေဆာက္သမ္တန္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရတဲ့ လူငယ္
တိုက္စစ္မႉး ဆက္ကိုမာရာဟာ မန္စီးတီးခံစစ္ကို ဒုကၡေပးႏိုင္ခဲ့ၿပီး (၂၃)မိနစ္မွာ

လီယန္ကို ေပးတာကေန အပိုင္ပိတ္သြင္းခဲ့တာေၾကာင့္ ေဆာက္သမ္တန္
ကစားသမားဘ၀ ပထမဆုံးဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

(၅)မိနစ္အၾကာမွာပဲ ေဆာက္သမ္တန္တို႔ ဒုတိယဂိုးရခဲ့ၿပီး ေတာင္ပံတိုက္စစ္
ကစားသမား ဂ်န္နက္ပိုက ဂိုးဧရိယာထိပ္ကေန လွလွပပကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဒီဂိုးဟာ မန္စီးတီးဂိုးသမား ေအာ္ေတဂါ မလိုအပ္ဘဲ ေရွ႕ထြက္ေနလို႔ ဂ်န္နက္ပိုရဲ႕
ကန္ခ်က္ကို မကာကြယ္ႏိုင္ဘဲ ေပးခဲ့ရတာပါ။

ဒုတိယပိုင္းမွာေတာ့ ဒီဘ႐ိုင္းနား၊ ဟာလန္း၊ ႐ိုဒရီတို႔ လူစားဝင္ခဲ့ေပမယ့္
ေဆာက္သမ္တန္အသင္းရဲ က်စ္လ်စ္တဲ့ ခံစစ္ေၾကာင္းကို မထိုးေဖာက္ႏိုင္သလို
တစ္ပြဲလုံး ဂိုးေပါက္တည့္မႈ(၁)ႀကိမ္မွ မရွိဘဲ (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

(၆)ႏွစ္အတြင္း လိဂ္ဖလားကို (၄)ႀကိမ္အထိ ရယူႏိုင္ခဲ့တဲ့ မန္စီးတီးတို႔ ကြာတား
ဖိုင္နယ္ကေန လွည့္ျပန္ခဲ့ရၿပီး ဂြါဒီယိုလာရဲ႕ နည္းျပဘဝတစ္ေလွ်ာက္ ျပည္တြင္း

ရႈံးထြက္ဖလား ၿပိဳင္ပြဲတစ္ခုမွာ ကြာတားဖိုင္နယ္ကေန ပထမဆုံးအႀကိမ္
ထြက္ခဲ့ရတဲ့ မွတ္တမ္းဆိုး ပိုင္ဆိုင္ခဲ့ပါတယ္။ အႏိုင္ရခဲ့တဲ့ ေဆာက္သမ္တန္
အသင္းကေတာ့ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လိဂ္ဖလား
ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။