
အာဆင်နယ်နာမည်ကျော်ကစားသမားဟောင်း ပေါလ်မာဆင်က
မန်စီးတီးနဲ့ကစားမယ့်ပွဲဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်
ချန်ပီယံဆုမျှော်လင့်ချက်အတွက် အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲ
ဖြစ်လာမယ်လို့ သုံးသပ်လိုက်ပါတယ်။
အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ
ဒီည (မြန်မာစံတော်ချိန် ကြာသပတေးမနက် ၂:၀၀)ကျရင် မန်စီးတီး
အသင်းကို အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပြီး မထင်မှတ်ဘဲ
ရှုံးနိမ့်မယ်ဆိုရင်တော့ မန်စီးတီးနဲ့ (၅၁)မှတ်ချင်းတူညီသွားမှာ
ဖြစ်သလို ဂိုးကွာခြားချက်အရ သူတို့ ကာလရှည်သိမ်းပိုက်ထားတဲ့
အဆင့်(၁)နေရာကို မန်စီးတီးအသင်းဆီ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
အခုပွဲက ဒီရာသီပရီးမီးယားလိဂ်မှာ ဒီနှစ်သင်း ပထမအကြိမ်ဆုံတွေ့တဲ့ပွဲ
ဖြစ်ပြီး,ပြီးခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲမှာတော့ အာဆင်နယ်အသင်းက
မန်စီးတီးကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ရှုံးခဲ့တာကြောင့် ပြိုင်ပွဲက
ထွက်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အခု ဖေဖော်ဝါရီလအတွင်းကစားခဲ့တဲ့
ပရီးမီးယားလိဂ်နောက်ဆုံး(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သလို
အဲဗာတန်ကို (၁-ဝ)ဂိုးနဲ့ရှုံး၊ ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းမှာ (၁-၁)ဂိုးစီ
သရေကျခဲ့တာကြောင့် အခု မန်စီးတီးနဲ့ပွဲမှာ အမှားလုပ်လို့
မရတော့ပါဘူး။
အဲဒါကြောင့် Sky Sports နဲ့ အင်တာဗျူးမှာ ပေါလ်မာဆင်က “ဒီညပွဲကတော့
တကယ့်ကို ပွဲကြီးပွဲကောင်းပါပဲ။ အခုပွဲက အာဆင်နယ်အတွက် ‘သေရင်
မြေကြီး၊ ရှင်ရင် ရွှေထီး’လို သဘောထားကစားရမှာပါ။ တကယ်လို့
မန်စီးတီးသာ အနိုင်ရသွားမယ်ဆိုရင် အာဆင်နယ်တို့ ချန်ပီယံဆုအတွက်
ပြန်လာနိုင်ဖို့ မလွယ်လောက်တော့ပါဘူး”ဆိုပြီး ပြောကြားခဲ့ပါတယ်။
[Zawgyi]
အာဆင္နယ္နာမည္ေက်ာ္ကစားသမားေဟာင္း ေပါလ္မာဆင္က
မန္စီးတီးနဲ႔ကစားမယ့္ပြဲဟာ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္
ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္အတြက္ အဓိကအဆုံးအျဖတ္ေပးမယ့္ပြဲ
ျဖစ္လာမယ္လို႔ သုံးသပ္လိုက္ပါတယ္။
အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အာဆင္နယ္အသင္းဟာ
ဒီည (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးမနက္ ၂:၀၀)က်ရင္ မန္စီးတီး
အသင္းကို အိမ္ကြင္းပြဲလက္ခံကစားရမွာျဖစ္ၿပီး မထင္မွတ္ဘဲ
ရႈံးနိမ့္မယ္ဆိုရင္ေတာ့ မန္စီးတီးနဲ႔ (၅၁)မွတ္ခ်င္းတူညီသြားမွာ
ျဖစ္သလို ဂိုးကြာျခားခ်က္အရ သူတို႔ ကာလရွည္သိမ္းပိုက္ထားတဲ့
အဆင့္(၁)ေနရာကို မန္စီးတီးအသင္းဆီ လႊဲေျပာင္းေပးရမွာျဖစ္ပါတယ္။
အခုပြဲက ဒီရာသီပရီးမီးယားလိဂ္မွာ ဒီႏွစ္သင္း ပထမအႀကိမ္ဆုံေတြ႕တဲ့ပြဲ
ျဖစ္ၿပီး,ၿပီးခဲ့တဲ့ FA ဖလား စတုတၳအဆင့္ပြဲမွာေတာ့ အာဆင္နယ္အသင္းက
မန္စီးတီးကို အေဝးကြင္းမွာ (၁-ဝ)ဂိုးနဲ႔ရႈံးခဲ့တာေၾကာင့္ ၿပိဳင္ပြဲက
ထြက္ခဲ့ရပါတယ္။
အာဆင္နယ္အသင္းဟာ အခု ေဖေဖာ္ဝါရီလအတြင္းကစားခဲ့တဲ့
ပရီးမီးယားလိဂ္ေနာက္ဆုံး(၂)ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့သလို
အဲဗာတန္ကို (၁-ဝ)ဂိုးနဲ႔ရႈံး၊ ဘရန႔္ဖို႔ဒ္နဲ႔ အိမ္ကြင္းမွာ (၁-၁)ဂိုးစီ
သေရက်ခဲ့တာေၾကာင့္ အခု မန္စီးတီးနဲ႔ပြဲမွာ အမွားလုပ္လို႔
မရေတာ့ပါဘူး။
အဲဒါေၾကာင့္ Sky Sports နဲ႔ အင္တာဗ်ဴးမွာ ေပါလ္မာဆင္က “ဒီညပြဲကေတာ့
တကယ့္ကို ပြဲႀကီးပြဲေကာင္းပါပဲ။ အခုပြဲက အာဆင္နယ္အတြက္ ‘ေသရင္
ေျမႀကီး၊ ရွင္ရင္ ေ႐ႊထီး’လို သေဘာထားကစားရမွာပါ။ တကယ္လို႔
မန္စီးတီးသာ အႏိုင္ရသြားမယ္ဆိုရင္ အာဆင္နယ္တို႔ ခ်န္ပီယံဆုအတြက္
ျပန္လာႏိုင္ဖို႔ မလြယ္ေလာက္ေတာ့ပါဘူး”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။