မန်စီးတီးကို ဂိုးသွင်းပြီးကာမှ လေ့ကျင့်ကွင်းမှာပါ ပြောင်းလဲသွားခဲ့တဲ့ နူနက်ဇ်ကို လီဗာပူးလ်ပရိသတ်တွေ ကျေနပ်နေကြ

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်လိုအပ်နေတဲ့တိုက်စစ်မှူးအဖြစ် အသွင်းပြောင်းနိုင်ခဲ့ပါပြီ။ နောက်ဆုံးထွက်ပေါ်လာတဲ့ လေ့ကျင့်ကွင်းဗွီဒီယိုဖိုင်အရ ဥရုဂွေးသားဟာ သူ့အပေါ်သံသယတွေကို

ချေဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဘင်ဖီကာကနေ ပေါင် ၈၅ သန်းနဲ့ အန်ဖီးလ်ရောက်လာတဲ့ နူနက်ဇ်ဟာ ကြိုးကြာနီတွေရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ပါတယ်။

လစ်ပ်ဇစ်နဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းနိုင်ပေမယ့် မန်ယူ၊ ပဲလေ့စ်၊ ဆဲလ်ဘတ်တို့နဲ့ပွဲတွေမှာတော့ ဂိုးပေါက်ပျောက်ခဲ့တာပါ။ လေ့ကျင့်ကွင်းက နူနက်ဇ်ရဲ့အလွဲတွေကြောင့်လည်း ဘာကြောင့်

သူ့ကိုခေါ်ဖို့ဆုံးဖြတ်ခဲ့တာလဲလို့ နည်းပြဂျာဂင်ကလော့ပ်တောင် မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မန်စီးတီးကိုအနိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဂိုးသွင်းပြီးတဲ့နောက် နူနက်ဇ်ဟာ တခြားလူတစ်ယောက်လို

ပြောင်းလဲသွားခဲ့ပြီလို့တောင် ထင်ချင်စရာဖြစ်နေပါပြီ။ နောက်ဆုံးထွက်ပေါ်လာတဲ့ လေ့ကျင့်ရေးဗွီဒီယိုဖိုင်မှာ ဘောလုံးကို ဘယ်ခြေညာခြေ မြန်မြန်ပြောင်းပြီး ညာခြေအနိမ့်ကန်ချက်ပြင်းပြင်းနဲ့

ဂိုးသွင်းခဲ့တာ၊ အသင်းဖော်ကို တစ်ချက်ထိအမြန်ပေးပြီး ဂိုးရှေ့နေရာယူ ဖြတ်တင်လာတဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူပုံတွေက လီဗာပူးလ်ပရိသတ်တွေကို အသည်းခိုက်နေစေခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဥရုဂွေးသားဟာ ခေါင်းတိုက်ဂိုးချည်းပဲ အနိမ့်ဆုံး ၁၀ ဂိုးသွင်းနိုင်တယ်၊ တောရက်စ်နဲ့ မယုံနိုင်လောက်အောင်တူတယ်၊ အန်ဖီးလ်သူရဲကောင်းဖြစ်လာမယ့်သူ စတဲ့မှတ်ချက်တွေလည်း ပလူပျံနေပါတော့တယ်။

(zawgyi)

ဒါဝင္ႏူနက္ဇ္ဟာ လီဗာပူးလ္လိုအပ္ေနတဲ့တိုက္စစ္မႉးအျဖစ္ အသြင္းေျပာင္းႏိုင္ခဲ့ပါၿပီ။ ေနာက္ဆုံးထြက္ေပၚလာတဲ့ ေလ့က်င့္ကြင္းဗြီဒီယိုဖိုင္အရ ဥ႐ုေဂြးသားဟာ သူ႔အေပၚသံသယေတြကို

ေခ်ဖ်က္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။ ဘင္ဖီကာကေန ေပါင္ ၈၅ သန္းနဲ႔ အန္ဖီးလ္ေရာက္လာတဲ့ ႏူနက္ဇ္ဟာ ႀကိဳးၾကာနီေတြရဲ႕ရာသီႀကိဳေျခစမ္းပြဲေတြမွာ

ပါဝင္ကစားခဲ့ပါတယ္။ လစ္ပ္ဇစ္နဲ႔ပြဲမွာ တစ္ဦးတည္း ၄ ဂိုးသြင္းႏိုင္ေပမယ့္ မန္ယူ၊ ပဲေလ့စ္၊ ဆဲလ္ဘတ္တို႔နဲ႔ပြဲေတြမွာေတာ့ ဂိုးေပါက္ေပ်ာက္ခဲ့တာပါ။ ေလ့က်င့္ကြင္းက ႏူနက္ဇ္ရဲ႕အလြဲေတြေၾကာင့္လည္း

ဘာေၾကာင့္ သူ႔ကိုေခၚဖို႔ဆုံးျဖတ္ခဲ့တာလဲလို႔ နည္းျပဂ်ာဂင္ကေလာ့ပ္ေတာင္ ေမးခြန္းထုတ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ မန္စီးတီးကိုအႏိုင္ရတဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာ ဂိုးသြင္းၿပီးတဲ့ေနာက္ ႏူနက္ဇ္ဟာ

တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားခဲ့ၿပီလို႔ေတာင္ ထင္ခ်င္စရာျဖစ္ေနပါၿပီ။ ေနာက္ဆုံးထြက္ေပၚလာတဲ့ ေလ့က်င့္ေရးဗြီဒီယိုဖိုင္မွာ ေဘာလုံးကို ဘယ္ေျခညာေျခ ျမန္ျမန္ေျပာင္းၿပီး

ညာေျခအနိမ့္ကန္ခ်က္ျပင္းျပင္းနဲ႔ ဂိုးသြင္းခဲ့တာ၊ အသင္းေဖာ္ကို တစ္ခ်က္ထိအျမန္ေပးၿပီး ဂိုးေရွ႕ေနရာယူ ျဖတ္တင္လာတဲ့ေဘာလုံးကို ေခါင္းတိုက္သြင္းယူပုံေတြက လီဗာပူးလ္ပရိသတ္ေတြကို

အသည္းခိုက္ေနေစခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ဥ႐ုေဂြးသားဟာ ေခါင္းတိုက္ဂိုးခ်ည္းပဲ အနိမ့္ဆုံး ၁၀ ဂိုးသြင္းႏိုင္တယ္၊ ေတာရက္စ္နဲ႔ မယုံႏိုင္ေလာက္ေအာင္တူတယ္၊ အန္ဖီးလ္သူရဲေကာင္းျဖစ္လာမယ့္သူ စတဲ့မွတ္ခ်က္ေတြလည္း ပလူပ်ံေနပါေတာ့တယ္။