မန်ချက်စတာနှစ်သင်းပစ်မှတ်ထားနေတဲ့ အေဘရာဟမ်ကို ရိုးမား ပေါင်သန်း(၁၀၀)တန်ကြေးသတ်မှတ်

ရိုးမားအသင်းဟာ အသင်းအတွက်ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့

အသက်(၂၄)နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးအေဘရာဟမ်ကို ပေါင်သန်း(၁၀၀)

တန်ကြေးသတ်မှတ်လိုက်တယ်လို့ မီဒီယာတွေကဖော်ပြနေကြပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းအေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ

ရိုးမားအသင်းဆီပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက်ပြိုင်ပွဲစုံ

ပွဲပေါင်း(၄၀)ကစား၊ (၂၃)ဂိုးအထိသွင်းယူထားပါတယ်။

ရိုးမားအသင်းနဲ့အတူခြေစွမ်းပြဂိုးတွေသွင်းနေတာကြောင့် အေဘရာဟမ်ကို

မန်စီးတီးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့စိတ်ဝင်စား

နေကြတဲ့အတွက် ရိုးမားအသင်းက သူတို့တိုက်စစ်မှူးကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးအဖြစ်

ပေါင်သန်း(၁၀၀)အထိတန်ကြေးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက အေဘရာဟမ်ကို ပေါင်(၃၄)သန်းနဲ့ရောင်းချခဲ့ပြီး

စာချုပ်ထဲမှာ အေဘရာဟမ်ကို ပြန်ခေါ်ချင်ရင် ပေါင်(၆၃)သန်းနဲ့ ပြန်ခေါ်ခွင့်ရှိတဲ့

Buyback Clause သဘောတူညီချက်ထည့်သွင်းထားပေမယ့်

အဲဒီသဘောတူညီမှုက ၂၀၂၃ ခုနှစ်မှ အကျုံးဝင်မှာပါ။ ရိုးမားအသင်းနဲ့

အေဘရာဟမ်တို့ရဲ့စာချုပ်က ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့်

အေဘရာဟမ်ရဲ့ခြေစွမ်းကြောင့် မကြာခင်ကာလအတွင်း ထိပ်သီးအသင်း

တစ်သင်းဆီ လက်လွှတ်လိုက်ရမှာကို ရိုးမားအသင်းစိုးရိမ်နေပေမယ့်

ပြီးခဲ့တဲ့ရာသီက ပေါင်(၁၅၄)သန်းအရှုံးပေါ်ခဲ့တဲ့အတွက် အသင်းကြီးတစ်သင်းက

အေဘရာဟမ်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးပြီးတော့ ကမ်းလှမ်းလာရင်

ရိုးမားတို့ ငြင်းဆန်ဖို့ခက်နေပါတယ်။ မန်ချက်စတာမြို့ခံနှစ်သင်းစလုံးဟာ

တိုက်စစ်ပိုင်းအားဖြည့်ဖို့ဆန္ဒရှိနေသလို လာမယ့်နွေရာသီကျရင်

တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ပြင်ဆင်နေတာကြောင့် အေဘရာဟမ်ကို

ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

zawgyi

မန္ခ်က္စတာႏွစ္သင္းပစ္မွတ္ထားေနတဲ့ ေအဘရာဟမ္ကို ႐ိုးမား ေပါင္သန္း(၁၀၀)တန္ေၾကးသတ္မွတ္

႐ိုးမားအသင္းဟာ အသင္းအတြက္ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့

အသက္(၂၄)ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးေအဘရာဟမ္ကို ေပါင္သန္း(၁၀၀)

တန္ေၾကးသတ္မွတ္လိုက္တယ္လို႔ မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

ခ်ယ္လ္ဆီးတိုက္စစ္မႉးေဟာင္းေအဘရာဟမ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ

႐ိုးမားအသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ၿပိဳင္ပြဲစုံ

ပြဲေပါင္း(၄၀)ကစား၊ (၂၃)ဂိုးအထိသြင္းယူထားပါတယ္။

႐ိုးမားအသင္းနဲ႔အတူေျခစြမ္းျပဂိုးေတြသြင္းေနတာေၾကာင့္ ေအဘရာဟမ္ကို

မန္စီးတီးနဲ႔မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔က ေခၚယူဖို႔စိတ္ဝင္စား

ေနၾကတဲ့အတြက္ ႐ိုးမားအသင္းက သူတို႔တိုက္စစ္မႉးကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးအျဖစ္

ေပါင္သန္း(၁၀၀)အထိတန္ေၾကးသတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းက ေအဘရာဟမ္ကို ေပါင္(၃၄)သန္းနဲ႔ေရာင္းခ်ခဲ့ၿပီး

စာခ်ဳပ္ထဲမွာ ေအဘရာဟမ္ကို ျပန္ေခၚခ်င္ရင္ ေပါင္(၆၃)သန္းနဲ႔ ျပန္ေခၚခြင့္ရွိတဲ့

Buyback Clause သေဘာတူညီခ်က္ထည့္သြင္းထားေပမယ့္

အဲဒီသေဘာတူညီမႈက ၂၀၂၃ ခုႏွစ္မွ အက်ဳံးဝင္မွာပါ။ ႐ိုးမားအသင္းနဲ႔

ေအဘရာဟမ္တို႔ရဲ႕စာခ်ဳပ္က ၂၀၂၆ ခုႏွစ္အထိ သက္တမ္းရွိေနေပမယ့္

ေအဘရာဟမ္ရဲ႕ေျခစြမ္းေၾကာင့္ မၾကာခင္ကာလအတြင္း ထိပ္သီးအသင္း

တစ္သင္းဆီ လက္လႊတ္လိုက္ရမွာကို ႐ိုးမားအသင္းစိုးရိမ္ေနေပမယ့္

ၿပီးခဲ့တဲ့ရာသီက ေပါင္(၁၅၄)သန္းအရႈံးေပၚခဲ့တဲ့အတြက္ အသင္းႀကီးတစ္သင္းက

ေအဘရာဟမ္ကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေပးၿပီးေတာ့ ကမ္းလွမ္းလာရင္

႐ိုးမားတို႔ ျငင္းဆန္ဖို႔ခက္ေနပါတယ္။ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းစလုံးဟာ

တိုက္စစ္ပိုင္းအားျဖည့္ဖို႔ဆႏၵရွိေနသလို လာမယ့္ေႏြရာသီက်ရင္

တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ျပင္ဆင္ေနတာေၾကာင့္ ေအဘရာဟမ္ကို

ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*