မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက သူတို့အသင်းဟာ ဒီရာသီ

ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့
မန်ချက်စတာဒါဘီပွဲအပြီးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

(၁၈၉)ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးအသင်းဟာ
ဒုတိယပိုင်းမိနစ်(၆၀)မှာ ဂရီးလစ်ရှ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့
ယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့
ရပ်ရှ်ဖို့ဒ်တို့က (၄)မိနစ်အတွင်းမှာပဲ ချေပဂိုး၊ အနိုင်ဂိုးတွေ
သွင်းယူခဲ့တာကြောင့် မန်စီးတီးတို့ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ

ပရီးမီးယားလိဂ်မှာ (၃)ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာ ဆောက်သမ်တန်ကို

(၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ
(၄)ရက်အကြာမှာပဲ နောက်ထပ် ရှုံးပွဲတစ်ပွဲ ထပ်မံပိုင်ဆိုင်ခဲ့ရသလို
စပါးနဲ့ပွဲမှာ အာဆင်နယ်သာ အနိုင်ရခဲ့မယ်ဆိုရင် ဒီနှစ်သင်းကြားမှာ
(၈)မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာဒါဘီပွဲအပြီးမှာ ဂွါဒီယိုလာက ဒီရာသီ
ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံပြောဆိုခဲ့တာပါ။
BT Sport နဲ့ အင်တာဗျူးမှာ ဂွါဒီယိုလာက “ပရီးမီးယားလိဂ်နဲ့

လိဂ်ဖလားပြိုင်ပွဲတွေကို ကျွန်တော် ဂရုမစိုက်တော့ပါဘူး။

အဲဒီပြိုင်ပွဲတွေမှာ ကျွန်တော်တို့အသင်း ဗိုလ်မစွဲနိုင်တော့လို့ပါပဲ။

ဒါပေမဲ့ ဒီဖလားတွေကို ခဏခဏရနေတော့ ဒီရာသီမှာ ဗိုလ်မစွဲရင်လည်း
သိပ်ပြဿနာ မရှိပါဘူး”လို့ ထေ့လုံးလေးနဲ့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက သူတို႔အသင္းဟာ ဒီရာသီ
ပရီးမီးယားလိဂ္ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔
မန္ခ်က္စတာဒါဘီပြဲအၿပီးမွာ ဝန္ခံေျပာဆိုခဲ့ပါတယ္။

(၁၈၉)ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးအသင္းဟာ
ဒုတိယပိုင္းမိနစ္(၆၀)မွာ ဂရီးလစ္ရွ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔
ယူႏိုက္တက္အသင္းကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔
ရပ္ရွ္ဖို႔ဒ္တို႔က (၄)မိနစ္အတြင္းမွာပဲ ေခ်ပဂိုး၊ အႏိုင္ဂိုးေတြ

သြင္းယူခဲ့တာေၾကာင့္ မန္စီးတီးတို႔ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ဒီရာသီ
ပရီးမီးယားလိဂ္မွာ (၃)ပြဲေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က လိဂ္ဖလားကြာတားဖိုင္နယ္ပြဲမွာ ေဆာက္သမ္တန္ကို
(၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့ မန္စီးတီးအသင္းဟာ
(၄)ရက္အၾကာမွာပဲ ေနာက္ထပ္ ရႈံးပြဲတစ္ပြဲ ထပ္မံပိုင္ဆိုင္ခဲ့ရသလို
စပါးနဲ႔ပြဲမွာ အာဆင္နယ္သာ အႏိုင္ရခဲ့မယ္ဆိုရင္ ဒီႏွစ္သင္းၾကားမွာ
(၈)မွတ္အထိ ကြာဟသြားမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္ခ်က္စတာဒါဘီပြဲအၿပီးမွာ ဂြါဒီယိုလာက ဒီရာသီ
ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဝန္ခံေျပာဆိုခဲ့တာပါ။

BT Sport နဲ႔ အင္တာဗ်ဴးမွာ ဂြါဒီယိုလာက “ပရီးမီးယားလိဂ္နဲ႔
လိဂ္ဖလားၿပိဳင္ပြဲေတြကို ကြၽန္ေတာ္ ဂ႐ုမစိုက္ေတာ့ပါဘူး။

အဲဒီၿပိဳင္ပြဲေတြမွာ ကြၽန္ေတာ္တို႔အသင္း ဗိုလ္မစြဲႏိုင္ေတာ့လို႔ပါပဲ။
ဒါေပမဲ့ ဒီဖလားေတြကို ခဏခဏရေနေတာ့ ဒီရာသီမွာ ဗိုလ္မစြဲရင္လည္း
သိပ္ျပႆနာ မရွိပါဘူး”လို႔ ေထ့လုံးေလးနဲ႔ ေျပာၾကားခဲ့ပါတယ္။