မန်ချက်စတာဒါဘီပွဲမှာ အနိုင်ရချင်ရင် ဘယ်လိုကစားသင့်သလဲဆိုတာ အဲရစ်တန်ဟက် ထုတ်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က လာမယ့် မန်ချက်စတာ

ဒါဘီပွဲမှာ အသင်းလိုက်စည်းလုံးမှု၊ တောင့်တင်းတဲ့ခြေစွမ်း၊ နိုင်လိုစိတ်
ပြင်းထန်မှုတွေရှိမှ နိုင်ပွဲရယူနိုင်မှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီည မြန်မာစံတော်ချိန် ၇:၀၀ ကျရင် မန်စီးတီး
အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် လက်ခံကစားရမှာ
ဖြစ်ပြီး ပထမအကျော့တုန်းက (၆-၃)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံး
အနေအထားဖြစ်နေပြီး ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဇန်နဝါရီနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၈)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။

နာမည်ကျော် အားကစားရေဒီယို talkSPORT နဲ့ အင်တာဗျူးမှာ
အဲရစ်တန်ဟက်က “အခုအချိန်မှာ ကျွန်တော်တို့အသင်းက ဘယ်လို
ပြိုင်ဘက်မျိုးနဲ့မဆို ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့ ယူဆပါတယ်။ ဒါပေမဲ့

မန်စီးတီးအသင်းဟာ အကောင်းဆုံးပုံစံရနေပြီဆိုရင် ရင်ဆိုင်ရခက်တဲ့
အသင်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ခြေကုန်ထုတ်ကစားနိုင်မှ ကိုယ့်အတွက်
အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။

ပထမအကျော့တုန်းကလို ပုံစံနဲ့သာဆိုရင်တော့ ဘယ်လိုမှ အခွင့်အရေးရနိုင်မှာ
မဟုတ်ပါဘူး။ တောင့်တင်းတဲ့အသင်း၊ စည်းလုံးညီညွတ်မှုအပြည့်၊ နိုင်လိုစိတ်
ပြင်းထန်မှုနဲ့ ကစားနိုင်မှ ရလဒ်ကောင်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က လာမယ့္ မန္ခ်က္စတာ
ဒါဘီပြဲမွာ အသင္းလိုက္စည္းလုံးမႈ၊ ေတာင့္တင္းတဲ့ေျခစြမ္း၊ ႏိုင္လိုစိတ္

ျပင္းထန္မႈေတြရွိမွ ႏိုင္ပြဲရယူႏိုင္မွာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီည ျမန္မာစံေတာ္ခ်ိန္ ၇:၀၀ က်ရင္ မန္စီးတီး

အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ပြဲအျဖစ္ လက္ခံကစားရမွာ
ျဖစ္ၿပီး ပထမအေက်ာ့တုန္းက (၆-၃)ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ေျခစြမ္းနဲ႔ စိတ္ဓာတ္ပိုင္းက အေကာင္းဆုံး
အေနအထားျဖစ္ေနၿပီး ၂၀၁၈ ဒီဇင္ဘာကေန ၂၀၁၉ ဇန္နဝါရီေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲစုံ(၈)ပြဲဆက္တိုက္ အႏိုင္ရခဲ့ပါတယ္။

နာမည္ေက်ာ္ အားကစားေရဒီယို talkSPORT နဲ႔ အင္တာဗ်ဴးမွာ
အဲရစ္တန္ဟက္က “အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔အသင္းက ဘယ္လို
ၿပိဳင္ဘက္မ်ိဳးနဲ႔မဆို ရင္ဆိုင္ဖို႔ အသင့္ရွိေနၿပီလို႔ ယူဆပါတယ္။ ဒါေပမဲ့
မန္စီးတီးအသင္းဟာ အေကာင္းဆုံးပုံစံရေနၿပီဆိုရင္ ရင္ဆိုင္ရခက္တဲ့

အသင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ ေျခကုန္ထုတ္ကစားႏိုင္မွ ကိုယ့္အတြက္
အခြင့္အေရးရွိလာမွာျဖစ္ပါတယ္။

ပထမအေက်ာ့တုန္းကလို ပုံစံနဲ႔သာဆိုရင္ေတာ့ ဘယ္လိုမွ အခြင့္အေရးရႏိုင္မွာ
မဟုတ္ပါဘူး။ ေတာင့္တင္းတဲ့အသင္း၊ စည္းလုံးညီၫြတ္မႈအျပည့္၊ ႏိုင္လိုစိတ္
ျပင္းထန္မႈနဲ႔ ကစားႏိုင္မွ ရလဒ္ေကာင္း ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။