မန်ချက်စတာဒါဘီပွဲမှာ ရလဒ်အပြောင်းအလဲဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ဂါနာချို စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့်

ဂါနာချိုဟာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး
သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဂါနာချိုဟာ မန်စီးတီးနဲ့ပွဲမှာ ပွဲချိန်(၇၂)မိနစ်မှ အဲရစ်ဆင်အစား လူစားဝင်
ကစားခဲ့ရပေမယ့် ဘယ်ခြမ်းတိုက်စစ်မှာ မန်စီးတီးဝါရင့်နောက်ခံလူ
ဝေါလ်ကာကို အလုပ်ရှုပ်အောင် စွမ်းပြဆောင်နိုင်ပြီး ကွင်းထဲခြေချပြီးလို့
(၁၀)မိနစ်အကြာမှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ အနိုင်ဂိုးအတွက် လှလှပပဖန်တီးနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် အသက်(၁၈)နှစ်၊ (၁၉၇)ရက်သာရှိသေးတဲ့ ဂါနာချိုဟာ
ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ဆုံတွေ့ခဲ့တဲ့ မန်ချက်စတာဒါဘီသမိုင်း
တစ်လျှောက် အသက်အငယ်ဆုံးဂိုးဖန်တီးပေးသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုပွဲမှာ (၂၅)မိနစ်အတွင်း ဂါနာချိုရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင်
ဘောလုံးထိချက်(၁၄)ကြိမ်၊ လေထဲမှာ ပြိုင်ဘက်နဲ့ခေါင်းယှဉ်တိုက်မှုမှာ

အသာရတာက (၁)ကြိမ်၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု (၁)ကြိမ်၊ ဂိုးဖန်တီးနိုင်မှု
(၁)ကြိမ်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဂါနာချိုဟာ မန်စီးတီးအသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်း
ဘောလုံးထိချက်(၅)ကြိမ်အထိရှိခဲ့ပြီး ဒါက ကျန်တဲ့ ယူနိုက်တက်
ကစားသမားတွေထက် ပိုများတဲ့အရေအတွက်ဖြစ်ပါတယ်။ ဒီရာသီမှာ
အဲရစ်တန်ဟက်ရဲ့ နေရာပေးမှုနဲ့အတူ အသက်အရွယ်နဲ့မလိုက်အောင်
ခြေစွမ်းပြနေတဲ့ ဂါနာချိုဟာ အသင်းအတွက် (၁၅)ပွဲကစား၊ (၂)ဂိုးသွင်း၊

ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္

ဂါနာခ်ိဳဟာ မန္စီးတီးနဲ႔ မန္ခ်က္စတာဒါဘီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး
သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခု ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဂါနာခ်ိဳဟာ မန္စီးတီးနဲ႔ပြဲမွာ ပြဲခ်ိန္(၇၂)မိနစ္မွ အဲရစ္ဆင္အစား လူစားဝင္
ကစားခဲ့ရေပမယ့္ ဘယ္ျခမ္းတိုက္စစ္မွာ မန္စီးတီးဝါရင့္ေနာက္ခံလူ
ေဝါလ္ကာကို အလုပ္ရႈပ္ေအာင္ စြမ္းျပေဆာင္ႏိုင္ၿပီး ကြင္းထဲေျခခ်ၿပီးလို႔
(၁၀)မိနစ္အၾကာမွာပဲ ရပ္ရွ္ဖို႔ဒ္ရဲ႕ အႏိုင္ဂိုးအတြက္ လွလွပပဖန္တီးႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ အသက္(၁၈)ႏွစ္၊ (၁၉၇)ရက္သာရွိေသးတဲ့ ဂါနာခ်ိဳဟာ
ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ဆုံေတြ႕ခဲ့တဲ့ မန္ခ်က္စတာဒါဘီသမိုင္း
တစ္ေလွ်ာက္ အသက္အငယ္ဆုံးဂိုးဖန္တီးေပးသူအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

အခုပြဲမွာ (၂၅)မိနစ္အတြင္း ဂါနာခ်ိဳရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္
ေဘာလုံးထိခ်က္(၁၄)ႀကိမ္၊ ေလထဲမွာ ၿပိဳင္ဘက္နဲ႔ေခါင္းယွဥ္တိုက္မႈမွာ

အသာရတာက (၁)ႀကိမ္၊ အေရးပါတဲ့ ေဘာလုံးေပးပို႔မႈ (၁)ႀကိမ္၊ ဂိုးဖန္တီးႏိုင္မႈ
(၁)ႀကိမ္ရွိခဲ့ပါတယ္။

ဒါ့အျပင္ ဂါနာခ်ိဳဟာ မန္စီးတီးအသင္းရဲ႕ ပယ္နယ္တီဧရိယာအတြင္း
ေဘာလုံးထိခ်က္(၅)ႀကိမ္အထိရွိခဲ့ၿပီး ဒါက က်န္တဲ့ ယူႏိုက္တက္
ကစားသမားေတြထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ပါတယ္။ ဒီရာသီမွာ
အဲရစ္တန္ဟက္ရဲ႕ ေနရာေပးမႈနဲ႔အတူ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္
ေျခစြမ္းျပေနတဲ့ ဂါနာခ်ိဳဟာ အသင္းအတြက္ (၁၅)ပြဲကစား၊ (၂)ဂိုးသြင္း၊

ဂိုးဖန္တီးမႈ (၅)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။