မန်ချက်စတာကိုသွားတာထက် လန်ဒန်မှာပဲ ချစ်သူနဲ့လာနှပ်ချင်နေတဲ့ ဒီဂျောင်

မန်ချက်စတာယူနိုက်တက်နဲ့ ဒီဂျောင်တို့ရဲ့ ရှင်းမရသေးတဲ့အပြောင်းအရွှေ့ပုံပြင်နဲ့ပတ်သက်ပြီး စပိန်သတင်းစာ Sport က အတွင်းသတင်းအချို့ပေးလာခဲ့ပါတယ်။

အဲဒါကတော့ နယ်သာလန်ကွင်းလယ်လူဟာ ယူနိုက်တက်ကို လုံးဝမသွားချင်ပါဘူးတဲ့။ ဘာစီလိုနာဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အတွက် မန်ယူနဲ့ ပေါင် ၇၁.၅ သန်းတန်

သဘောတူညီမှုရထားပါတယ်။ လစာမြင့်မားတဲ့ကစားသမားတစ်ယောက်ကို ရှင်းထုတ်ပြီး ကစားသမားသစ်တွေမှတ်ပုံတင်နိုင်ရေးနဲ့ တစ်ခြားဘဏ္ဍာရေးအခက်အခဲတွေ

ဖြေရှင်းချင်တာက သူတို့ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ ဒီဂျောင်ကို ရွှေ့ဆိုင်းလစာနဲ့ အပိုဆုကြေး ပေါင် ၁၇ သန်းလောက် ပေးဖို့ရှိနေတာကြောင့် စွတ်ဖိအားပေးလို့လည်း မရပြန်ပါဘူး။

ဒီကြားထဲ ကာယကံရှင်ကလည်း သူ့ရဲ့အိပ်မက်နူးကမ့်မှာသာ ဆက်နေချင်နေတော့ အတော်လေးဂွကျနေပါတယ်။ Sport ကတော့ ဘာကာကွင်းလယ်လူဟာ မန်ယူရဲ့ဖရိုဖရဲနိုင်လှတဲ့အစီအမံတွေကို

လုံးဝအယုံကြည်ကင်းမဲ့နေသလို ချန်ပီယံလိဂ်မကစားရတာကြောင့် လာဖို့စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အတင်းဖိအားပေးလို့ ဘာစီလိုနာကထွက်ရရင်လည်း ချဲလ်ဆီးနဲ့ဘိုင်ယန်မြူးနစ်ကို

စဉ်းစားနေတယ်လို့ ရေးသားထားပါတယ်။ တူချယ်ရဲ့အသင်းကိုစိတ်ဝင်စားနေတာကတော့ လန်ဒန်မြို့ကြောင့်ပါပဲ။ စေ့စပ်ထားတဲ့ ချစ်သူမစ်ကီနဲ့ သူ့အတွက် အဆင်အပြေဆုံးနေရာဖြစ်လိမ့်မယ်လို့ သူက ယူဆထားပါသတဲ့။

ဘိုင်ယန်ကိုပြောင်းချင်တာကတော့ အချစ်ဆုံးသူငယ်ချင်း မက်သီဂျစ်ဒီလစ်ဂ်ကြောင့်ပါပဲ။ ဒီဂျောင်ရဲ့အေဂျက်ဇ်အသင်းဖော်ဟောင်းဟာ ဂျူဗင်တပ်ကနေ ပေါင် ၆၅.၆ သန်းနဲ့ ဘိုင်ယန်ကို မကြာခင်ကပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဒီေဂ်ာင္တို႔ရဲ႕ ရွင္းမရေသးတဲ့အေျပာင္းအေ႐ႊ႕ပုံျပင္နဲ႔ပတ္သက္ၿပီး စပိန္သတင္းစာ Sport က အတြင္းသတင္းအခ်ိဳ႕ေပးလာခဲ့ပါတယ္။ အဲဒါကေတာ့ နယ္သာလန္ကြင္းလယ္လူဟာ

ယူႏိုက္တက္ကို လုံးဝမသြားခ်င္ပါဘူးတဲ့။ ဘာစီလိုနာဟာ ဒီေဂ်ာင္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ မန္ယူနဲ႔ ေပါင္ ၇၁.၅ သန္းတန္ သေဘာတူညီမႈရထားပါတယ္။ လစာျမင့္မားတဲ့ကစားသမားတစ္ေယာက္ကို

ရွင္းထုတ္ၿပီး ကစားသမားသစ္ေတြမွတ္ပုံတင္ႏိုင္ေရးနဲ႔ တစ္ျခားဘ႑ာေရးအခက္အခဲေတြ ေျဖရွင္းခ်င္တာက သူတို႔ရည္႐ြယ္ခ်က္ပါ။ ဒါေပမဲ့ ဒီေဂ်ာင္ကို ေ႐ႊ႕ဆိုင္းလစာနဲ႔ အပိုဆုေၾကး

ေပါင္ ၁၇ သန္းေလာက္ ေပးဖို႔ရွိေနတာေၾကာင့္ စြတ္ဖိအားေပးလို႔လည္း မရျပန္ပါဘူး။ ဒီၾကားထဲ ကာယကံရွင္ကလည္း သူ႔ရဲ႕အိပ္မက္ႏူးကမ့္မွာသာ ဆက္ေနခ်င္ေနေတာ့ အေတာ္ေလးဂြက်ေနပါတယ္။

Sport ကေတာ့ ဘာကာကြင္းလယ္လူဟာ မန္ယူရဲ႕ဖ႐ိုဖရဲႏိုင္လွတဲ့အစီအမံေတြကို လုံးဝအယုံၾကည္ကင္းမဲ့ေနသလို ခ်န္ပီယံလိဂ္မကစားရတာေၾကာင့္ လာဖို႔စိတ္မဝင္စားဘူးလို႔ ဆိုပါတယ္။

ဒါ့အျပင္ အတင္းဖိအားေပးလို႔ ဘာစီလိုနာကထြက္ရရင္လည္း ခ်ဲလ္ဆီးနဲ႔ဘိုင္ယန္ျမဴးနစ္ကို စဥ္းစားေနတယ္လို႔ ေရးသားထားပါတယ္။ တူခ်ယ္ရဲ႕အသင္းကိုစိတ္ဝင္စားေနတာကေတာ့

လန္ဒန္ၿမိဳ႕ေၾကာင့္ပါပဲ။ ေစ့စပ္ထားတဲ့ ခ်စ္သူမစ္ကီနဲ႔ သူ႔အတြက္ အဆင္အေျပဆုံးေနရာျဖစ္လိမ့္မယ္လို႔ သူက ယူဆထားပါသတဲ့။ ဘိုင္ယန္ကိုေျပာင္းခ်င္တာကေတာ့ အခ်စ္ဆုံးသူငယ္ခ်င္း

မက္သီဂ်စ္ဒီလစ္ဂ္ေၾကာင့္ပါပဲ။ ဒီေဂ်ာင္ရဲ႕ေအဂ်က္ဇ္အသင္းေဖာ္ေဟာင္းဟာ ဂ်ဴဗင္တပ္ကေန ေပါင္ ၆၅.၆ သန္းနဲ႔ ဘိုင္ယန္ကို မၾကာခင္ကပဲ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။