မထီမဲ့မြင်နဲ့ ပခုံးတွန့်ပြလို့ ရော်နယ်ဒိုကို တန်းဟတ် လူစားလဲပြီး ပညာပေးခဲ့တာလား ..

ဗယ်လီကာနိုနဲ့ပွဲဟာ မန်ယူရဲ့ရာသီကြို နောက်ဆုံးခြေစမ်းပွဲဖြစ်သလို ကိုယ့်ပရိသတ်တွေ ရှေ့မှောက်မှာကစားတဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်ပါ။ ရော်နယ်ဒိုပြန်ကစားတဲ့

ပထမဆုံးပွဲဖြစ်နေတာကြောင့်လည်း မန်ယူပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ တနည်းအားဖြင့် သရဲနီပရိသတ်တွေဟာ အသင်းကထွက်ချင်နေတဲ့

သူတို့တိုက်စစ်မှူးကို နှုတ်ဆက်သံတွေနဲ့ အားပေးစည်းရုံးခဲ့ကြပါတယ်။ ဒါပေမဲ့ လှောင်သံတစ်ချို့ကြားခဲ့ရသလို ကွင်းထဲကအနေအထားကလည်း သူတို့အတွက် ပျော်စရာမဖြစ်ခဲ့ပါဘူး။

အထူးသဖြင့် water break ပေးချိန်မှာ ရေသောက်နေတဲ့ မန်ယူကစားသမားတွေကို နည်းပြတန်းဟတ်က သူလိုချင်တဲ့ကစားပုံကို လက်ချာရိုက်စဉ်ပါ။ ရော်နယ်ဒိုက

နယ်သာလန်သားနည်းပြရဲ့ နည်းဗျူဟာအစီအစဉ်ကို ပခုံးတွန့်ပြီး တုံ့ပြန်ခဲ့တာထင်ထင်ရှားရှားရှိခဲ့ပါတယ်။ ပြီးတော့ စိတ်ပျက်တဲ့ပုံစံနဲ့ မျက်နှာကိုထိတွေ့နေတဲ့

ပေါ်တူဂီသားရဲ့အမူအရာဟာ အပေါင်းလက္ခဏာမဆောင်တာ သေချာပါတယ်။ ဒါကြောင့်များ ပထမပိုင်းပြီးတာနဲ့ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကို

တန်းဟတ် လူစားလဲခဲ့တာလားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ပထမဆုံးအကြိမ်လက်တွဲရတဲ့ပွဲမှာပဲ တန်းဟတ်နဲ့ရော်နယ်ဒို ခွာပြဲပြီလားဆိုတဲ့

အသံတွေလည်းထွက်လာပါတယ်။ ဒါဟာ ပွဲမပြီးခင် အိုးလ်ထရက်ဖို့ဒ်ကနေ ရော်နယ်ဒိုထွက်ခွာသွားတဲ့ပုံတွေ ဆိုရှယ်မီဒီယာပေါ်တက်လာချိန်မှာတော့ ပိုဆိုးသွားခဲ့တာပါ။

(zawgyi)

ဗယ္လီကာႏိုနဲ႔ပြဲဟာ မန္ယူရဲ႕ရာသီႀကိဳ ေနာက္ဆုံးေျခစမ္းပြဲျဖစ္သလို ကိုယ့္ပရိသတ္ေတြ ေရွ႕ေမွာက္မွာကစားတဲ့ ပထမဆုံးအိမ္ကြင္းပြဲစဥ္ပါ။ ေရာ္နယ္ဒိုျပန္ကစားတဲ့

ပထမဆုံးပြဲျဖစ္ေနတာေၾကာင့္လည္း မန္ယူပရိသတ္ေတြ စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ၾကပါတယ္။ တနည္းအားျဖင့္ သရဲနီပရိသတ္ေတြဟာ အသင္းကထြက္ခ်င္ေနတဲ့

သူတို႔တိုက္စစ္မႉးကို ႏႈတ္ဆက္သံေတြနဲ႔ အားေပးစည္း႐ုံးခဲ့ၾကပါတယ္။ ဒါေပမဲ့ ေလွာင္သံတစ္ခ်ိဳ႕ၾကားခဲ့ရသလို ကြင္းထဲကအေနအထားကလည္း သူတို႔အတြက္

ေပ်ာ္စရာမျဖစ္ခဲ့ပါဘူး။ အထူးသျဖင့္ water break ေပးခ်ိန္မွာ ေရေသာက္ေနတဲ့ မန္ယူကစားသမားေတြကို နည္းျပတန္းဟတ္က သူလိုခ်င္တဲ့ကစားပုံကို လက္ခ်ာ႐ိုက္စဥ္ပါ။

ေရာ္နယ္ဒိုက နယ္သာလန္သားနည္းျပရဲ႕ နည္းဗ်ဴဟာအစီအစဥ္ကို ပခုံးတြန႔္ၿပီး တုံ႔ျပန္ခဲ့တာထင္ထင္ရွားရွားရွိခဲ့ပါတယ္။ ၿပီးေတာ့ စိတ္ပ်က္တဲ့ပုံစံနဲ႔ မ်က္ႏွာကိုထိေတြ႕ေနတဲ့

ေပၚတူဂီသားရဲ႕အမူအရာဟာ အေပါင္းလကၡဏာမေဆာင္တာ ေသခ်ာပါတယ္။ ဒါေၾကာင့္မ်ား ပထမပိုင္းၿပီးတာနဲ႔ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို

တန္းဟတ္ လူစားလဲခဲ့တာလားဆိုတာလည္း ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ ပထမဆုံးအႀကိမ္လက္တြဲရတဲ့ပြဲမွာပဲ တန္းဟတ္နဲ႔ေရာ္နယ္ဒို ခြာၿပဲၿပီလားဆိုတဲ့

အသံေတြလည္းထြက္လာပါတယ္။ ဒါဟာ ပြဲမၿပီးခင္ အိုးလ္ထရက္ဖို႔ဒ္ကေန ေရာ္နယ္ဒိုထြက္ခြာသြားတဲ့ပုံေတြ ဆိုရွယ္မီဒီယာေပၚတက္လာခ်ိန္မွာေတာ့ ပိုဆိုးသြားခဲ့တာပါ။