မင်း အဲဒီမှာ ရပ်နေလို့မရဘူးလို့ ဗန်ဒိုက်ကို လီဗာပူးလ်ဂန္ထဝင် ကာရေဂါ ဝေဖန်လိုက်

မန်ယူကို ၂-၁ ဂိုးနဲ့ လီဗာပူးလ်ရှုံးတဲ့ပွဲမှာ အဓိကတရားခံက ဗန်ဒိုက်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် နယ်သာလန်နောက်ခံလူဟာ ဆန်ချိုသွင်းယူသွားတဲ့ ပထမဂိုးမှာ ရပ်ကြည့်နေမိခဲ့တာကြောင့်ပါ။

ဆန်ချိုကို တားဆီးဖို့ မီလ်နာကြိုးစားနေပေမယ့် ဗန်ဒိုက်ကတော့ ဝင်မကူဘဲ ကြောင်ကြည့်နေခဲ့ပါတယ်။ ဒါကြောင့် ဂိုးပေးလိုက်ရတဲ့နောက် မီလ်နာကိုယ်တိုင် သူ့အသင်းဖော်ကို ပြင်းပြင်းထန်ထန်

ဆူပူကြိမ်းမောင်းနေတာလည်း တွေ့ခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာလည်း မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက “ သူ့ကိုကြည့်ရတာ ဒီရာသီမှာ ပုံပျက်နေတယ်။ ဆန်ချိုကန်ခွင့် မရအောင်

ပြေးဝင်ပြီးတားဆီးသင့်တာပေါ့ ” လို့ ဗန်ဒိုက်ကို ဝေဖန်သွားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ပွဲပြီးတဲ့နောက် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကလည်း “ သူ့ရဲ့တိုက်ပွဲဝင်စိတ်က အားနည်းနေပြီလို့

ကျွန်တော်ထင်တယ်။ မြက်ခင်းပေါ်လှဲချပြီး ကာကွယ်တာမျိုး သူ့မှာ မမြင်ရတော့ဘူး။ အခု ဆန်ချိုရဲ့ဂိုးမှာလည်း သူ တကယ်ရပ်နေခဲ့တယ်။ တကယ်ဆို ပြေးထွက်သွားပြီး ဆန်ချိုကို ဝင်ဖျက်လိုက်ရမှာပါ။

အဲဒီမှာ ရပ်နေလို့မရပါဘူး ” လို့ ဝေဖန်သွားခဲ့ပါတယ်။ Sky Sports အစီအစဉ်တင်ဆက်သူတွေက ဗန်ဒိုက်ရဲ့အမှားကို မီးမောင်းထိုးပြကြပေမယ့် အမြင်မတူသူတွေလည်း ရှိနေပါတယ်။ တစ်ချို့က ဆန်ချိုကို မထိန်းနိုင်ခဲ့တဲ့ မီလ်နာကို အပြစ်တင်ကြသလို အမှားတွေများခဲ့တဲ့ အာနိုးကို ဝေဖန်ကြသူတွေလည်းရှိနေတာပါ။

(zawgyi)

မန္ယူကို ၂-၁ ဂိုးနဲ႔ လီဗာပူးလ္ရႈံးတဲ့ပြဲမွာ အဓိကတရားခံက ဗန္ဒိုက္ဆိုတဲ့ ေဝဖန္မႈေတြရွိေနပါတယ္။ အထူးသျဖင့္ နယ္သာလန္ေနာက္ခံလူဟာ ဆန္ခ်ိဳသြင္းယူသြားတဲ့ ပထမဂိုးမွာ ရပ္ၾကည့္ေနမိခဲ့တာေၾကာင့္ပါ။

ဆန္ခ်ိဳကို တားဆီးဖို႔ မီလ္နာႀကိဳးစားေနေပမယ့္ ဗန္ဒိုက္ကေတာ့ ဝင္မကူဘဲ ေၾကာင္ၾကည့္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ဂိုးေပးလိုက္ရတဲ့ေနာက္ မီလ္နာကိုယ္တိုင္ သူ႔အသင္းေဖာ္ကို ျပင္းျပင္းထန္ထန္ ဆူပူႀကိမ္းေမာင္းေနတာလည္း

ေတြ႕ခဲ့ရပါတယ္။ ပထမပိုင္းအၿပီးမွာလည္း မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းက “ သူ႔ကိုၾကည့္ရတာ ဒီရာသီမွာ ပုံပ်က္ေနတယ္။ ဆန္ခ်ိဳကန္ခြင့္ မရေအာင္ ေျပးဝင္ၿပီးတားဆီးသင့္တာေပါ့ ” လို႔

ဗန္ဒိုက္ကို ေဝဖန္သြားခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး။ ပြဲၿပီးတဲ့ေနာက္ လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေရဂါကလည္း “ သူ႔ရဲ႕တိုက္ပြဲဝင္စိတ္က အားနည္းေနၿပီလို႔ ကြၽန္ေတာ္ထင္တယ္။ ျမက္ခင္းေပၚလွဲခ်ၿပီး

ကာကြယ္တာမ်ိဳး သူ႔မွာ မျမင္ရေတာ့ဘူး။ အခု ဆန္ခ်ိဳရဲ႕ဂိုးမွာလည္း သူ တကယ္ရပ္ေနခဲ့တယ္။ တကယ္ဆို ေျပးထြက္သြားၿပီး ဆန္ခ်ိဳကို ဝင္ဖ်က္လိုက္ရမွာပါ။ အဲဒီမွာ ရပ္ေနလို႔မရပါဘူး ” လို႔ ေဝဖန္သြားခဲ့ပါတယ္။ Sky Sports အစီအစဥ္တင္ဆက္သူေတြက

ဗန္ဒိုက္ရဲ႕အမွားကို မီးေမာင္းထိုးျပၾကေပမယ့္ အျမင္မတူသူေတြလည္း ရွိေနပါတယ္။ တစ္ခ်ိဳ႕က ဆန္ခ်ိဳကို မထိန္းႏိုင္ခဲ့တဲ့ မီလ္နာကို အျပစ္တင္ၾကသလို အမွားေတြမ်ားခဲ့တဲ့ အာႏိုးကို ေဝဖန္ၾကသူေတြလည္းရွိေနတာပါ။