မင်းအသက်အရွယ်မှာ မက်ဆီက ရွှေဘောလုံးဆု ၄ ကြိမ်ယူပြီးပြီလို့ အမ်ဘာပီကို ရွန်နေး ပြင်းပြင်းထန်ထန်ဝေဖန်

ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပီရဲ့ မကြာသေးခင်က အပြုအမူတွေနဲ့ပတ်သက်ပြီး အင်္ဂလန်နဲ့မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နေးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ပြင်သစ်သားဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်

ဖြစ်လာပေမယ့် မက်ဆီနဲ့ နေမာအပေါ် သူ့ရဲ့ဆက်ဆံပုံတွေကတော့ မေးခွန်းထုတ်စရာဖြစ်လာခဲ့တာပါ။ မောင့်ပယ်လီယာကိုအနိုင်ရတဲ့ ပြီးခဲ့တဲ့လီဂူး-၁ ပွဲစဉ်မှာ အမ်ဘာပီဟာ နေမာနဲ့ ပင်နယ်တီလုကန်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာရတဲ့ ပင်နယ်တီကို

အမ်ဘာပီလွဲထားတာကြောင့် ဘရာဇီးလ်သားကလည်း ပေးမကန်ဘဲ ကိုယ်တိုင်ကန်သွင်းပြီး ဂိုးယူခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပီဟာ သူ့ကိုဘောလုံးမပေးတဲ့မက်ဆီကိုလည်း မခန့်လေးစားနဲ့ ပခုံးချင်းတိုက်သွားခဲ့ပါသေးတယ်။

အာဂျင်တီးနားတိုက်စစ်မှူးလည်း အတော်လေးအံ့အားသင့်သွားပြီး မယုံနိုင်တဲ့အကြည့်တွေနဲ့ အမ်ဘာပီကိုကြည့်ခဲ့တဲ့ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းအဝတ်လဲခန်းထဲမှာ

အမ်ဘာပီနဲ့ ကြယ်ပွင့်ကစားသမားအချို့ကြား တင်းမာမှုတွေ မြင့်တက်နေပြီဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ ရွန်နေးကတော့ အမ်ဘာပီရဲ့အပြုအမူတွေကို လက်ခံသူတစ်ယောက် မဟုတ်ပါဘူး။

“ အသက် ၂၃ နှစ်အရွယ် ကစားသမားတစ်ယောက်က မက်ဆီကိုတွန်းဖို့ အားထုတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ဘဝမှာ ဒီလောက်အတ္တကြီးတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ မက်ဆီဟာ အသက် ၂၃ နှစ်အရွယ်မှာ ရွှေဘောလုံးဆုကို

၄ ကြိမ်တောင်ရထားပြီးပြီဆိုတာ အမ်ဘာပီကိုတစ်ယောက်ယောက်က သတိပေးသင့်ပါတယ် ” လို့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နည်းပြက Depar Sports ကို ပြောသွားခဲ့တာပါ။

(zawgyi)

ပီအက္စ္ဂ်ီတိုက္စစ္မႉးအမ္ဘာပီရဲ႕ မၾကာေသးခင္က အျပဳအမူေတြနဲ႔ပတ္သက္ၿပီး အဂၤလန္နဲ႔မန္ယူတိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္ေနးက ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ျပင္သစ္သားဟာ

ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးတစ္ေယာက္ ျဖစ္လာေပမယ့္ မက္ဆီနဲ႔ ေနမာအေပၚ သူ႔ရဲ႕ဆက္ဆံပုံေတြကေတာ့ ေမးခြန္းထုတ္စရာျဖစ္လာခဲ့တာပါ။ ေမာင့္ပယ္လီယာကိုအႏိုင္ရတဲ့ ၿပီးခဲ့တဲ့လီဂူး-၁ ပြဲစဥ္မွာ

အမ္ဘာပီဟာ ေနမာနဲ႔ ပင္နယ္တီလုကန္ခဲ့ပါတယ္။ ဒီမတိုင္ခင္မွာရတဲ့ ပင္နယ္တီကို အမ္ဘာပီလြဲထားတာေၾကာင့္ ဘရာဇီးလ္သားကလည္း ေပးမကန္ဘဲ ကိုယ္တိုင္ကန္သြင္းၿပီး ဂိုးယူခဲ့ပါတယ္။ ဒါ့အျပင္ အမ္ဘာပီဟာ

သူ႔ကိုေဘာလုံးမေပးတဲ့မက္ဆီကိုလည္း မခန႔္ေလးစားနဲ႔ ပခုံးခ်င္းတိုက္သြားခဲ့ပါေသးတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးလည္း အေတာ္ေလးအံ့အားသင့္သြားၿပီး မယုံႏိုင္တဲ့အၾကည့္ေတြနဲ႔ အမ္ဘာပီကိုၾကည့္ခဲ့တဲ့ဗြီဒီယိုဖိုင္ဟာ

ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ခဲ့တာပါ။ ပီအက္စ္ဂ်ီအသင္းအဝတ္လဲခန္းထဲမွာ အမ္ဘာပီနဲ႔ ၾကယ္ပြင့္ကစားသမားအခ်ိဳ႕ၾကား တင္းမာမႈေတြ ျမင့္တက္ေနၿပီဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။

႐ြန္ေနးကေတာ့ အမ္ဘာပီရဲ႕အျပဳအမူေတြကို လက္ခံသူတစ္ေယာက္ မဟုတ္ပါဘူး။ “ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားတစ္ေယာက္က မက္ဆီကိုတြန္းဖို႔ အားထုတ္ခဲ့တယ္။ ကြၽန္ေတာ့္ရဲ႕ဘဝမွာ ဒီေလာက္အတၱႀကီးတာမ်ိဳး တစ္ခါမွ မေတြ႕ဖူးပါဘူး။

မက္ဆီဟာ အသက္ ၂၃ ႏွစ္အ႐ြယ္မွာ ေ႐ႊေဘာလုံးဆုကို ၄ ႀကိမ္ေတာင္ရထားၿပီးၿပီဆိုတာ အမ္ဘာပီကိုတစ္ေယာက္ေယာက္က သတိေပးသင့္ပါတယ္ ” လို႔ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္နည္းျပက Depar Sports ကို ေျပာသြားခဲ့တာပါ။