မင်းက တကယ့်ကို အရူးပဲလို့ ပေါ့ဘာကို အမ်ဘာပီ မှတ်ချက်ပေး

ပြင်သစ်ကွင်းလယ်လူပေါ့ဘာကတော့ ဂျူဗင်တပ်နဲ့ဆေးစစ်ဖို့ တူရင်ကိုပြန်လာတဲ့ခရီးစဉ်အကြောင်း အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်သားဟာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ချိန်မှာ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တာပါ။ ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့က ချိတ်ခဲ့ကြပေမယ့် အသင်းဟောင်း ဂျူဗင်တပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မန်ယူကွင်းလယ်လူဟောင်းဟာ

တူရင်အခြေစိုက်ကလပ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တာကြောင့် ဆေးစစ်ဖို့သွားခဲ့တာလည်းဖြစ်ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ စိတ်လှုပ်ရှားနေတဲ့ဗွီဒီယိုကို

ပေါ့ဘာက အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ဒါပေမဲ့ စဉ်းစားနေတဲ့ပုံစံလုပ်ပြီးတဲ့နောက် ကျေကျေနပ်နပ်ကြီးပြုံးနေပုံက သူ့ရဲ့ရွေးချယ်မှုအပေါ် သဘောကျနေပုံပါပဲ။

တနည်းအားဖြင့် ပေါ့ဘာပြန်လာပြီ၊ အားလုံးသတိထားကြဆိုတဲ့ အထာမျိုးပါ။ ဒါ့အပြင် “ အချိန်တန်ပြီ၊ အချိန်တန်ပြီ၊ ဟုတ်ကဲ့ ဆရာ .. ” လို့ပြောခဲ့ပါသေးတယ်။

အဲဒီနောက် လက်နှစ်ဖက်ကိုပွတ်သပ်ပြီး ရယ်မောပြခဲ့ပါသေးတယ်။ သူ့ရဲ့ရွေးချယ်မှုအပေါ် သူ့ဘာသာကျေနပ်နေပေမယ့် အခုလိုဗွီဒီယိုမျိုးတင်လိုက်တဲ့အတွက် မှတ်ချက်တွေတော့ ပလူပျံသွားခဲ့ပါတယ်။

ပြင်သစ်အသင်းဖော် ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပီကတော့ “ မင်းက တကယ့်ကို အရူးပဲ ” လို့ ကောင်းချီးပေးခဲ့ပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ လောက်ရလိမ့်မယ်လို့ အီတလီမီဒီယာတွေက ဖေါ်ပြနေကြပါတယ်။

(zawgyi)

ျပင္သစ္ကြင္းလယ္လူေပါ့ဘာကေတာ့ ဂ်ဴဗင္တပ္နဲ႔ေဆးစစ္ဖို႔ တူရင္ကိုျပန္လာတဲ့ခရီးစဥ္အေၾကာင္း အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္သားဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ခ်ိန္မွာ

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာလာခဲ့တာပါ။ ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီတို႔က ခ်ိတ္ခဲ့ၾကေပမယ့္ အသင္းေဟာင္း ဂ်ဴဗင္တပ္ကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။ မန္ယူကြင္းလယ္လူေဟာင္းဟာ

တူရင္အေျခစိုက္ကလပ္နဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ေဆးစစ္ဖို႔သြားခဲ့တာလည္းျဖစ္ပါတယ္။ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေပၚမွာ စိတ္လႈပ္ရွားေနတဲ့ဗြီဒီယိုကို ေပါ့ဘာက အင္စတာဂရမ္မွာ တင္ခဲ့တာပါ။

ဒါေပမဲ့ စဥ္းစားေနတဲ့ပုံစံလုပ္ၿပီးတဲ့ေနာက္ ေက်ေက်နပ္နပ္ႀကီးၿပဳံးေနပုံက သူ႔ရဲ႕ေ႐ြးခ်ယ္မႈအေပၚ သေဘာက်ေနပုံပါပဲ။ တနည္းအားျဖင့္ ေပါ့ဘာျပန္လာၿပီ၊ အားလုံးသတိထားၾကဆိုတဲ့ အထာမ်ိဳးပါ။

ဒါ့အျပင္ “ အခ်ိန္တန္ၿပီ၊ အခ်ိန္တန္ၿပီ၊ ဟုတ္ကဲ့ ဆရာ .. ” လို႔ေျပာခဲ့ပါေသးတယ္။ အဲဒီေနာက္ လက္ႏွစ္ဖက္ကိုပြတ္သပ္ၿပီး ရယ္ေမာျပခဲ့ပါေသးတယ္။

သူ႔ရဲ႕ေ႐ြးခ်ယ္မႈအေပၚ သူ႔ဘာသာေက်နပ္ေနေပမယ့္ အခုလိုဗြီဒီယိုမ်ိဳးတင္လိုက္တဲ့အတြက္ မွတ္ခ်က္ေတြေတာ့ ပလူပ်ံသြားခဲ့ပါတယ္။ ျပင္သစ္အသင္းေဖာ္ ပီအက္စ္ဂ်ီတိုက္စစ္မႉးအမ္ဘာပီကေတာ့

“ မင္းက တကယ့္ကို အ႐ူးပဲ ” လို႔ ေကာင္းခ်ီးေပးခဲ့ပါတယ္။ ေပါ့ဘာဟာ ဂ်ဴဗင္တပ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၅၀၀၀၀ ေလာက္ရလိမ့္မယ္လို႔ အီတလီမီဒီယာေတြက ေဖၚျပေနၾကပါတယ္။