
ဘာစီလိုနာအသင်းဟာ ဂါလာတာစာရေးအသင်းကို တစ်ဂိုးအရေးနိမ့်နေရာမှ
ပြန်လည်အနိုင်ရခဲ့ပြီးနောက် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ကွာတားဖိုင်နယ်
အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
နူးကမ့်မှာ ကစားခဲ့တဲ့ ပထမအကျော့က ဂိုးမရှိ သရေရလာဒ်နဲ့ အဆုံးသတ်ခဲ့ပြီး
ဂါလာတာစာရေးအသင်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အသင်းခေါင်းဆောင်
Marcao ရဲ့ ဒိုင်ဗင်ခေါင်းတိုက်ချက်နဲ့အတူ ပထမပိုင်းမှာ ဦးဆောင်ဂိုး
ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ရဲ့ ဦးဆောင်မှုက ကြာရှည်မခံခဲ့ပဲ
ပက်ဒရီက ပြိုင်ဘက်နောက်ခံလူများစွာကို လှည့်စားပြီး မက်ဆီလို တည်ငြိမ်တဲ့
အဆုံးသတ်မှုနဲ့ ဘာကာအတွက် ချေပဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း စတင်ပြီး ( ၄ ) မိနစ်မှာပဲ အမ်မရစ် အူဘာမီယန်းက ( ၂-၁ )
ဖြစ်စေမယ့် အနိုင်ဂိုးကို အနီးကတ်ပိတ်သွင်းပြီး ပွဲရဲ့ အလှည့်အပြောင်းကို
ဖော်ဆောင်ပေးခဲ့ပါတယ်။ Blaugrana တွေဟာ ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်ကို
ဆက်ထိန်းထားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အတွက် နေရာတစ်ခု သိမ်းပိုက်နိုင်ခဲ့သလို
ဒီရာသီအတွင်း ဆုဖလားကိုင်မြောက်နိုင်ရေးအိပ်မက်ကိုလည်း
ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီး သွင်းဂိုးရှင် ပက်ဒရီက
“ ဂိုးကို ဘယ်လိုသွင်းသွားတယ်ဆိုတာ သေချာတောင် မမှတ်မိတော့ပါဘူး။
ကျွန်တော် ပြန်ကြည့်ရမယ်။ကွင်းထဲမှာတော့ အဖြစ်အပျက်တွေက
သူ့ဟာသူ ဖြစ်သွားတာပါပဲ”လို့ ဆိုခဲ့ပါတယ်။ စပိန်လက်ရွေးစင်က
အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ ပတ်သက်ပြီး “ ဒီလောက် ဖိအားများတဲ့ကွင်းမှာ
အရင်က မကစားဖူးပါဘူး။ ရူးလောက်စရာပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့က
အရည်အချင်း ပြသနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ သွင်းဂိုးက
အသင်းဂန္တဝင် လီယွန်နယ် မက်ဆီ ရယူပေးခဲ့ဖူးတဲ့ သွင်းဂိုးတွေနဲ့
ဆင်တူနေကြောင်း ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ လီယိုက ဒီထက် ပိုကောင်းတဲ့
ဂိုးတွေ အများကြီး သွင်းဖူးပါတယ်။ ကျွန်တော့်ကို သူနဲ့ နှိုင်းယှဉ်တာက
ရူးမိုက်ရာကျပါလိမ့်မယ်။”လို့ ဆိုခဲ့ပါတယ်။ လာမယ့် လာလီဂါပွဲစဉ်မှာ
ဘာစီလိုနာက ရီးရဲမက်ဒရစ်နဲ့ အက်ကလက်စီကိုဒါဘီ ကစားရမယ့်အပေါ်လည်း
Golden Boy ဆုရှင်က “ ကျွန်တော်တို့ ရီးရဲမက်ဒရစ်ကို အနိုင်ရဖို့
အရာရာ ပြုလုပ်သွားပါမယ်။” လို့ ဆိုခဲ့ပါတယ်။
zawgyi
မက္ဆီ လက္သစ္ေလလား ထင္မွတ္မွားရတဲ့ ပက္ဒရီရဲ႕ သြင္းဂိုး
ဘာစီလိုနာအသင္းဟာ ဂါလာတာစာေရးအသင္းကို တစ္ဂိုးအေရးနိမ့္ေနရာမွ
ျပန္လည္အႏိုင္ရခဲ့ၿပီးေနာက္ ယူအီးအက္ဖ္ေအ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္
အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ႏူးကမ့္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့က ဂိုးမရွိ သေရရလာဒ္နဲ႔ အဆုံးသတ္ခဲ့ၿပီး
ဂါလာတာစာေရးအသင္းဟာ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ အသင္းေခါင္းေဆာင္
Marcao ရဲ႕ ဒိုင္ဗင္ေခါင္းတိုက္ခ်က္နဲ႔အတူ ပထမပိုင္းမွာ ဦးေဆာင္ဂိုး
ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အိမ္ရွင္တို႔ရဲ႕ ဦးေဆာင္မႈက ၾကာရွည္မခံခဲ့ပဲ
ပက္ဒရီက ၿပိဳင္ဘက္ေနာက္ခံလူမ်ားစြာကို လွည့္စားၿပီး မက္ဆီလို တည္ၿငိမ္တဲ့
အဆုံးသတ္မႈနဲ႔ ဘာကာအတြက္ ေခ်ပဂိုး ရယူေပးခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း စတင္ၿပီး ( ၄ ) မိနစ္မွာပဲ အမ္မရစ္ အူဘာမီယန္းက ( ၂-၁ )
ျဖစ္ေစမယ့္ အႏိုင္ဂိုးကို အနီးကတ္ပိတ္သြင္းၿပီး ပြဲရဲ႕ အလွည့္အေျပာင္းကို
ေဖာ္ေဆာင္ေပးခဲ့ပါတယ္။ Blaugrana ေတြဟာ က်ဥ္းေျမာင္းတဲ့ အႏိုင္ရလာဒ္ကို
ဆက္ထိန္းထားႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အတြက္ ေနရာတစ္ခု သိမ္းပိုက္ႏိုင္ခဲ့သလို
ဒီရာသီအတြင္း ဆုဖလားကိုင္ေျမာက္ႏိုင္ေရးအိပ္မက္ကိုလည္း
ဆက္လက္ရွင္သန္ေစခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္အၿပီး သြင္းဂိုးရွင္ ပက္ဒရီက
“ ဂိုးကို ဘယ္လိုသြင္းသြားတယ္ဆိုတာ ေသခ်ာေတာင္ မမွတ္မိေတာ့ပါဘူး။
ကြၽန္ေတာ္ ျပန္ၾကည့္ရမယ္။ကြင္းထဲမွာေတာ့ အျဖစ္အပ်က္ေတြက
သူ႔ဟာသူ ျဖစ္သြားတာပါပဲ”လို႔ ဆိုခဲ့ပါတယ္။ စပိန္လက္ေ႐ြးစင္က
အိမ္ကြင္းပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ ပတ္သက္ၿပီး “ ဒီေလာက္ ဖိအားမ်ားတဲ့ကြင္းမွာ
အရင္က မကစားဖူးပါဘူး။ ႐ူးေလာက္စရာပါပဲ ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က
အရည္အခ်င္း ျပသႏိုင္ခဲ့ပါတယ္”လို႔ ဆိုပါတယ္။ ေနာက္ၿပီး သူ႔ရဲ႕ သြင္းဂိုးက
အသင္းဂႏၲဝင္ လီယြန္နယ္ မက္ဆီ ရယူေပးခဲ့ဖူးတဲ့ သြင္းဂိုးေတြနဲ႔
ဆင္တူေနေၾကာင္း ေျပာဆိုမႈနဲ႔ ပတ္သက္ၿပီး “ လီယိုက ဒီထက္ ပိုေကာင္းတဲ့
ဂိုးေတြ အမ်ားႀကီး သြင္းဖူးပါတယ္။ ကြၽန္ေတာ့္ကို သူနဲ႔ ႏႈိင္းယွဥ္တာက
႐ူးမိုက္ရာက်ပါလိမ့္မယ္။”လို႔ ဆိုခဲ့ပါတယ္။ လာမယ့္ လာလီဂါပြဲစဥ္မွာ
ဘာစီလိုနာက ရီးရဲမက္ဒရစ္နဲ႔ အက္ကလက္စီကိုဒါဘီ ကစားရမယ့္အေပၚလည္း
Golden Boy ဆုရွင္က “ ကြၽန္ေတာ္တို႔ ရီးရဲမက္ဒရစ္ကို အႏိုင္ရဖို႔
အရာရာ ျပဳလုပ္သြားပါမယ္။” လို႔ ဆိုခဲ့ပါတယ္။
Leave a Reply