မက်ဆီ ရှုံးပွဲတွေ့ပြီး နာရီပိုင်းအကြာမှာပဲ အားကျမခံ အပြိုင်လိုက်ရှုံးတဲ့ စီရော်နယ်လ်ဒို

ဆော်ဒီလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်နာဆာတို့ရဲ့

ပွဲမှာ အယ်လ်အစ်တီဟတ်အသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ယူပြီး အမှတ်ပေးဇယား
ထိပ်ဆုံးနေရာကို သိမ်းပိုက်ခဲ့ပါတယ်။

ဆော်ဒီလိဂ်မှာ (၈)ဂိုးသွင်းထားတဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ
အခုပွဲမှာ မိနစ်(၉၀)ပြည့်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ သူ့ရဲ့အပိုင်
ကန်သွင်းချက်တစ်ကြိမ်ကိုလည်း ပြိုင်ဘက်ဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့
ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်
မိနစ်(၈၀)မှာ အာမတ်ရှာရာဟီလီရဲ့ ဖန်တီးမှုကနေတစ်ဆင့် ဘရာဇီးလ်
တောင်ပံတိုက်စစ်ကစားသမား ရိုမာရင်ဟိုက ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်
ပွဲတုန်းကလည်း အယ်လ်နာဆာကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အခု အမှတ်ပေး

ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲမှာလည်း နိုင်ပွဲထပ်ယူခဲ့ပါတယ်။

အယ်လ်နာဆာအသင်းကတော့ ဆော်ဒီစူပါဖလားရှုံးကြွေး ပြန်မဆပ်နိုင်တဲ့

အပြင် အခုပွဲမှာ အယ်လ်အစ်တီဟတ်ကို နောက်တစ်ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့်
အထိနာခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက ဆင်းပေးလိုက်ရပါပြီ။

စီရော်နယ်လ်ဒိုရဲ့ အဓိကပြိုင်ဘက် မက်ဆီဟာ မနေ့က ဘိုင်ယန်မြူးနစ်နဲ့
ချန်ပီယံလိဂ်ပွဲမှာ ရှုံးပွဲတွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို နာရီပိုင်းအကြာမှာပဲ
စီရော်နယ်လ်ဒိုကလည်း မက်ဆီနဲ့အပြိုင် ရှုံးပွဲကြုံခဲ့တာလည်းဖြစ်ပါတယ်။

[Zawgyi]

ေဆာ္ဒီလိဂ္ထိပ္သီးႏွစ္သင္းျဖစ္တဲ့ အယ္လ္အစ္တီဟတ္နဲ႔ အယ္လ္နာဆာတို႔ရဲ႕
ပြဲမွာ အယ္လ္အစ္တီဟတ္အသင္းက (၁-ဝ)ဂိုးနဲ႔အႏိုင္ယူၿပီး အမွတ္ေပးဇယား
ထိပ္ဆုံးေနရာကို သိမ္းပိုက္ခဲ့ပါတယ္။

ေဆာ္ဒီလိဂ္မွာ (၈)ဂိုးသြင္းထားတဲ့ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ
အခုပြဲမွာ မိနစ္(၉၀)ျပည့္ကစားခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ဘဲ သူ႔ရဲ႕အပိုင္
ကန္သြင္းခ်က္တစ္ႀကိမ္ကိုလည္း ၿပိဳင္ဘက္ဂိုးသမား ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့

ပါတယ္။

အယ္လ္အစ္တီဟတ္အသင္းအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ပြဲခ်ိန္

မိနစ္(၈၀)မွာ အာမတ္ရွာရာဟီလီရဲ႕ ဖန္တီးမႈကေနတစ္ဆင့္ ဘရာဇီးလ္
ေတာင္ပံတိုက္စစ္ကစားသမား ႐ိုမာရင္ဟိုက ဆြဲေျပးကန္သြင္းခဲ့တာျဖစ္ပါတယ္။

အယ္လ္အစ္တီဟတ္အသင္းဟာ ၿပီးခဲ့တဲ့ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္
ပြဲတုန္းကလည္း အယ္လ္နာဆာကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အခု အမွတ္ေပး
ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ပြဲမွာလည္း ႏိုင္ပြဲထပ္ယူခဲ့ပါတယ္။

အယ္လ္နာဆာအသင္းကေတာ့ ေဆာ္ဒီစူပါဖလားရႈံးေႂကြး ျပန္မဆပ္ႏိုင္တဲ့
အျပင္ အခုပြဲမွာ အယ္လ္အစ္တီဟတ္ကို ေနာက္တစ္ႀကိမ္ရႈံးနိမ့္ခဲ့တာေၾကာင့္
အထိနာခဲ့ၿပီး အမွတ္ေပးဇယား ထိပ္ဆုံးက ဆင္းေပးလိုက္ရပါၿပီ။

စီေရာ္နယ္လ္ဒိုရဲ႕ အဓိကၿပိဳင္ဘက္ မက္ဆီဟာ မေန႔က ဘိုင္ယန္ျမဴးနစ္နဲ႔
ခ်န္ပီယံလိဂ္ပြဲမွာ ရႈံးပြဲေတြ႕ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရသလို နာရီပိုင္းအၾကာမွာပဲ
စီေရာ္နယ္လ္ဒိုကလည္း မက္ဆီနဲ႔အၿပိဳင္ ရႈံးပြဲႀကဳံခဲ့တာလည္းျဖစ္ပါတယ္။