
အင်တာမိုင်ယာမီအသင်းပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ
မက်ဆီနဲ့ ဘာစီလိုနာကစားသမားဟောင်း ၃ ဦးကိုခေါ်ယူဖို့ ရည်မှန်းချက်ကြီး
ထားရှိနေတယ်လို့သိရပါတယ်။ မက်ဆီဟာပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာနဲ့
လမ်းခွဲပြီး ပီအက်စ်ဂျီအသင်းကိုပြောင်းသွားပေမယ့် အဆင်မပြေမှုတွေကြုံနေရလို့
သူ့ကိုခေါ်ယူဖို့ ဘက်ခမ်းက အိပ်မက်ကြမ်းကြမ်းမက်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေရီးရဲလ်ကို
ရှုံးကာထွက်ခဲ့ရပြီးနောက် ပရိသတ်တွေကမကျေမနပ်ဖြစ်နေပြီး
Ballon d’Or ဆုကို ၇ ကြိမ်ရရှိခဲ့တဲ့ မက်ဆီကိုလည်းလှောင်ပြောင်
ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ်
လက်မှတ်ထိုးထားလို့သူ့စာချုပ်သက်တမ်းကတစ်နှစ်ကျန်ရှိနေသေးတာပါ။
ဒါကြောင့်လည်း ဘက်ခမ်းက မက်ဆီစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်
ရာသီဖြစ်တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမတိုင်ခင်မှာ
အဲဒီအာဂျင်တီးနားသားကို ခေါ်ယူလိုနေတာဖြစ်တယ်လို့
Marca သတင်းစာကြီးကဖော်ပြသွားခဲ့တာပါ။
ဒါ့အပြင် မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်
ကစားသမားဟောင်းလည်းဖြစ်တဲ့ ဘက်ခမ်းဟာ အခုရာသီကုန်ချိန်မှာ
အက်သလက်တီကိုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီရဲ့ဘာစီလိုနာ
ကစားဖော်ဟောင်း လူးဝစ်ဆွာရက်ဇ် ကို ခေါ်ယူဖို့လည်း အလိုရှိနေပါတယ်။
ဆွာရက်ဇ်ဟာ စာချုပ်သက်တမ်းကုန်တာနဲ့ အက်သလက်တီကိုနဲ့
လမ်းခွဲမှာဖြစ်လို့ သူ့ကို အမေရိကန်ဆီရောက်အောင်ခေါ်ဆောင်ဖို့
ဘက်ခမ်းက အခုကတည်းကကြိုးပမ်းနေပါတယ်။
ဒါ့အပြင် ဘက်ခမ်းဟာ လက်ရှိ ဘာစီလိုနာကစားသမားနှစ်ဦးဖြစ်တဲ့
ဘတ်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာ တို့ကိုလည်းခေါ်ယူလိုနေပါတယ်။
ဒီကစားသမားတွေဟာသူတို့ရဲ့ နိုင်ငံအသင်းတွေနဲ့အတူ
၂၀၂၂ ကမ္ဘာ့ဖလားမှာပါဝင်လိုတဲ့အတွက် လက်ရှိမှာဥရောပမှာဘဲ
ဆက်နေလိုကြလို့ ၂၀၂၃-၂၄ ဘောလုံးရာသီမတိုင်ခင်မှသာ အားလုံးကို
ခေါ်ယူလို့ရနိုင်မှာဖြစ်တယ်လို့လည်း အဲဒီသတင်းစာကဆိုပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီ ဟာမေဂျာလိဂ်မှာကစားလိုတဲ့
သူ့ဆန္ဒကိုလူသိရှင်ကြားထုတ်ဖော်ထားဖူးပါတယ်။
zawgyi
မက္ဆီ-ဘာကာ ကစားသမားေဟာင္း ၃ ဦး ထူးရွယ္အတြဲအဖက္ကို အင္တာမိုင္ယာမီ အတြက္ အိပ္မက္ၾကမ္းၾကမ္း မက္ေနတဲ့ ဘက္ခမ္း
အင္တာမိုင္ယာမီအသင္းပူးတြဲပိုင္ရွင္တစ္ဦးျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ
မက္ဆီနဲ႔ ဘာစီလိုနာကစားသမားေဟာင္း ၃ ဦးကိုေခၚယူဖို႔ ရည္မွန္းခ်က္ႀကီး
ထားရွိေနတယ္လို႔သိရပါတယ္။ မက္ဆီဟာၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာနဲ႔
လမ္းခြဲၿပီး ပီအက္စ္ဂ်ီအသင္းကိုေျပာင္းသြားေပမယ့္ အဆင္မေျပမႈေတြႀကဳံေနရလို႔
သူ႔ကိုေခၚယူဖို႔ ဘက္ခမ္းက အိပ္မက္ၾကမ္းၾကမ္းမက္ေနတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေနရီးရဲလ္ကို
ရႈံးကာထြက္ခဲ့ရၿပီးေနာက္ ပရိသတ္ေတြကမေက်မနပ္ျဖစ္ေနၿပီး
Ballon d’Or ဆုကို ၇ ႀကိမ္ရရွိခဲ့တဲ့ မက္ဆီကိုလည္းေလွာင္ေျပာင္
ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔ ၂ ႏွစ္စာခ်ဳပ္
လက္မွတ္ထိုးထားလို႔သူ႔စာခ်ဳပ္သက္တမ္းကတစ္ႏွစ္က်န္ရွိေနေသးတာပါ။
ဒါေၾကာင့္လည္း ဘက္ခမ္းက မက္ဆီစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္
ရာသီျဖစ္တဲ့ ၂၀၂၃-၂၄ ေဘာလုံးရာသီမတိုင္ခင္မွာ
အဲဒီအာဂ်င္တီးနားသားကို ေခၚယူလိုေနတာျဖစ္တယ္လို႔
Marca သတင္းစာႀကီးကေဖာ္ျပသြားခဲ့တာပါ။
ဒါ့အျပင္ မန္ယူ၊ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီနဲ႔ ေအစီမီလန္
ကစားသမားေဟာင္းလည္းျဖစ္တဲ့ ဘက္ခမ္းဟာ အခုရာသီကုန္ခ်ိန္မွာ
အက္သလက္တီကိုနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ မက္ဆီရဲ႕ဘာစီလိုနာ
ကစားေဖာ္ေဟာင္း လူးဝစ္ဆြာရက္ဇ္ ကို ေခၚယူဖို႔လည္း အလိုရွိေနပါတယ္။
ဆြာရက္ဇ္ဟာ စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အက္သလက္တီကိုနဲ႔
လမ္းခြဲမွာျဖစ္လို႔ သူ႔ကို အေမရိကန္ဆီေရာက္ေအာင္ေခၚေဆာင္ဖို႔
ဘက္ခမ္းက အခုကတည္းကႀကိဳးပမ္းေနပါတယ္။
ဒါ့အျပင္ ဘက္ခမ္းဟာ လက္ရွိ ဘာစီလိုနာကစားသမားႏွစ္ဦးျဖစ္တဲ့
ဘတ္စ္ကြက္နဲ႔ ေဂ်ာ္ဒီအယ္လ္ဘာ တို႔ကိုလည္းေခၚယူလိုေနပါတယ္။
ဒီကစားသမားေတြဟာသူတို႔ရဲ႕ ႏိုင္ငံအသင္းေတြနဲ႔အတူ
၂၀၂၂ ကမာၻ႔ဖလားမွာပါဝင္လိုတဲ့အတြက္ လက္ရွိမွာဥေရာပမွာဘဲ
ဆက္ေနလိုၾကလို႔ ၂၀၂၃-၂၄ ေဘာလုံးရာသီမတိုင္ခင္မွသာ အားလုံးကို
ေခၚယူလို႔ရႏိုင္မွာျဖစ္တယ္လို႔လည္း အဲဒီသတင္းစာကဆိုပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီ ဟာေမဂ်ာလိဂ္မွာကစားလိုတဲ့
သူ႔ဆႏၵကိုလူသိရွင္ၾကားထုတ္ေဖာ္ထားဖူးပါတယ္။
Leave a Reply