
ဒန်နီ အဲလ်ဗတ်က လီယွန်နယ် မက်ဆီဟာ ပဲရစ် စိန့် ဂျာမိန်းမှာ
ပျော်ရွှင်ပုံမရကြောင်း သုံးသပ်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်ဟောင်းကို
ဘာစီလိုနာ လာပြီး သူနဲ့အတူ ပြန်လည်တွဲဖက်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ( ၂ ) နှစ်စာချုပ်
ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကို ရောက်ရှိပြီးကတည်းက
( ၇ ) ကြိမ်မြောက် ဘလွန်းဒီအော ပိုင်ရှင်ဟာ ချန်ပီယံလိဂ်မှာ ( ၅ ) ဂိုး နှင့်
လီဂူးဝမ်းမှာ ( ၂ ) ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
ချန်ပီယံလိဂ် ( ၁၆ )သင်းအဆင့်မှာလည်း ရီးရဲမက်ဒရစ်အသင်းကို ( ၂ ) ဂိုး
အသာရထားပြီးမှ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အခွင့်အရေးကို
လွဲချော်ခဲ့တာကြောင့် Bordeaux နဲ့ လီဂူးပွဲစဉ်မှာ မက်ဆီဟာ
အသင်းပရိသတ်တွေရဲ့ ဟော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။
ဘာစီလိုနာကို ဒုတိယအကြိမ်မြောက် လာရောက်ကစားနေတဲ့ အဲလ်ဗတ်က
ESPN နဲ့ အင်တာဗျူးအတွင်း ( ပီအက်စ်ဂျီအသင်း ရီးရဲကို မရှုံးခင် ပြလုပ်ထားခြင်းဖြစ် )
“ မက်ဆီက သူ့ကိုယ်သူ ပျော်မနေဘူးလို့ ခံစားရပါတယ်။ ကျွန်တော့်အတွက်
သူက နေရာမရဖြစ်နေတယ်လို့ ခံစားရပါတယ်။ လက်ရှိ လီယိုက အဲ့ဒီမှာ
နေရာပျောက်နေပါတယ်။ လီယိုဟာ “ ဒီနေရာ ( ဘာစီလိုနာ )က လွဲပြီး
ဘယ်မှာပိုပျော်နိုင်မှာလဲ?” ဆိုပြီး ကျွန်တော့်ကို အမြဲပြောလေ့ရှိပါတယ်။”လို့
ဆိုခဲ့ပါတယ်။ “ ကျွန်တော်က သက်သေပါပဲ ။ ဒီနေရာထက်ကောင်းတာ
ဘယ်မှာမှ မရှိပါဘူး ။ အကြောင်းအမျိုးမျိုးကြောင့် လီယိုက ဒီနေ့ ဒီမှာ မရှိတော့ပါဘူး။
ကျွန်တော့်အနေနဲ့ သူပြန်လာမယ်လို့ မျှော်လင့်ပါတယ်။”
zawgyi
မက္ဆီ ပဲရစ္မွာ မေပ်ာ္႐ႊင္လို႔ ဘာကာကို ျပန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾတ့ အဲလ္ဗတ္
ဒန္နီ အဲလ္ဗတ္က လီယြန္နယ္ မက္ဆီဟာ ပဲရစ္ စိန႔္ ဂ်ာမိန္းမွာ
ေပ်ာ္႐ႊင္ပုံမရေၾကာင္း သုံးသပ္ခဲ့ၿပီး သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းကို
ဘာစီလိုနာ လာၿပီး သူနဲ႔အတူ ျပန္လည္တြဲဖက္ကစားဖို႔ ဖိတ္ေခၚလိုက္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီထံ ( ၂ ) ႏွစ္စာခ်ဳပ္
ေျပာင္းေ႐ြ႕ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျပင္သစ္ကို ေရာက္ရွိၿပီးကတည္းက
( ၇ ) ႀကိမ္ေျမာက္ ဘလြန္းဒီေအာ ပိုင္ရွင္ဟာ ခ်န္ပီယံလိဂ္မွာ ( ၅ ) ဂိုး ႏွင့္
လီဂူးဝမ္းမွာ ( ၂ ) ဂိုးသာ သြင္းယူထားႏိုင္ပါေသးတယ္။
ခ်န္ပီယံလိဂ္ ( ၁၆ )သင္းအဆင့္မွာလည္း ရီးရဲမက္ဒရစ္အသင္းကို ( ၂ ) ဂိုး
အသာရထားၿပီးမွ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးကို
လြဲေခ်ာ္ခဲ့တာေၾကာင့္ Bordeaux နဲ႔ လီဂူးပြဲစဥ္မွာ မက္ဆီဟာ
အသင္းပရိသတ္ေတြရဲ႕ ေဟာ္ဟစ္ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။
ဘာစီလိုနာကို ဒုတိယအႀကိမ္ေျမာက္ လာေရာက္ကစားေနတဲ့ အဲလ္ဗတ္က
ESPN နဲ႔ အင္တာဗ်ဴးအတြင္း ( ပီအက္စ္ဂ်ီအသင္း ရီးရဲကို မရႈံးခင္ ျပလုပ္ထားျခင္းျဖစ္ )
“ မက္ဆီက သူ႔ကိုယ္သူ ေပ်ာ္မေနဘူးလို႔ ခံစားရပါတယ္။ ကြၽန္ေတာ့္အတြက္
သူက ေနရာမရျဖစ္ေနတယ္လို႔ ခံစားရပါတယ္။ လက္ရွိ လီယိုက အဲ့ဒီမွာ
ေနရာေပ်ာက္ေနပါတယ္။ လီယိုဟာ “ ဒီေနရာ ( ဘာစီလိုနာ )က လြဲၿပီး
ဘယ္မွာပိုေပ်ာ္ႏိုင္မွာလဲ?” ဆိုၿပီး ကြၽန္ေတာ့္ကို အၿမဲေျပာေလ့ရွိပါတယ္။”လို႔
ဆိုခဲ့ပါတယ္။ “ ကြၽန္ေတာ္က သက္ေသပါပဲ ။ ဒီေနရာထက္ေကာင္းတာ
ဘယ္မွာမွ မရွိပါဘူး ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လီယိုက ဒီေန႔ ဒီမွာ မရွိေတာ့ပါဘူး။
ကြၽန္ေတာ့္အေနနဲ႔ သူျပန္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”
Leave a Reply