မက်ဆီ၊ အမ်ဘာပီနဲ့ နေမာတို့ ၃ ယောက်ပေါင်းလစာထက် ပိုများနေပေမယ့် ရော်နယ်ဒို ငြင်းလိမ့်မယ်

ရော်နယ်ဒိုဟာ ပေါင် သန်း ၂၅၀ တန်ကြေးရှိတဲ့ မြင့်မားလွန်းတဲ့အပြောင်းအရွှေ့စာချုပ်တစ်ရပ်ကို ဆော်ဒီကလပ်နဲ့ချုပ်ဆိုမှာ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ သူဟာ ချန်ပီယံလိဂ်မှာ ကစားချင်စိတ်ရှိနေသေးသလို အဓိကဆုဖလားတွေ ရယူချင်နေသေးလို့ပါ။ တနည်းအားဖြင့် ရော်နယ်ဒိုဟာ

ကမ္ဘာ့လစာအများဆုံးဘောလုံးသမားဖြစ်ခွင့်ကို ငြင်းဆန်လိမ့်မယ်လို့ ESPN သတင်းဌာနက ဖေါ်ပြပါတယ်။ ဆော်ဒီအာရေဗျက အမည်မဖေါ်လိုတဲ့ကလပ်တစ်သင်းဟာ

မန်ယူကထွက်ချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့်ကို ၂ ရာသီစာအတွက် ပေါင် သန်း ၂၅၀ နဲ့ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းထွက်လာတဲ့နောက် သုံးသပ်လိုက်တာပါ။

ဒီအသင်းဟာ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေးမယ့်အပြင် အေးဂျင့်ဂျော့မန်ဒက်စ်ကိုလည်း ပေါင် သန်း ၂၀ ပေးမယ်လို့ သိရပါတယ်။

တကယ်လို့ ရော်နယ်ဒိုသာလက်ခံလိုက်ရင် တစ်ပတ်လစာ ပေါင် ၂.၄ သန်းရမယ့် သူဟာ မက်ဆီ၊ အမ်ဘာပီနဲ့ နေမာတို့ ၃ ယောက်ပေါင်းလစာထက်တောင် ပိုများသွားမှာပါ။

ဒါပေမဲ့ ချန်ပီယံလိဂ်ကစားချင်သလို ဆုဖလားတွေငတ်မွတ်နေဆဲဖြစ်တဲ့ မန်ယူတိုက်စစ်မှူးဟာ ပင်လယ်ကွေ့အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်လိမ့်မယ်လို့ ESPN သတင်းဌာနက သုံးသပ်ထားပါတယ်။

ကာယကံရှင်က အင်စတာဂရမ်မှာ တင်လိုက်တဲ့ပုံကြောင့် မန်ယူမှာဆက်ရှိနေတော့မယ်ဆိုတဲ့ အယူအဆတွေလည်းရှိနေပါတယ်။

မန်ယူအမှတ်တံဆိပ်ပါတဲ့ ဘောင်းဘီတိုကိုဝတ်ဆင်ပြီး လေ့ကျင့်ရေးလုပ်နေပုံကို ရော်နယ်ဒိုတင်ခဲ့တာပါ။ သရဲနီတွေနဲ့ သူ့ရဲ့စာချုပ်ကလည်း တစ်နှစ်ကျန်နေပါသေးတယ်။

(zawgyi)

ေရာ္နယ္ဒိုဟာ ေပါင္ သန္း ၂၅၀ တန္ေၾကးရွိတဲ့ ျမင့္မားလြန္းတဲ့အေျပာင္းအေ႐ႊ႕စာခ်ဳပ္တစ္ရပ္ကို ေဆာ္ဒီကလပ္နဲ႔ခ်ဳပ္ဆိုမွာ မဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ခ်န္ပီယံလိဂ္မွာ

ကစားခ်င္စိတ္ရွိေနေသးသလို အဓိကဆုဖလားေတြ ရယူခ်င္ေနေသးလို႔ပါ။ တနည္းအားျဖင့္ ေရာ္နယ္ဒိုဟာ ကမာၻ႔လစာအမ်ားဆုံးေဘာလုံးသမားျဖစ္ခြင့္ကို ျငင္းဆန္လိမ့္မယ္လို႔ ESPN သတင္းဌာနက ေဖၚျပပါတယ္။

ေဆာ္ဒီအာေရဗ်က အမည္မေဖၚလိုတဲ့ကလပ္တစ္သင္းဟာ မန္ယူကထြက္ခ်င္ေနတဲ့ ေပၚတူဂီၾကယ္ပြင့္ကို ၂ ရာသီစာအတြက္ ေပါင္ သန္း ၂၅၀ နဲ႔ကမ္းလွမ္းခဲ့တယ္ဆိုတဲ့သတင္းထြက္လာတဲ့ေနာက္ သုံးသပ္လိုက္တာပါ။

ဒီအသင္းဟာ မန္ယူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းေပးမယ့္အျပင္ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကိုလည္း ေပါင္ သန္း ၂၀ ေပးမယ္လို႔ သိရပါတယ္။ တကယ္လို႔ ေရာ္နယ္ဒိုသာလက္ခံလိုက္ရင္

တစ္ပတ္လစာ ေပါင္ ၂.၄ သန္းရမယ့္ သူဟာ မက္ဆီ၊ အမ္ဘာပီနဲ႔ ေနမာတို႔ ၃ ေယာက္ေပါင္းလစာထက္ေတာင္ ပိုမ်ားသြားမွာပါ။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ကစားခ်င္သလို ဆုဖလားေတြငတ္မြတ္ေနဆဲျဖစ္တဲ့

မန္ယူတိုက္စစ္မႉးဟာ ပင္လယ္ေကြ႕အသင္းရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္လိမ့္မယ္လို႔ ESPN သတင္းဌာနက သုံးသပ္ထားပါတယ္။ ကာယကံရွင္က အင္စတာဂရမ္မွာ တင္လိုက္တဲ့ပုံေၾကာင့္

မန္ယူမွာဆက္ရွိေနေတာ့မယ္ဆိုတဲ့ အယူအဆေတြလည္းရွိေနပါတယ္။ မန္ယူအမွတ္တံဆိပ္ပါတဲ့ ေဘာင္းဘီတိုကိုဝတ္ဆင္ၿပီး ေလ့က်င့္ေရးလုပ္ေနပုံကို ေရာ္နယ္ဒိုတင္ခဲ့တာပါ။ သရဲနီေတြနဲ႔ သူ႔ရဲ႕စာခ်ဳပ္ကလည္း တစ္ႏွစ္က်န္ေနပါေသးတယ္။