
ဘာစီလိုနာဥက္ကဌလာပေါ်တာက မက်ဆီကို ပြန်လည်ခေါ်ယူမယ့် အရိပ်အရောင်တွေပြလာပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘာစီလိုနာက စာချုပ်သက်တမ်းမတိုးနိုင်တဲ့နောက်
ပြီးခဲ့တဲ့နွေဈေးကွက်မှာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမဲ့ လာပေါ်တာကတော့ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ဘာစီလိုနာကစားသမားဘဝဟာ
ဒီလောက်နဲ့ပြီးဆုံးသွားပြီဆိုတာ မယုံကြည်ဘူးလို့ဆိုလာပါတယ်။ “ ဘာစီလိုနာနဲ့မက်ဆီရဲ့အခန်းကဏ္ဍက ပြီးသွားပြီလို့ ကျွန်တော်မထင်ပါဘူး။ ပြီးတော့ သူ့ရဲ့အခန်းကဏ္ဍကို မပိတ်သေးဘဲ
ဖွင့်ထားဖို့က ကျွန်တော်တို့ရဲ့တာဝန်လို့ ယုံကြည်မိပါတယ်။ လုပ်သင့်တာလုပ်ဖို့ အခိုက်အတန့်လေးရဖို့ပါပဲ။ သူ့မှာရှိနေတာထက် ပိုခမ်းနားတဲ့အဆုံးသတ်ကို ရရှိနိုင်စေဖို့ပါ။
တကယ်လို့ သူ့အပေါ်မှာ ကျွန်တော်အကြွေးတင်နေလားဆိုရင်တော့ .. ဟုတ်ပါတယ် ” လို့ လာပေါ်တာက ESPN သတင်းဌာနကို ပြောသွားခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့
စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးပြီး ပါရီကလပ်က သူ့ကို တစ်နှစ်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ဒါကလည်း အံ့သြစရာတော့ မရှိပါဘူး။
ပီအက်စ်ဂျီဟာ မက်ဆီကိုခေါ်ယူနိုင်တဲ့ ပထမနှစ်မှာတင် ပေါင် သန်း ၆၀၀ ဝင်ငွေရရှိခဲ့သလို စပွန်ဆာ ၁၀ ခု လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မက်ဆီကတော့ ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ဦးဆောင်ပြိုင်ပွဲဝင်ပြီးမှ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချင်နေပါတယ်။
အခုလို မရေရာသေးတဲ့ အခြေအနေတွေကြောင့် သူချစ်တဲ့ဘာစီလိုနာကို ပြန်ရောက်သွားနိုင်တယ်လို့လည်း တစ်ချို့ကယူဆနေကြပါတယ်။
(zawgyi)
ဘာစီလိုနာဥကၠဌလာေပၚတာက မက္ဆီကို ျပန္လည္ေခၚယူမယ့္ အရိပ္အေရာင္ေတြျပလာပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဘာစီလိုနာက စာခ်ဳပ္သက္တမ္းမတိုးႏိုင္တဲ့ေနာက္
ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕ခဲ့သူပါ။ ဒါေပမဲ့ လာေပၚတာကေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ ဘာစီလိုနာကစားသမားဘဝဟာ ဒီေလာက္နဲ႔ၿပီးဆုံးသြားၿပီဆိုတာ
မယုံၾကည္ဘူးလို႔ဆိုလာပါတယ္။ “ ဘာစီလိုနာနဲ႔မက္ဆီရဲ႕အခန္းက႑က ၿပီးသြားၿပီလို႔ ကြၽန္ေတာ္မထင္ပါဘူး။ ၿပီးေတာ့ သူ႔ရဲ႕အခန္းက႑ကို မပိတ္ေသးဘဲ ဖြင့္ထားဖို႔က
ကြၽန္ေတာ္တို႔ရဲ႕တာဝန္လို႔ ယုံၾကည္မိပါတယ္။ လုပ္သင့္တာလုပ္ဖို႔ အခိုက္အတန႔္ေလးရဖို႔ပါပဲ။ သူ႔မွာရွိေနတာထက္ ပိုခမ္းနားတဲ့အဆုံးသတ္ကို ရရွိႏိုင္ေစဖို႔ပါ။ တကယ္လို႔ သူ႔အေပၚမွာ
ကြၽန္ေတာ္အေႂကြးတင္ေနလားဆိုရင္ေတာ့ .. ဟုတ္ပါတယ္ ” လို႔ လာေပၚတာက ESPN သတင္းဌာနကို ေျပာသြားခဲ့တာပါ။ မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္က်န္ေနေသးၿပီး
ပါရီကလပ္က သူ႔ကို တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားတယ္လို႔သိရပါတယ္။ ဒါကလည္း အံ့ၾသစရာေတာ့ မရွိပါဘူး။ ပီအက္စ္ဂ်ီဟာ မက္ဆီကိုေခၚယူႏိုင္တဲ့ ပထမႏွစ္မွာတင္
ေပါင္ သန္း ၆၀၀ ဝင္ေငြရရွိခဲ့သလို စပြန္ဆာ ၁၀ ခု လက္မွတ္ထိုးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ မက္ဆီကေတာ့ ကာတာကမာၻ႔ဖလားမွာ အာဂ်င္တီးနားကို ဦးေဆာင္ၿပိဳင္ပြဲဝင္ၿပီးမွ သူ႔ရဲ႕အနာဂတ္ကို
ဆုံးျဖတ္ခ်င္ေနပါတယ္။ အခုလို မေရရာေသးတဲ့ အေျခအေနေတြေၾကာင့္ သူခ်စ္တဲ့ဘာစီလိုနာကို ျပန္ေရာက္သြားႏိုင္တယ္လို႔လည္း တစ္ခ်ိဳ႕ကယူဆေနၾကပါတယ္။