မက်ဆီလို ဂိုးသွင်းပြနိုင်မလားလို့ ရော်နယ်ဒိုကို အာဂျင်တီးနားကြယ်ပွင့်ရဲ့ပရိသတ်တွေ စိန်ခေါ်

လီဂူးအဖွင့်ပွဲက မက်ဆီရဲ့သွင်းဂိုးဟာ ရော်နယ်ဒိုကို လာပြီးရိုက်ခတ်နေပါပြီ။ တနည်းအားဖြင့် မက်ဆီလို လုပ်ပြနိုင်မလားလို့ ပေါ်တူဂီသားကို အာဂျင်တီးနားတိုက်စစ်မှူးရဲ့ပရိသတ်တွေက

စိန်ခေါ်နေကြတာပါ။ ကလာမောင့်ကို ၅-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ မက်ဆီဟာ နေမာအတွက် အဖွင့်ဂိုးကို နောက်ပေါက်နဲ့လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်တိုက်စစ်မှူး

ဖန်တီးပေးတာကနေ ဂိုးသွင်းနိုင်ခဲ့သလို ပွဲပြီးကာနီးမှာ တစ်ကမ္ဘာလုံးခေါင်းထောင်ကြည့်ရတဲ့ ဂန္ထဝင်မြောက်ဂိုးကို သွင်းနိုင်ခဲ့တာပါ။ ကွင်းလယ်လောက်ကနေ ပါရီဒက်စ်လှမ်းမပေးလိုက်တဲ့ဘောလုံးကို

ရင်ဘတ်နဲ့အသာထိန်းပြီး နောက်ပြန်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးသွင်းတဲ့ဗွီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးလူကြိုက်များပြီး ပျံ့နှံ့နေပါတယ်။

အထူးသဖြင့် တွစ်တာမှာ မက်ဆီရဲ့ပရိသတ်တွေ ပွဲခံနေကြတာပါ။ ရိုးရိုးအောင်ပွဲခံကြရုံသာမကတော့ဘဲ “ ကြည့်လိုက်စမ်း ရော်နယ်ဒို .. ဒီဂိုးအကြောင်း ငါတို့ဆွေးနွေးကြတာပေါ့ ” လို့

မန်ယူတိုက်စစ်မှူးကို စိန်ခေါ်တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် “ ဘယ်လောက်လှလိုက်တဲ့ဂိုးလဲ ” ၊ “ ရော်နယ်ဒင်ညိုတော့ သူ့တပည့်အတွက် ဂုဏ်ယူနေတော့မှာပဲ ” ၊ “ Goat မလုပ်နိုင်တာ ဘာမှမရှိဘူး ” စတဲ့

မှတ်ချက်တွေလည်း ပလူပျံနေခဲ့တာပါ။ ရော်နယ်ဒိုဟာ ရီးရဲလ်ကစားသမားဘဝတုန်းက ဒီလိုဂိုးမျိုးသွင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မန်ယူကနေထွက်ချင်နေတဲ့ သူ့ရဲ့အနာဂတ်က မသေချာသေးဘဲဖြစ်နေရပါတယ်။

(zawgyi)

လီဂူးအဖြင့္ပြဲက မက္ဆီရဲ႕သြင္းဂိုးဟာ ေရာ္နယ္ဒိုကို လာၿပီး႐ိုက္ခတ္ေနပါၿပီ။ တနည္းအားျဖင့္ မက္ဆီလို လုပ္ျပႏိုင္မလားလို႔ ေပၚတူဂီသားကို အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ပရိသတ္ေတြက

စိန္ေခၚေနၾကတာပါ။ ကလာေမာင့္ကို ၅-၀ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲစဥ္မွာ မက္ဆီဟာ ေနမာအတြက္ အဖြင့္ဂိုးကို ေနာက္ေပါက္နဲ႔လွလွပပ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဘရာဇီးလ္တိုက္စစ္မႉး

ဖန္တီးေပးတာကေန ဂိုးသြင္းႏိုင္ခဲ့သလို ပြဲၿပီးကာနီးမွာ တစ္ကမာၻလုံးေခါင္းေထာင္ၾကည့္ရတဲ့ ဂႏၴဝင္ေျမာက္ဂိုးကို သြင္းႏိုင္ခဲ့တာပါ။ ကြင္းလယ္ေလာက္ကေန ပါရီဒက္စ္လွမ္းမေပးလိုက္တဲ့ေဘာလုံးကို

ရင္ဘတ္နဲ႔အသာထိန္းၿပီး ေနာက္ျပန္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ဒီဂိုးသြင္းတဲ့ဗြီဒီယိုဟာ ဆိုရွယ္မီဒီယာေပၚမွာ အေတာ္ေလးလူႀကိဳက္မ်ားၿပီး ပ်ံ႕ႏွံ႔ေနပါတယ္။ အထူးသျဖင့္ တြစ္တာမွာ

မက္ဆီရဲ႕ပရိသတ္ေတြ ပြဲခံေနၾကတာပါ။ ႐ိုး႐ိုးေအာင္ပြဲခံၾက႐ုံသာမကေတာ့ဘဲ “ ၾကည့္လိုက္စမ္း ေရာ္နယ္ဒို .. ဒီဂိုးအေၾကာင္း ငါတို႔ေဆြးေႏြးၾကတာေပါ့ ” လို႔ မန္ယူတိုက္စစ္မႉးကို

စိန္ေခၚတဲ့အထိျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ “ ဘယ္ေလာက္လွလိုက္တဲ့ဂိုးလဲ ” ၊ “ ေရာ္နယ္ဒင္ညိဳေတာ့ သူ႔တပည့္အတြက္ ဂုဏ္ယူေနေတာ့မွာပဲ ” ၊ “ Goat မလုပ္ႏိုင္တာ ဘာမွမရွိဘူး ” စတဲ့ မွတ္ခ်က္ေတြလည္း

ပလူပ်ံေနခဲ့တာပါ။ ေရာ္နယ္ဒိုဟာ ရီးရဲလ္ကစားသမားဘဝတုန္းက ဒီလိုဂိုးမ်ိဳးသြင္းျပခဲ့ဖူးပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ မန္ယူကေနထြက္ခ်င္ေနတဲ့ သူ႔ရဲ႕အနာဂတ္က မေသခ်ာေသးဘဲျဖစ္ေနရပါတယ္။