မက်ဆီလို့အမြဲတမ်းပြောနေပေမယ့် ဒီနှစ်တော့ ဘန်ဇီမာပဲဆိုတဲ့ အသင်းဖော်ဟောင်း ဂျော်ဒီအဲလ်ဘာ

မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ဂျော်ဒီအဲလ်ဘာက ဒီနှစ်ရွှေဘောလုံးဆုအတွက် ပြိုင်ဘက်ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာကို ထောက်ခံလိုက်ပါတယ်။ လက်ရှိရွှေဘောလုံးဆုရှင်ဖြစ်ပေမယ့် မက်ဆီဟာ လီဂူးပြိုင်ပွဲမှာ

ရုန်းကန်ခဲ့ရတဲ့ ပထမရာသီကြောင့် ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွှေဘောလုံးဆုပဏာမစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ အာဂျင်တီးနားကြယ်ပွင့်ဟာ ရွှေဘောလုံးဆုသမိုင်းမှာ ပြိုင်ဘက်ကြီးရော်နယ်ဒိုထက်

၂ ကြိမ်အသာနဲ့ စံချိန်တင် ၇ ကြိမ် ဆွတ်ခူးထားပါတယ်။ ဆယ်စုနှစ်တစ်ခုစာလောက် ဘာစီလိုနာမှာ မက်ဆီနဲ့အတူကစားခဲ့တဲ့ နောက်ခံလူဂျော်ဒီအဲလ်ဘာကတော့ AS သတင်းစာနဲ့အင်တာဗျူးမှာ “ ရွှေဘောလုံးဆုလား။

မက်ဆီလို့ ကျွန်တော်အမြဲပြောနေပေမယ့် ဒီနှစ်တော့ ဘန်ဇီမာနဲ့ထိုက်တန်ပါတယ် ” လို့ ဖြေသွားခဲ့တာပါ။ ရီးရဲလ်နဲ့အတူ ထူးထူးခြားခြားအောင်မြင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဒီနှစ်ရွှေဘောလုံးဆုရဖို့ ရေပန်းအစားဆုံးကစားသမားလည်း ဖြစ်နေပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ် ၁၂ ပွဲမှာ ၁၅ ဂိုးအပါအဝင် ရီးရဲလ်အတွက် ၄၆ ပွဲကစား ၄၄ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားရဲ့သွင်းဂိုးတွေနဲ့အတူ မက်ဒရစ်ကလပ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိခဲ့တာပါ။

ဒါကြောင့် ဘန်ဇီမာဟာ ယူအီးအက်ဖ်အေအကေင်းဆုံး ကစားသမားဆုရရှိထားပြီး ဒီရာသီမှာလည်း ၃ ဂိုးသွင်းပေးထားပါတယ်။ မက်ဆီကတော့ ၂၀၀၉ ကနေ ၂၀၁၂ အထိ ရွှေဘောလုံးဆုကို ၄ ကြိမ်ဆက်ရယူနိုင်ခဲ့တာဖြစ်သလို

ပြီးခဲ့တဲ့ ၂ ကြိမ်ဆက်မှာလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီနှစ်ရွှေဘောလုံးဆုပဏာမစာရင်းတောင် မချိတ်ခဲ့ပေမယ့် လက်ရှိခြေစွမ်းအရတော့ လာမယ့်နှစ်မှာမျှော်လင့်နိုင်သေးတယ်လို့ သူ့ပရိသတ်တွေကတော့ ယုံကြည်နေကြပါတယ်။

(zawgyi)

မက္ဆီရဲ႕ဘာစီလိုနာအသင္းေဖာ္ေဟာင္း ေဂ်ာ္ဒီအဲလ္ဘာက ဒီႏွစ္ေ႐ႊေဘာလုံးဆုအတြက္ ၿပိဳင္ဘက္ရီးရဲလ္တိုက္စစ္မႉး ဘန္ဇီမာကို ေထာက္ခံလိုက္ပါတယ္။ လက္ရွိေ႐ႊေဘာလုံးဆုရွင္ျဖစ္ေပမယ့္ မက္ဆီဟာ လီဂူးၿပိဳင္ပြဲမွာ ႐ုန္းကန္ခဲ့ရတဲ့

ပထမရာသီေၾကာင့္ ၂၀၀၅ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ေ႐ႊေဘာလုံးဆုပဏာမစာရင္းမွာ ပါဝင္ခြင့္မရခဲ့ပါဘူး။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေ႐ႊေဘာလုံးဆုသမိုင္းမွာ ၿပိဳင္ဘက္ႀကီးေရာ္နယ္ဒိုထက္ ၂ ႀကိမ္အသာနဲ႔

စံခ်ိန္တင္ ၇ ႀကိမ္ ဆြတ္ခူးထားပါတယ္။ ဆယ္စုႏွစ္တစ္ခုစာေလာက္ ဘာစီလိုနာမွာ မက္ဆီနဲ႔အတူကစားခဲ့တဲ့ ေနာက္ခံလူေဂ်ာ္ဒီအဲလ္ဘာကေတာ့ AS သတင္းစာနဲ႔အင္တာဗ်ဴးမွာ “ ေ႐ႊေဘာလုံးဆုလား။ မက္ဆီလို႔ ကြၽန္ေတာ္အၿမဲေျပာေနေပမယ့္

ဒီႏွစ္ေတာ့ ဘန္ဇီမာနဲ႔ထိုက္တန္ပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။ ရီးရဲလ္နဲ႔အတူ ထူးထူးျခားျခားေအာင္ျမင္ခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ဒီႏွစ္ေ႐ႊေဘာလုံးဆုရဖို႔ ေရပန္းအစားဆုံးကစားသမားလည္း ျဖစ္ေနပါတယ္။

ဘန္ဇီမာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ ၁၂ ပြဲမွာ ၁၅ ဂိုးအပါအဝင္ ရီးရဲလ္အတြက္ ၄၆ ပြဲကစား ၄၄ ဂိုး သြင္းေပးႏိုင္ခဲ့ပါတယ္။ ျပင္သစ္သားရဲ႕သြင္းဂိုးေတြနဲ႔အတူ မက္ဒရစ္ကလပ္ဟာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ရရွိခဲ့တာပါ။

ဒါေၾကာင့္ ဘန္ဇီမာဟာ ယူအီးအက္ဖ္ေအအေကင္းဆုံး ကစားသမားဆုရရွိထားၿပီး ဒီရာသီမွာလည္း ၃ ဂိုးသြင္းေပးထားပါတယ္။ မက္ဆီကေတာ့ ၂၀၀၉ ကေန ၂၀၁၂ အထိ ေ႐ႊေဘာလုံးဆုကို ၄ ႀကိမ္ဆက္ရယူႏိုင္ခဲ့တာျဖစ္သလို ၿပီးခဲ့တဲ့

၂ ႀကိမ္ဆက္မွာလည္း ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒီႏွစ္ေ႐ႊေဘာလုံးဆုပဏာမစာရင္းေတာင္ မခ်ိတ္ခဲ့ေပမယ့္ လက္ရွိေျခစြမ္းအရေတာ့ လာမယ့္ႏွစ္မွာေမွ်ာ္လင့္ႏိုင္ေသးတယ္လို႔ သူ႔ပရိသတ္ေတြကေတာ့ ယုံၾကည္ေနၾကပါတယ္။