မက်ဆီလိုမျိုး စီရော်နယ်လ်ဒိုလည်း ကမ္ဘာ့ဖလားမှတ်တမ်းဆိုးတစ်ခုကို ချိုးဖျက်နိုင်မလား . .

ပေါ်တူဂီအသင်းဟာ အင်္ဂါနေ့ကျရင် ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ်

ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို
အနေနဲ့ ကမ္ဘာ့ဖလားမှတ်တမ်းဆိုးတစ်ခုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

စီရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် သေချာပေါက်
ပါဝင်ကစားခွင့်ရမှာဖြစ်ပြီး သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရှုံးထွက်အဆင့်တွေမှာ
တစ်ခါမှ ဂိုးမသွင်းဘူးတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်ဆက်ကစားခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ပြိုင်ပွဲ (၅)ကြိမ်စလုံးမှာ
ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ထားပေမယ့် အုပ်စုပွဲတွေမှာပဲ ဂိုးသွင်းနိုင်တာဖြစ်ပြီး
ရှုံးထွက်အဆင့်ပွဲတွေမှာတော့ အံ့အားသင့်စရာကောင်းအောင် တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။

သူ့ရဲ့ အဓိကပြိုင်ဘက် မက်ဆီဟာလည်း ပြီးခဲ့တဲ့ သြစတြေးလျနဲ့ပွဲမတိုင်ခင် ကမ္ဘာ့ဖလား
ရှုံးထွက်အဆင့်ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သြစတြေးလျကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့
ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ အဖွင့်ဂိုးသွင်းယူပြီး အဲဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် အခု ကမ္ဘာ့ဖလားပြိုင်ပွဲက
သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်လာဖို့ရှိလို့ ရှုံးထွက်အဆင့်တွေမှာ

ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးနဲ့ အဆုံးမသတ်ရဖို့သာမက အဓိကပြိုင်ဘက် မက်ဆီလိုပဲ
စွမ်းဆောင်ပြပြီး မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်ကို အမီလိုက်ဖို့ဆိုရင်
ဆွစ်ဇာလန်နဲ့ပွဲမှာ မဖြစ်မနေ ဂိုးသွင်းရမှာဖြစ်ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္းဟာ အဂၤါေန႔က်ရင္ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္ပြဲအျဖစ္
ဆြစ္ဇာလန္နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒို
အေနနဲ႔ ကမာၻ႔ဖလားမွတ္တမ္းဆိုးတစ္ခုကို ရပ္တန႔္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

စီေရာ္နယ္လ္ဒိုဟာ ဆြစ္ဇာလန္နဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ေသခ်ာေပါက္
ပါဝင္ကစားခြင့္ရမွာျဖစ္ၿပီး သူ႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ရႈံးထြက္အဆင့္ေတြမွာ
တစ္ခါမွ ဂိုးမသြင္းဘူးတဲ့ မွတ္တမ္းဆိုးကို ရပ္တန႔္ႏိုင္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲကို (၅)ႀကိမ္ဆက္ကစားခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ၿပိဳင္ပြဲ (၅)ႀကိမ္စလုံးမွာ
ဂိုးသြင္းႏိုင္သူအျဖစ္ စံခ်ိန္တင္ထားေပမယ့္ အုပ္စုပြဲေတြမွာပဲ ဂိုးသြင္းႏိုင္တာျဖစ္ၿပီး

ရႈံးထြက္အဆင့္ပြဲေတြမွာေတာ့ အံ့အားသင့္စရာေကာင္းေအာင္ တစ္ဂိုးမွ မသြင္းႏိုင္ေသးပါဘူး။

သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ မက္ဆီဟာလည္း ၿပီးခဲ့တဲ့ ၾသစေၾတးလ်နဲ႔ပြဲမတိုင္ခင္ ကမာၻ႔ဖလား

ရႈံးထြက္အဆင့္ပြဲေတြမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ၾသစေၾတးလ်ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့
ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ အဖြင့္ဂိုးသြင္းယူၿပီး အဲဒီမွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုအတြက္ အခု ကမာၻ႔ဖလားၿပိဳင္ပြဲက
သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္လာဖို႔ရွိလို႔ ရႈံးထြက္အဆင့္ေတြမွာ
ဂိုးမသြင္းႏိုင္တဲ့ မွတ္တမ္းဆိုးနဲ႔ အဆုံးမသတ္ရဖို႔သာမက အဓိကၿပိဳင္ဘက္ မက္ဆီလိုပဲ
စြမ္းေဆာင္ျပၿပီး မက္ဆီရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္ကို အမီလိုက္ဖို႔ဆိုရင္
ဆြစ္ဇာလန္နဲ႔ပြဲမွာ မျဖစ္မေန ဂိုးသြင္းရမွာျဖစ္ပါတယ္။