မက်ဆီလက်သစ်လို့တင်စားနေကြတဲ့ လာမာစီယာအကယ်ဒမီကြယ်ပွင့်လေးကို ဇာဗီ အနီးကပ်မောင်းတော့မယ်

ဘာစီလိုနာဟာ လာမိုင်းယာမယ်လ်ဆိုတဲ့ကစားသမားလေးကို ပထမအသင်းနဲ့လေ့ကျင့်ဖို့ ခေါ်ယူထားပြီး နည်းပြဇာဗီကလည်း အသက် ၁၅ နှစ်အရွယ် တိုက်စစ်မှူးလေးကို ချစ်ခင်နှစ်သက်နေတယ်လို့ သိရပါတယ်။

အားလုံးသိတဲ့အတိုင်း ကက်တာလန်ကလပ်ရဲ့လာမာစီယာအကယ်ဒမီဟာ ကြယ်ပွင့်တွေမွေးထုတ်ပေးရာ နေရာတစ်ခုဖြစ်ပြီး မကြာခင်ကလည်း ဂါဗီနဲ့ ဖာတီတို့လို ကစားသမားလေးတွေဟာ မက်ဆီ၊ အင်နီယေစတာနဲ့

ဘက်စ်ကွက်စ်တို့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေကြတာ တွေ့ရပါလိမ့်မယ်။ အခုလည်း ၂၀၀၇ ခုနှစ်ဖွားလေးကို အကယ်ဒမီထွက်ကုန်တွေထဲမှာ ဇာဗီက အနှစ်သက်ဆုံးဖြစ်နေတယ်လို့ သတင်းထွက်လာခဲ့တာပါ။

တနည်းအားဖြင့် ဘောလုံးဆွဲပြေးပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်ရာမှာ မယုံနိုင်လောက်တဲ့စကေးမျိုး ပိုင်ဆိုင်ထားတာကြောင့် မက်ဆီလက်သစ်လေးဖြစ်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဘာစီလိုနာ ယူ-၁၉ တိုက်စစ်မှူးလေးဟာ အံ့သြစရာဘယ်ခြေတစ်ချောင်းပိုင်ဆိုင်ထားပြီး အသင်းဖော်တွေနဲ့လေ့ကျင့်ရာမှာလည်း ခေါင်းတစ်လုံးမက ထင်ထင်ရှားရှားပိုမြင့်နေတယ်လို့ စပိန်အခြေစိုက်မီဒီယာတွေက

ဖေါ်ပြကြသလို ဗွီဒီယိုမှတ်တမ်းတစ်ချို့လည်း ပျံ့နှံ့နေပါတယ်။ ဒါကြောင့်လည်း သူ့အသက်အရွယ်အရ ပုံမှန်အားဖြင့် ယူ-၁၆ အသင်းမှာကစားရမှာဖြစ်ပေမယ့် ပိုမိုမြင့်မားတဲ့အတန်းရောက်နေခဲ့တာပါ။

သူ့ထက် ၄ နှစ်လောက်ပိုကြီးသူတွေကို အလဲလဲအပြိုပြိုဖြစ်စေတဲ့ ယာမယ်လ်ကို ဇာဗီကတော့ မက်ဆီခြေရာနင်းနိုင်မယ့်သူလို့ မျှော်လင့်နေတာဖြစ်ပြီး ဘာစီလိုနာစီနီယာအသင်းနဲ့လာရောက်လေ့ကျင့်ဖို့ ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ဘာစီလိုနာဟာ လာမိုင္းယာမယ္လ္ဆိုတဲ့ကစားသမားေလးကို ပထမအသင္းနဲ႔ေလ့က်င့္ဖို႔ ေခၚယူထားၿပီး နည္းျပဇာဗီကလည္း အသက္ ၁၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးေလးကို ခ်စ္ခင္ႏွစ္သက္ေနတယ္လို႔ သိရပါတယ္။

အားလုံးသိတဲ့အတိုင္း ကက္တာလန္ကလပ္ရဲ႕လာမာစီယာအကယ္ဒမီဟာ ၾကယ္ပြင့္ေတြေမြးထုတ္ေပးရာ ေနရာတစ္ခုျဖစ္ၿပီး မၾကာခင္ကလည္း ဂါဗီနဲ႔ ဖာတီတို႔လို ကစားသမားေလးေတြဟာ မက္ဆီ၊ အင္နီေယစတာနဲ႔

ဘက္စ္ကြက္စ္တို႔ေျခရာကိုနင္းႏိုင္ဖို႔ ႀကိဳးစားေနၾကတာ ေတြ႕ရပါလိမ့္မယ္။ အခုလည္း ၂၀၀၇ ခုႏွစ္ဖြားေလးကို အကယ္ဒမီထြက္ကုန္ေတြထဲမွာ ဇာဗီက အႏွစ္သက္ဆုံးျဖစ္ေနတယ္လို႔ သတင္းထြက္လာခဲ့တာပါ။

တနည္းအားျဖင့္ ေဘာလုံးဆြဲေျပးၿပီး ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ရာမွာ မယုံႏိုင္ေလာက္တဲ့စေကးမ်ိဳး ပိုင္ဆိုင္ထားတာေၾကာင့္ မက္ဆီလက္သစ္ေလးျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာ ယူ-၁၉ တိုက္စစ္မႉးေလးဟာ အံ့ၾသစရာဘယ္ေျခတစ္ေခ်ာင္းပိုင္ဆိုင္ထားၿပီး အသင္းေဖာ္ေတြနဲ႔ေလ့က်င့္ရာမွာလည္း ေခါင္းတစ္လုံးမက ထင္ထင္ရွားရွားပိုျမင့္ေနတယ္လို႔ စပိန္အေျခစိုက္မီဒီယာေတြက

ေဖၚျပၾကသလို ဗြီဒီယိုမွတ္တမ္းတစ္ခ်ိဳ႕လည္း ပ်ံ႕ႏွံ႔ေနပါတယ္။ ဒါေၾကာင့္လည္း သူ႔အသက္အ႐ြယ္အရ ပုံမွန္အားျဖင့္ ယူ-၁၆ အသင္းမွာကစားရမွာျဖစ္ေပမယ့္ ပိုမိုျမင့္မားတဲ့အတန္းေရာက္ေနခဲ့တာပါ။

သူ႔ထက္ ၄ ႏွစ္ေလာက္ပိုႀကီးသူေတြကို အလဲလဲအၿပိဳၿပိဳျဖစ္ေစတဲ့ ယာမယ္လ္ကို ဇာဗီကေတာ့ မက္ဆီေျခရာနင္းႏိုင္မယ့္သူလို႔ ေမွ်ာ္လင့္ေနတာျဖစ္ၿပီး ဘာစီလိုနာစီနီယာအသင္းနဲ႔လာေရာက္ေလ့က်င့္ဖို႔ ဆင့္ေခၚခဲ့တာျဖစ္ပါတယ္။