မက်ဆီရှိနေတဲ့ ပီအက်စ်ဂျီမှာ ရော်နယ်ဒိုအတွက် နေရာမရှိဘူး

ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကိုခေါ်နိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့

ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီတို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြသူတွေပါ။ ဒါကြောင့် ဂျော့မန်ဒက်စ်က သူ့ကစားသမားကိုခေါ်ဖို့

အလွတ်သဘောကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အယ်လ်ခီလိုင်ဖီကတော့ ပါရီအခြေစိုက်အသင်းမှာ မက်ဆီ၊ အမ်ဘာပီနဲ့ နေမာတို့ရှိနေတာကြောင့်

ရွှေဘောလုံး ၅ ဆုရှင်အတွက် နေရာမရှိဘူးလို့ငြင်းဆန်ခဲ့ကြောင်း ရေးသားထားပါတယ်။ ရော်နယ်ဒိုရဲ့မန်ယူကစားသမားဘဝအနာဂတ်ဟာ

လက်ရှိအချိန်ထိ မတင်မကျဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ပေါ်တူဂီသားကတော့

မန်ချက်စတာကိုခြေဦးတောင်ပြန်လှည့်မလာတော့ပါဘူး။ ခက်တာက တစ်ပတ် ပေါင် ၅ သိန်းဆိုတဲ့ သူ့ရဲ့လစာကိုပေးချေနိုင်မယ့် အသင်းကရှားနေပါတယ်။

ဒါကြောင့် ဒီလိုအသင်းမျိုးဖြစ်တဲ့ ပီအက်စ်ဂျီကို ဂျော့မန်ဒက်စ် သွေးတိုးစမ်းခဲ့တာဖြစ်ပါလိမ့်မယ်။ အခုလို ပါရီကလပ်က ရော်နယ်ဒိုကိုခေါ်ယူနိုင်မယ့်အခွင့်အရေးကို

ပယ်ချလိုက်တာဟာ ချဲလ်ဆီးအတွက် လမ်းပိုပွင့်သွားစေတယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေသလို မထင်မှတ်ဘဲ ရီးရဲလ်ပြန်ရောက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီဟာ ေရာ္နယ္ဒိုကိုေခၚႏိုင္မယ့္ အခြင့္အေရးရခဲ့ေပမယ့္ ျငင္းဆန္ခဲ့တယ္လို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္နဲ႔ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္

အယ္လ္ခီလိုင္ဖီတို႔ဟာ ရင္းႏွီးတဲ့ဆက္ဆံေရးရွိၾကသူေတြပါ။ ဒါေၾကာင့္ ေဂ်ာ့မန္ဒက္စ္က သူ႔ကစားသမားကိုေခၚဖို႔ အလြတ္သေဘာကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အယ္လ္ခီလိုင္ဖီကေတာ့

ပါရီအေျခစိုက္အသင္းမွာ မက္ဆီ၊ အမ္ဘာပီနဲ႔ ေနမာတို႔ရွိေနတာေၾကာင့္ ေ႐ႊေဘာလုံး ၅ ဆုရွင္အတြက္ ေနရာမရွိဘူးလို႔ျငင္းဆန္ခဲ့ေၾကာင္း ေရးသားထားပါတယ္။ ေရာ္နယ္ဒိုရဲ႕မန္ယူကစားသမားဘဝအနာဂတ္ဟာ

လက္ရွိအခ်ိန္ထိ မတင္မက်ျဖစ္ေနပါတယ္။ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာဖို႔ ဆုံးျဖတ္ထားတဲ့ ေပၚတူဂီသားကေတာ့ မန္ခ်က္စတာကိုေျခဦးေတာင္ျပန္လွည့္မလာေတာ့ပါဘူး။

ခက္တာက တစ္ပတ္ ေပါင္ ၅ သိန္းဆိုတဲ့ သူ႔ရဲ႕လစာကိုေပးေခ်ႏိုင္မယ့္ အသင္းကရွားေနပါတယ္။ ဒါေၾကာင့္ ဒီလိုအသင္းမ်ိဳးျဖစ္တဲ့ ပီအက္စ္ဂ်ီကို ေဂ်ာ့မန္ဒက္စ္ ေသြးတိုးစမ္းခဲ့တာျဖစ္ပါလိမ့္မယ္။

အခုလို ပါရီကလပ္က ေရာ္နယ္ဒိုကိုေခၚယူႏိုင္မယ့္အခြင့္အေရးကို ပယ္ခ်လိုက္တာဟာ ခ်ဲလ္ဆီးအတြက္ လမ္းပိုပြင့္သြားေစတယ္ဆိုတဲ့ သုံးသပ္မႈေတြရွိေနသလို မထင္မွတ္ဘဲ ရီးရဲလ္ျပန္ေရာက္သြားႏိုင္တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။