အိုးလ်ထရက်ဖို့ဒ်မှာ စနေညက ကစားသွားခဲ့တဲ့ လက်စတာနဲ့ပရီးမီးယားလိဂ်
ပွဲစဉ်မှာ ကွင်းလယ်လူဖရက်ဒ်ဟာ မန်ယူအတွက် ချေပဂိုးသွင်းပေးခဲ့တာပါ။
အဲဒီပွဲက ဂိုးဟာ ဖရက်ဒ်အတွက်တော့ ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့
၄ ဂိုးမြောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီဘရာဇီးသားဟာ မန်ယူကစားသမားဘဝမှာ
မကြာခဏဂိုးသွင်းတတ်သူမဟုတ်ပါဘူး။ ဒါကြောင့်လည်း မန်ယူအသင်းအင်္ကျီနဲ့
ဂိုးသွင်းတာဆိုလို့ ၈ ဂိုးသာ ရှိပါသေးတယ်။ ပိုပြီးအံ့သြစရာကောင်းတာက သူ့ရဲ့
ဒီရာသီအမှတ်ပေးသွင်းဂိုးအရေအတွက်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက
တစ်ယောက်ဖြစ်တဲ့ မက်ဆီထက် နှစ်ဆပိုများနေတာပါပဲ။ မက်ဆီဟာ ပီအက်စ်ဂျီ
ကစားသမားဘဝမှာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ ရုန်းကန်နေရာ
ဒီရာသီလီဂူးမှာ ၂ ဂိုးသာသွင်းနိုင်ပါသေးတယ်။ ဒါကြောင့် မန်ယူအတွက်
စိတ်ပျက်စရာရာသီတစ်ခုဖြစ်ပေမယ့် ဖရက်ဒ်အတွက်တော့ စွမ်းဆောင်မှုအရ
သူ့ကစားသမားဘဝရဲ့အကောင်းဆုံးရာသီတွေထဲက တစ်ခုဖြစ်နေတာပါ။
အဲဒါဟာ ဘယ်နေရာမှာ သွားထင်ရှားသလဲဆိုရင် သူ့ရဲ့ပရီးမီးယားလိဂ်ဂိုး
ပံ့ပိုးပေးနိုင်မှုတွေထဲက ၇၃ ရာခိုင်နှုန်းဟာ ဒီရာသီမှာ ရရှိခဲ့တာပါ။
သူဟာ ပရီးမီးယားလိဂ်ကစားသမးဘဝမှာ ၆ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာ
ဖြစ်ပါတယ်။ အဲဒီထဲက ၄ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးမှုဟာ အခု ၂၀၂၁-၂၂ ရာသီမှာ ရရှိခဲ့တာပါ။
zawgyi
မက်ဆီရဲ့ သွင်းဂိုးအရေအတွက်ထက် နှစ်ဆကျော်လွန်သွားတဲ့ သရဲနီကစားသမား
Leave a Reply