
အာဂျင်တီးနားအသင်းရဲ့ နာမည်ကျော်ကစားသမား မက်ဆီဟာ ပဉ္စလက်ဆန်တဲ့ခြေစွမ်းနဲ့အတူ
ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ယူပြီး သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀
ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခွင့်ရရှိသွားပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာ တောင်အမေရိက ထိပ်သီး ဘရာဇီးလ်ကို ဖြုတ်ချခဲ့တဲ့ ခရိုအေးရှား
အသင်းဟာ အခု အာဂျင်တီးနားနဲ့ပွဲမှာတော့ မထင်မှတ်တာတွေ မလုပ်ပြနိုင်တော့ဘဲ
ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။
ပွဲချိန်(၃၄)မိနစ်မှာ ပယ်နယ်တီဧရိယာထဲ ဘောလုံးဆွဲပြေးလာတဲ့ အယ်လ်ဗာရက်ဇ်ကို ခရိုအေးရှား
ဂိုးသမား လီဗာကိုဗစ်ရှ် ထွက်ပြီး တားဆီးဖို့ကြိုးစားတာကနေ Foul ဖြစ်သွားတာကြောင့်
အာဂျင်တီးနား ပယ်နယ်တီရခဲ့သလို မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီး (၅)မိနစ်လောက်အကြာမှာပဲ အယ်လ်ဗာရက်ဇ်ရဲ့ တစ်ကိုယ်တော်
ထိုးဖောက်မှုကနေ ခရိုအေးရှားနောက်ခံလူတွေ မပြတ်မသားဖျက်ထုတ်မှုကြောင့်
အယ်လ်ဗာရက်ဇ်က အနီးကပ်ပိတ်သွင်းပြီး ဒုတိယဂိုးရရှိခဲ့ပါတယ်။
(၆၉)မိနစ်မှာ ညာခြမ်းကနေ မက်ဆီ တစ်ကိုယ်တော်အစွမ်းနဲ့ ဘောလုံးဆွဲပြေးလာပြီး
ပယ်နယ်တီဧရိယထဲ ချိုးပေးလိုက်တာကို အသင့်ရှိနေတဲ့ အယ်လ်ဗာရက်ဇ်က ပိတ်သွင်းခဲ့တာကြောင့်
ပွဲရလဒ်က ပြတ်သားသွားခဲ့ပါတယ်။
ပွဲပြီးအမှာတော့ အာဂျင်တီးနားတို့ (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ရပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲ
အဆင့် ပြန်လည်တက်ရောက်ခွင့်ရသွားသလို မက်ဆီအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို
ပထမဆုံးအကြိမ်ကိုင်မြှောက်ခွင့်ရဖို့ လက်တစ်ကမ်းအကွာရောက်လာပါပြီ။
အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲအဆင့်ကို ၁၉၃၀၊ ၁၉၇၈၊
၁၉၈၆၊ ၁၉၉၀၊ ၂၀၁၄ နဲ့ အခု ၂၀၂၂ ပြိုင်ပွဲတွေမှာ တက်ရောက်ခဲ့ပြီး ၁၉၇၈၊ ၁၉၈၆ ပြိုင်ပွဲတွေမှာ
ဗိုလ်စွဲခဲ့ပါတယ်။
[Zawgyi]
အာဂ်င္တီးနားအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ပၪၥလက္ဆန္တဲ့ေျခစြမ္းနဲ႔အတူ
ခ႐ိုေအးရွားအသင္းကို (၃-ဝ)ဂိုးျပတ္အႏိုင္ယူၿပီး သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝ
ဒုတိယအႀကိမ္ေျမာက္ ကမာၻ႔ဖလားဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ခြင့္ရရွိသြားပါတယ္။
ကြာတားဖိုင္နယ္အဆင့္မွာ ေတာင္အေမရိက ထိပ္သီး ဘရာဇီးလ္ကို ျဖဳတ္ခ်ခဲ့တဲ့ ခ႐ိုေအးရွား
အသင္းဟာ အခု အာဂ်င္တီးနားနဲ႔ပြဲမွာေတာ့ မထင္မွတ္တာေတြ မလုပ္ျပႏိုင္ေတာ့ဘဲ
ဂိုးျပတ္အရႈံးေပးခဲ့ရပါတယ္။
ပြဲခ်ိန္(၃၄)မိနစ္မွာ ပယ္နယ္တီဧရိယာထဲ ေဘာလုံးဆြဲေျပးလာတဲ့ အယ္လ္ဗာရက္ဇ္ကို ခ႐ိုေအးရွား
ဂိုးသမား လီဗာကိုဗစ္ရွ္ ထြက္ၿပီး တားဆီးဖို႔ႀကိဳးစားတာကေန Foul ျဖစ္သြားတာေၾကာင့္
အာဂ်င္တီးနား ပယ္နယ္တီရခဲ့သလို မက္ဆီက အမွားအယြင္းမရွိ ကန္သြင္းခဲ့ပါတယ္။
ဂိုးေပးလိုက္ရၿပီး (၅)မိနစ္ေလာက္အၾကာမွာပဲ အယ္လ္ဗာရက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္
ထိုးေဖာက္မႈကေန ခ႐ိုေအးရွားေနာက္ခံလူေတြ မျပတ္မသားဖ်က္ထုတ္မႈေၾကာင့္
အယ္လ္ဗာရက္ဇ္က အနီးကပ္ပိတ္သြင္းၿပီး ဒုတိယဂိုးရရွိခဲ့ပါတယ္။
(၆၉)မိနစ္မွာ ညာျခမ္းကေန မက္ဆီ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေဘာလုံးဆြဲေျပးလာၿပီး
ပယ္နယ္တီဧရိယထဲ ခ်ိဳးေပးလိုက္တာကို အသင့္ရွိေနတဲ့ အယ္လ္ဗာရက္ဇ္က ပိတ္သြင္းခဲ့တာေၾကာင့္
ပြဲရလဒ္က ျပတ္သားသြားခဲ့ပါတယ္။
ပြဲၿပီးအမွာေတာ့ အာဂ်င္တီးနားတို႔ (၃-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရၿပီး ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ဗိုလ္လုပြဲ
အဆင့္ ျပန္လည္တက္ေရာက္ခြင့္ရသြားသလို မက္ဆီအတြက္ ကမာၻ႔ဖလားခ်န္ပီယံဆုကို
ပထမဆုံးအႀကိမ္ကိုင္ေျမႇာက္ခြင့္ရဖို႔ လက္တစ္ကမ္းအကြာေရာက္လာပါၿပီ။
အာဂ်င္တီးနား အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ဗိုလ္လုပြဲအဆင့္ကို ၁၉၃၀၊ ၁၉၇၈၊
၁၉၈၆၊ ၁၉၉၀၊ ၂၀၁၄ နဲ႔ အခု ၂၀၂၂ ၿပိဳင္ပြဲေတြမွာ တက္ေရာက္ခဲ့ၿပီး ၁၉၇၈၊ ၁၉၈၆ ၿပိဳင္ပြဲေတြမွာ
ဗိုလ္စြဲခဲ့ပါတယ္။