မက်ဆီများ ဝင်ကစားသလားလို့တောင် ထင်ရတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်စွမ်းရည်နဲ့ သွင်းဂိုး

မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘန်လေကို

(၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ လိဂ်ဖလားပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို တစ်ဦးချင်း
စွမ်းရည်နဲ့ လှလှပပ သွင်းယူခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ဘန်လေနဲ့ပွဲမတိုင်ခင် ယူနိုက်တက်နဲ့
(၁၂)လစာချုပ်သက်တမ်းတိုးခဲ့ပြီး သူ့ကို စာချုပ်သစ်ချုပ်ခဲ့တာက မှန်ကန်တဲ့လုပ်ရပ်ဆိုတာ
အခုပွဲမှာ အကောင်းဆုံးသက်သေပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၃၂)ပွဲကစား၊ (၅)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ
နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံစံကောင်းပြသနေသလို ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် (၃)ဂိုးသွင်းယူပြီး အသင်းရဲ့သွင်းဂိုးအများဆုံး
ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးပြန်ကစားတဲ့ ဘန်လေနဲ့လိဂ်ဖလားပွဲမှာလည်း
ရပ်ရှ်ဖို့ဒ်က ခြေစွမ်းကောင်း ဆက်ထိန်းနိုင်ပြီး ပွဲချိန်(၅၇)မိနစ်မှာ ကွင်းလယ်ကနေ

တစ်ဦးချင်းစွမ်းရည်နဲ့ ဘန်လေကစားသမားတွေကို ကျော်ဖြတ်ဆွဲပြေးပြီးတော့
ညာခြေနဲ့ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်နဲ့ပွဲမှာ မာရာဒိုနာ တစ်ဦးချင်းစွမ်းရည်နဲ့
သွင်းခဲ့တဲ့ ဂိုး၊ ၂၀၀၇ ခုနှစ်မှာ ဂီတာဖေးနဲ့ပွဲမှာ မက်ဆီ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့တောင်
ဆင်တူနေပါတယ်။ ဘန်လေနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ ဘောလုံးထိချက်(၄၂)ကြိမ်၊ ပြိုင်ဘက်နဲ့
တစ်ယောက်ချင်းအတွေ့မှာ အသာရယူနိုင်မှု (၇)ကြိမ်၊ ဂိုးပေါက်ကန်ချက်(၂)ကြိမ်၊
အခွင့်အရေးဖန်တီးနိုင်မှု (၁)ကြိမ်၊ ဖြတ်တင်ဘော (၁)ကြိမ်၊ (၁)ဂိုးသွင်းယူခဲ့ပါတယ်။

အခုဂိုးက ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်အတွက် (၁၉)ပွဲကစား၊ (၈)ဂိုးမြောက်ဖြစ်ပြီး,ပြီးခဲ့တဲ့
တစ်ရာသီလုံးက သွင်းခဲ့တဲ့ဂိုးအရေအတွက်ထက် (၃)ဂိုးပိုများနေပြီဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံတိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ ဘန္ေလကို
(၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ လိဂ္ဖလားပြဲမွာ အသင္းအတြက္ ဒုတိယဂိုးကို တစ္ဦးခ်င္း

စြမ္းရည္နဲ႔ လွလွပပ သြင္းယူခဲ့ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ဘန္ေလနဲ႔ပြဲမတိုင္ခင္ ယူႏိုက္တက္နဲ႔

(၁၂)လစာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တာက မွန္ကန္တဲ့လုပ္ရပ္ဆိုတာ
အခုပြဲမွာ အေကာင္းဆုံးသက္ေသျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ(၃၂)ပြဲကစား၊ (၅)ဂိုးသာသြင္းယူႏိုင္ခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီ
နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ ပုံစံေကာင္းျပသေနသလို ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းအတြက္ (၃)ဂိုးသြင္းယူၿပီး အသင္းရဲ႕သြင္းဂိုးအမ်ားဆုံး
ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံးျပန္ကစားတဲ့ ဘန္ေလနဲ႔လိဂ္ဖလားပြဲမွာလည္း
ရပ္ရွ္ဖို႔ဒ္က ေျခစြမ္းေကာင္း ဆက္ထိန္းႏိုင္ၿပီး ပြဲခ်ိန္(၅၇)မိနစ္မွာ ကြင္းလယ္ကေန
တစ္ဦးခ်င္းစြမ္းရည္နဲ႔ ဘန္ေလကစားသမားေတြကို ေက်ာ္ျဖတ္ဆြဲေျပးၿပီးေတာ့

ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီဂိုးဟာ ၁၉၈၆ ကမာၻ႔ဖလားတုန္းက အဂၤလန္နဲ႔ပြဲမွာ မာရာဒိုနာ တစ္ဦးခ်င္းစြမ္းရည္နဲ႔

သြင္းခဲ့တဲ့ ဂိုး၊ ၂၀၀၇ ခုႏွစ္မွာ ဂီတာေဖးနဲ႔ပြဲမွာ မက္ဆီ သြင္းယူခဲ့တဲ့ဂိုးေတြနဲ႔ေတာင္
ဆင္တူေနပါတယ္။ ဘန္ေလနဲ႔ပြဲမွာ ရပ္ရွ္ဖို႔ဒ္ဟာ ေဘာလုံးထိခ်က္(၄၂)ႀကိမ္၊ ၿပိဳင္ဘက္နဲ႔
တစ္ေယာက္ခ်င္းအေတြ႕မွာ အသာရယူႏိုင္မႈ (၇)ႀကိမ္၊ ဂိုးေပါက္ကန္ခ်က္(၂)ႀကိမ္၊
အခြင့္အေရးဖန္တီးႏိုင္မႈ (၁)ႀကိမ္၊ ျဖတ္တင္ေဘာ (၁)ႀကိမ္၊ (၁)ဂိုးသြင္းယူခဲ့ပါတယ္။

အခုဂိုးက ဒီရာသီမွာ ရပ္ရွ္ဖို႔ဒ္အတြက္ (၁၉)ပြဲကစား၊ (၈)ဂိုးေျမာက္ျဖစ္ၿပီး,ၿပီးခဲ့တဲ့
တစ္ရာသီလုံးက သြင္းခဲ့တဲ့ဂိုးအေရအတြက္ထက္ (၃)ဂိုးပိုမ်ားေနၿပီျဖစ္ပါတယ္။