” မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ယောက်စလုံး ဉာဏ်မကောင်းလို့သာ အနားမယူကြသေးတာ . . . ” အနယ်ကာ

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟောင်းအနယ်ကာက မန်ယူနဲ့ပီအက်စ်ဂျီတို့ကို

ပြောင်းခဲ့တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ

စမတ်မကျခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

အဲဒီအာဆင်နယ်တိုက်စစ်မှုးဟောင်းက ကြယ်ပွင့်နှစ်ယောက်စလုံးဟာ

အနားယူသင့်တယ်လို့ ဆိုခဲ့တာပါ။ စီရော်နယ်ဒိုရော မက်ဆီပါ ၂၀၂၁ ရဲ့

နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်နဲ့ဘာစီလိုနာတို့ကနေ

အသင်းပြောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စူပါစတားနှစ်ယောက်စလုံးဟာ

လက်ရှိရောက်ရှိနေတဲ့အသင်းတွေမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ဖြစ်ချင်တော့ သူတို့ကစားနေတဲ့နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်မှာ

၁၆ သင်းအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

”ပိုပြီးရှည်ကြာစွာကစားလိုတဲ့သူတွေဟာ ဒါမျိုးဖြစ်တတ်ပါတယ်။

သူတို့ရဲ့ကစားသမားဘဝတွေဟာ ကုန်လွန်သွားခဲ့ပါပြီ။

နောက်ဆုံး ၁၅ နှစ်မှာ သူတို့ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် အရမ်းကို

ကျေနပ်သင့်နေပြီလို့ ကျွန်တော်ထင်ပါတယ်။

အဲဒီအချိန်က သူတို့ဟာ အားလုံးရဲ့အထက်မှာ ရှိခဲ့တာပါ။

အခုတော့ သူတို့ကျဆင်းသွားတာဟာ ပုံမှန်ပါပဲ။

သူတို့ဉာဏ်မကောင်းကြဘူးဗျ။ ရှုပ်ထွေးမှုနည်းပါးတဲ့စိန်ခေါ်မှုတွေကိုသာ

ရင်ဆိုင်ဖို့ သူတို့စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆို ထိပ်ဆုံးအနေနဲ့

အဆုံးသတ်ချင်ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုပါတယ်။

၃၂၊ ၃၃၊ ၃၄ အရွယ်တွေနဲ့ အနားယူဖို့ မဆိုင်းမတွခဲ့တဲ့ ကစားသမားတွေ ရှိပါတယ်။

ကျွန်တော်ဆို ၃၆ မှာ ရပ်ခဲ့ပေမယ့် ၃၂ တုန်းက တရုတ်ကို သွားခဲ့တာပါ”လို့

အနယ်ကာက ပြောကြားခဲ့တာပါ။ လောလောဆယ်တော့ သူ့ရဲ့ပြိုင်ဘက်ဟောင်း

မက်ဆီထက်စာရင် စီရော်နယ်ဒိုက အများကြီးပိုကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ထားပါတယ်။

မန်ချက်စတာကို ပြန်ရောက်လာပြီးကတည်းက စီရော်နယ်ဒိုဟာ

ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းထားပေမယ့် မက်ဆီကတော့ ပီအက်စ်ဂျီမှာ

ပြိုင်ပွဲအရပ်ရပ် ၇ ဂိုးသာရှိသေးတာပါ။

zawgyi

” မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ေယာက္စလုံး ဉာဏ္မေကာင္းလို႔သာ အနားမယူၾကေသးတာ . . . ” အနယ္ကာ

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႈးေဟာင္းအနယ္ကာက မန္ယူနဲ႔ပီအက္စ္ဂ်ီတို႔ကို

ေျပာင္းခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြဟာ

စမတ္မက်ခဲ့ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

အဲဒီအာဆင္နယ္တိုက္စစ္မႈးေဟာင္းက ၾကယ္ပြင့္ႏွစ္ေယာက္စလုံးဟာ

အနားယူသင့္တယ္လို႔ ဆိုခဲ့တာပါ။ စီေရာ္နယ္ဒိုေရာ မက္ဆီပါ ၂၀၂၁ ရဲ႕

ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဂ်ဴဗင္တပ္နဲ႔ဘာစီလိုနာတို႔ကေန

အသင္းေျပာင္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ စူပါစတားႏွစ္ေယာက္စလုံးဟာ

လက္ရွိေရာက္ရွိေနတဲ့အသင္းေတြမွာ ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပါဘူး။

ျဖစ္ခ်င္ေတာ့ သူတို႔ကစားေနတဲ့ႏွစ္သင္းစလုံးဟာ ခ်န္ပီယံလိဂ္မွာ

၁၆ သင္းအဆင့္ကေနပဲ ထြက္ခဲ့ရပါတယ္။

”ပိုၿပီးရွည္ၾကာစြာကစားလိုတဲ့သူေတြဟာ ဒါမ်ိဳးျဖစ္တတ္ပါတယ္။

သူတို႔ရဲ႕ကစားသမားဘဝေတြဟာ ကုန္လြန္သြားခဲ့ပါၿပီ။

ေနာက္ဆုံး ၁၅ ႏွစ္မွာ သူတို႔ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြအတြက္ အရမ္းကို

ေက်နပ္သင့္ေနၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။

အဲဒီအခ်ိန္က သူတို႔ဟာ အားလုံးရဲ႕အထက္မွာ ရွိခဲ့တာပါ။

အခုေတာ့ သူတို႔က်ဆင္းသြားတာဟာ ပုံမွန္ပါပဲ။

သူတို႔ဉာဏ္မေကာင္းၾကဘူးဗ်။ ရႈပ္ေထြးမႈနည္းပါးတဲ့စိန္ေခၚမႈေတြကိုသာ

ရင္ဆိုင္ဖို႔ သူတို႔စဥ္းစားသင့္ပါတယ္။ ဘာေၾကာင့္လဲဆို ထိပ္ဆုံးအေနနဲ႔

အဆုံးသတ္ခ်င္ရင္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔ လိုပါတယ္။

၃၂၊ ၃၃၊ ၃၄ အ႐ြယ္ေတြနဲ႔ အနားယူဖို႔ မဆိုင္းမတြခဲ့တဲ့ ကစားသမားေတြ ရွိပါတယ္။

ကြၽန္ေတာ္ဆို ၃၆ မွာ ရပ္ခဲ့ေပမယ့္ ၃၂ တုန္းက တ႐ုတ္ကို သြားခဲ့တာပါ”လို႔

အနယ္ကာက ေျပာၾကားခဲ့တာပါ။ ေလာေလာဆယ္ေတာ့ သူ႔ရဲ႕ၿပိဳင္ဘက္ေဟာင္း

မက္ဆီထက္စာရင္ စီေရာ္နယ္ဒိုက အမ်ားႀကီးပိုေကာင္းတဲ့ ရာသီကို ပိုင္ဆိုင္ထားပါတယ္။

မန္ခ်က္စတာကို ျပန္ေရာက္လာၿပီးကတည္းက စီေရာ္နယ္ဒိုဟာ

ၿပိဳင္ပြဲစုံ ၁၈ ဂိုးသြင္းထားေပမယ့္ မက္ဆီကေတာ့ ပီအက္စ္ဂ်ီမွာ

ၿပိဳင္ပြဲအရပ္ရပ္ ၇ ဂိုးသာရွိေသးတာပါ။