မက်ဆီနဲ့ ကျွန်တော့်စကေးတွေယှဉ်လိုက်ရင် မိုးနဲ့မြေပါပဲလို့ဝန်ခံလိုက်ရတဲ့ ထိုင်းမက်ဆီ

မက်ဆီထံက ဘောလုံးလုဖို့ ကြိမ်ဖန်များစွာကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ ထိုင်းမက်ဆီလို့တင်စားနေကြတဲ့ ချာနာသစ်က ဖွင့်ဟလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ

ဂျပန်နိုင်ငံ တိုကျိုမြို့က အမျိုးသားအားကစားကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ ဒီပွဲမှာ ပီအက်စ်ဂျီဟာ ချာနာသစ်ရဲ့ကာဝါဆာကီဖရွန်တာလီကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပါရီကလပ်အတွက် အဖွင့်ဂိုးကို ဟာကီမီဖန်တီးပေးတာကနေ မက်ဆီကသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ လူငယ်တိုက်စစ်မှူးမူရင်ဂါက သွင်းခဲ့တာပါ။

ထိုင်းမက်ဆီလို့တင်စားနေကြတဲ့ ချာနာသစ်အတွက်တော့ မက်ဆီ၊ နေမာ၊ အမ်ဘာပီတို့လိုကစားသမားမျိုးတွေနဲ့ ရင်ဆိုင်ခွင့်ရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ်။

ထိုင်းလက်ရွေးစင်အသင်းအတွက် အားထားရမယ့်သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ချာနာသစ်ဟာ နည်းစနစ်ပိုင်းကောင်းမွန်ပေမယ့်

မက်ဆီအစစ်နဲ့တွေ့ချိန်မှာတော့ အများကြီးကွာနေသေးတယ်ဆိုတာ ဝန်ခံသွားခဲ့ပါတယ်။ “ မက်ဆီ ဆီကနေ ဘောလုံးလုယူနိုင်ဖို့ ကျွန်တော် ခဏခဏကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော် နားလည်သွားခဲ့ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားနဲ့ ကျွန်တော့်ကြားကွာခြားချက်ဆိုတာကိုလေ ” လို့ ချာနာသစ်က

ဖွင့်ဟသွားခဲ့တာပါ။ ဒါပေမဲ့ ပွဲအပြီးမှာတော့ သူဟာ ရွှေဘောလုံးဆုစံချိန်ရှင်ဆီက အမှတ်တရလက်မှတ်ကို တောင်းဆိုခဲ့ပါတယ်။

(zawgyi)

မက္ဆီထံက ေဘာလုံးလုဖို႔ ႀကိမ္ဖန္မ်ားစြာႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူးလို႔ ထိုင္းမက္ဆီလို႔တင္စားေနၾကတဲ့ ခ်ာနာသစ္က ဖြင့္ဟလိုက္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က အမ်ိဳးသားအားကစားကြင္းႀကီးထဲမွာ ထိပ္တိုက္ေတြ႕ခဲ့ၾကတာပါ။ ဒီပြဲမွာ ပီအက္စ္ဂ်ီဟာ ခ်ာနာသစ္ရဲ႕ကာဝါဆာကီဖ႐ြန္တာလီကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ပါရီကလပ္အတြက္ အဖြင့္ဂိုးကို ဟာကီမီဖန္တီးေပးတာကေန မက္ဆီကသြင္းယူေပးခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ လူငယ္တိုက္စစ္မႉးမူရင္ဂါက သြင္းခဲ့တာပါ။ ထိုင္းမက္ဆီလို႔တင္စားေနၾကတဲ့

ခ်ာနာသစ္အတြက္ေတာ့ မက္ဆီ၊ ေနမာ၊ အမ္ဘာပီတို႔လိုကစားသမားမ်ိဳးေတြနဲ႔ ရင္ဆိုင္ခြင့္ရတာဟာ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံျဖစ္ခဲ့ပါတယ္။ ထိုင္းလက္ေ႐ြးစင္အသင္းအတြက္

အားထားရမယ့္သူတစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ထင္ေၾကးေပးခံေနရတဲ့ ခ်ာနာသစ္ဟာ နည္းစနစ္ပိုင္းေကာင္းမြန္ေပမယ့္ မက္ဆီအစစ္နဲ႔ေတြ႕ခ်ိန္မွာေတာ့ အမ်ားႀကီးကြာေနေသးတယ္ဆိုတာ

ဝန္ခံသြားခဲ့ပါတယ္။ “ မက္ဆီ ဆီကေန ေဘာလုံးလုယူႏိုင္ဖို႔ ကြၽန္ေတာ္ ခဏခဏႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ မလုပ္ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္ နားလည္သြားခဲ့ပါတယ္။

ကမာၻ႔အဆင့္ကစားသမားနဲ႔ ကြၽန္ေတာ့္ၾကားကြာျခားခ်က္ဆိုတာကိုေလ ” လို႔ ခ်ာနာသစ္က ဖြင့္ဟသြားခဲ့တာပါ။ ဒါေပမဲ့ ပြဲအၿပီးမွာေတာ့ သူဟာ ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ဆီက အမွတ္တရလက္မွတ္ကို ေတာင္းဆိုခဲ့ပါတယ္။