မက်ဆီနဲ့ရော်နယ်ဒိုကို မေ့လိုက်တော့ ဟာလန်းနဲ့အမ်ဘာပီဇာတ်ကားသစ် ရုံတင်နေပြီ

ကမ္ဘာ့မီဒီယာအချို့က ဒီလိုပဲ သုံးသပ်နေကြပါတယ်။ အငြင်းပွားစရာရှိနိုင်ပေမယ့် အဟောင်းတွေနေရာမှာ အသစ်တွေ အစားထိုးနေရာယူမှာ ဓမ္မတာပါပဲ။ အချိန်တန်ရင်တော့ ဘောလုံးလောကရဲ့ Goat နှစ်ပါးကို ရင်နာနာနဲ့ပဲ နှုတ်ဆက်ရဦးမှာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်လုံးလုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆိုတဲ့ ခေါင်းစဉ်အောက်မှာ မက်ဆီနဲ့ရော်နယ်ဒို အပြိုင်ဖြစ်ခဲ့ကြတယ်။ အနာဂတ်မှာတော့ အမ်ဘာပီနဲ့ ဟာလန်းတို့တိုက်ပွဲဖြစ်လာတော့မှာကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေက

သက်သေပြခဲ့တယ်။ မန်စီးတီးဟာ ရေမွန်ဆန်းချက်ဇ်မှာ “ ဇ ” မသေးတဲ့ ဆီဗီလာကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဟာလန်းက ၂ ဂိုး သွင်းပေးခဲ့တယ်။ ပီအက်စ်ဂျီရဲ့ ဂျူဗင်တပ်ကိုနှိမ်နင်းခန်းမှာလည်း အမ်ဘာပီကပဲ ၂ ဂိုးလုံး သွင်းပေးခဲ့တယ်။

နော်ဝေတိုက်စစ်မှူးအတွက် ချန်ပီယံလိဂ် ပွဲ ၂၀ မှာ ၂၅ ဂိုး သွင်းနိုင်ခဲ့တာပါ။ ဒါဟာ စံချိန်ပါပဲ။ ဒီပွဲနဲ့ ဒီဂိုးရဖို့ အသက်အငယ်ဆုံးဆိုတဲ့ စံချိန်ပါ။ ဟာလန်းဟာ ၂၂ နှစ် ၄၇ ရက်နဲ့ ဒီစံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အရင်စံချိန်ရှင်က ဘယ်သူဟုတ်လို့လဲ။

၂၂ နှစ် ရက် ၈၀ နဲ့ စံချိန်တင်ခဲ့ဖူးတဲ့ အမ်ဘာပီပါပဲ။ ဒါပေမဲ့ ချန်ပီယံလိဂ်သမ္ဘာမှာတော့ ပြင်သစ်သားက သာနေပါသေးတယ်။ အမ်ဘာပီဟာ ၅၄ ပွဲမှာ ၃၅ ဂိုးသွင်းပြီး ဂိုး ၂၀ ဖန်တီးပေးထားသူပါ။ သူ့ရဲ့ဂိုးပတ်သက်မှုက ၅၅ ဂိုးဆိုတော့

ပါဝင်တဲ့ပွဲထက်တောင် ပိုများနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနှစ်ယောက် အပြိုင်လုကြတော့မယ့်အခင်းအကျင်းဆိုတာ ထင်ရှားနေပါတယ်။ လက်ရှိအနေအထားမှာတောင် အမ်ဘာပီက ၂၁၇ ဂိုး

ဟာလန်းက ၁၄၅ ဂိုး သွင်းထားကြပါပြီ။ ချန်ပီယံလိဂ်ကနေ သက်ဆိုင်ရာလိဂ်တွေကမ္ဘာဘက်ခြမ်းကို လှမ်းကြည့်လိုက်ရင်လည်း နော်ဝေတိုက်စစ်မှူးက မန်စီးတီးအတွက် ၈ ပွဲမှာ ၁၂ ဂိုး၊ ပြင်သစ်တိုက်စစ်မှူးက ပီအက်စ်ဂျီအတွက် ၆ ပွဲမှာ ၈ ဂိုး သွင်းထားကြတာ တွေ့ရပါလိမ့်မယ်။

(zawgyi)

ကမာၻ႔မီဒီယာအခ်ိဳ႕က ဒီလိုပဲ သုံးသပ္ေနၾကပါတယ္။ အျငင္းပြားစရာရွိႏိုင္ေပမယ့္ အေဟာင္းေတြေနရာမွာ အသစ္ေတြ အစားထိုးေနရာယူမွာ ဓမၼတာပါပဲ။ အခ်ိန္တန္ရင္ေတာ့ ေဘာလုံးေလာကရဲ႕ Goat ႏွစ္ပါးကို ရင္နာနာနဲ႔ပဲ ႏႈတ္ဆက္ရဦးမွာပါ။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္လုံးလုံး ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ မက္ဆီနဲ႔ေရာ္နယ္ဒို အၿပိဳင္ျဖစ္ခဲ့ၾကတယ္။ အနာဂတ္မွာေတာ့ အမ္ဘာပီနဲ႔ ဟာလန္းတို႔တိုက္ပြဲျဖစ္လာေတာ့မွာကို ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ေတြက

သက္ေသျပခဲ့တယ္။ မန္စီးတီးဟာ ေရမြန္ဆန္းခ်က္ဇ္မွာ “ ဇ ” မေသးတဲ့ ဆီဗီလာကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဟာလန္းက ၂ ဂိုး သြင္းေပးခဲ့တယ္။ ပီအက္စ္ဂ်ီရဲ႕ ဂ်ဴဗင္တပ္ကိုႏွိမ္နင္းခန္းမွာလည္း အမ္ဘာပီကပဲ ၂ ဂိုးလုံး သြင္းေပးခဲ့တယ္။

ေနာ္ေဝတိုက္စစ္မႉးအတြက္ ခ်န္ပီယံလိဂ္ ပြဲ ၂၀ မွာ ၂၅ ဂိုး သြင္းႏိုင္ခဲ့တာပါ။ ဒါဟာ စံခ်ိန္ပါပဲ။ ဒီပြဲနဲ႔ ဒီဂိုးရဖို႔ အသက္အငယ္ဆုံးဆိုတဲ့ စံခ်ိန္ပါ။ ဟာလန္းဟာ ၂၂ ႏွစ္ ၄၇ ရက္နဲ႔ ဒီစံခ်ိန္ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ အရင္စံခ်ိန္ရွင္က ဘယ္သူဟုတ္လို႔လဲ။ ၂၂ ႏွစ္ ရက္ ၈၀ နဲ႔ စံခ်ိန္တင္ခဲ့ဖူးတဲ့ အမ္ဘာပီပါပဲ။

ဒါေပမဲ့ ခ်န္ပီယံလိဂ္သမာၻမွာေတာ့ ျပင္သစ္သားက သာေနပါေသးတယ္။ အမ္ဘာပီဟာ ၅၄ ပြဲမွာ ၃၅ ဂိုးသြင္းၿပီး ဂိုး ၂၀ ဖန္တီးေပးထားသူပါ။ သူ႔ရဲ႕ဂိုးပတ္သက္မႈက ၅၅ ဂိုးဆိုေတာ့ ပါဝင္တဲ့ပြဲထက္ေတာင္ ပိုမ်ားေနပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ ဒါဟာ အနာဂတ္မွာ ကမာၻ႔အေကာင္းဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို ဒီႏွစ္ေယာက္ အၿပိဳင္လုၾကေတာ့မယ့္အခင္းအက်င္းဆိုတာ ထင္ရွားေနပါတယ္။ လက္ရွိအေနအထားမွာေတာင္ အမ္ဘာပီက ၂၁၇ ဂိုး ဟာလန္းက ၁၄၅ ဂိုး သြင္းထားၾကပါၿပီ။

ခ်န္ပီယံလိဂ္ကေန သက္ဆိုင္ရာလိဂ္ေတြကမာၻဘက္ျခမ္းကို လွမ္းၾကည့္လိုက္ရင္လည္း ေနာ္ေဝတိုက္စစ္မႉးက မန္စီးတီးအတြက္ ၈ ပြဲမွာ ၁၂ ဂိုး၊ ျပင္သစ္တိုက္စစ္မႉးက ပီအက္စ္ဂ်ီအတြက္ ၆ ပြဲမွာ ၈ ဂိုး သြင္းထားၾကတာ ေတြ႕ရပါလိမ့္မယ္။