မက်ဆီနဲ့တွဲကစားပြီး ပရိသတ်တွေဆန္ဒကို ရော်နယ်ဒိုဖြည့်ဆီးတော့မလား

လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့သတင်းတွေက တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဆိုတော့လည်း စိတ်ဝင်စားကြတာပေါ့။

ပြီးခဲ့တဲ့နွေဈေးကွက်ကဆို မက်ဆီနဲ့ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေကပဲ ဖမ်းစားခဲ့တာပါ။ အဲဒီတုန်းက မက်ဆီပြောင်းသွားတဲ့ ပီအက်စ်ဂျီကို ရော်နယ်ဒိုလိုက်တော့မယ်ဆိုတဲ့သတင်းတွေ

ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါသေးတယ်။ အခုလည်း တစ်ကမ္ဘာလုံးကပရိသတ်တွေ မြင်တွေ့ချင်နေကြတဲ့ မက်ဆီ-ရော်နယ်ဒို ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ဦး တွဲကစားသင့်ပြီလို့

အာဆင်နယ်ကစားသမားဟောင်း နာမည်ကျော်ဘောလုံးပွဲခန့်မှန်းသူ ပေါလ်မာဆင်က တိုက်တွန်းလိုက်ပြန်ပါတယ်။ “ ပီအက်စ်ဂျီကို ရော်နယ်ဒို ပြောင်းသင့်ပါပြီ။

မက်ဆီနဲ့အတူ အိပ်မက်အသင်းဖြစ်လာအောင် ဖန်တီးသင့်ပါတယ်။ မန်ယူကလည်း သူမထွက်မချင်း ခေတ်သစ်စဖို့မလွယ်ပါဘူး။ ဒါက ကျွန်တော့်အမြင်ပါ။

နောက်ပြီး မန်ယူကလည်း ဖလားရနိုင်တဲ့အနေအထားမှ မရှိတော့တာ။ ရော်နယ်ဒို ဘာလို့နေတော့မှာလဲ။ သူ့အတွက် အချိန်အများကြီး မကျန်တော့ဘူးလေ။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ယောက် တစ်သင်းတည်းမှာကစားနေတာမြင်ရရင် ဘယ်လောက်ကျေနပ်စရာကောင်းလိုက်မလဲ ” လို့ ပေါလ်မာဆင်က ဆိုပါတယ်။

တစ်ချို့ကတော့ ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ခံယူထားရင် ချဲလ်ဆီးကိုပြောင်းသင့်တယ်လို့ ပြောနေကြပါတယ်။ ချဲလ်ဆီးမှာကျိန်စာသင့်နေတဲ့ နံပါတ် ၉ ဂျာစီကိုဝတ်ပြီး စိန်ခေါ်မှုတွေရင်ဆိုင်သင့်တယ်လို့ တိုက်တွန်းနေကြတာပါ။

(zawgyi)

လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြက တစ္မိုးလုံးေဖ်ာက္ဆိပ္ျဖစ္ေနပါတယ္။ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားတစ္ေယာက္ဆိုေတာ့လည္း စိတ္ဝင္စားၾကတာေပါ့။

ၿပီးခဲ့တဲ့ေႏြေဈးကြက္ကဆို မက္ဆီနဲ႔ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြကပဲ ဖမ္းစားခဲ့တာပါ။ အဲဒီတုန္းက မက္ဆီေျပာင္းသြားတဲ့ ပီအက္စ္ဂ်ီကို ေရာ္နယ္ဒိုလိုက္ေတာ့မယ္ဆိုတဲ့သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ခဲ့ပါေသးတယ္။

အခုလည္း တစ္ကမာၻလုံးကပရိသတ္ေတြ ျမင္ေတြ႕ခ်င္ေနၾကတဲ့ မက္ဆီ-ေရာ္နယ္ဒို ဒါမွမဟုတ္ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားႏွစ္ဦး တြဲကစားသင့္ၿပီလို႔ အာဆင္နယ္ကစားသမားေဟာင္း နာမည္ေက်ာ္ေဘာလုံးပြဲခန႔္မွန္းသူ

ေပါလ္မာဆင္က တိုက္တြန္းလိုက္ျပန္ပါတယ္။ “ ပီအက္စ္ဂ်ီကို ေရာ္နယ္ဒို ေျပာင္းသင့္ပါၿပီ။ မက္ဆီနဲ႔အတူ အိပ္မက္အသင္းျဖစ္လာေအာင္ ဖန္တီးသင့္ပါတယ္။ မန္ယူကလည္း သူမထြက္မခ်င္း ေခတ္သစ္စဖို႔မလြယ္ပါဘူး။

ဒါက ကြၽန္ေတာ့္အျမင္ပါ။ ေနာက္ၿပီး မန္ယူကလည္း ဖလားရႏိုင္တဲ့အေနအထားမွ မရွိေတာ့တာ။ ေရာ္နယ္ဒို ဘာလို႔ေနေတာ့မွာလဲ။ သူ႔အတြက္ အခ်ိန္အမ်ားႀကီး မက်န္ေတာ့ဘူးေလ။

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားႏွစ္ေယာက္ တစ္သင္းတည္းမွာကစားေနတာျမင္ရရင္ ဘယ္ေလာက္ေက်နပ္စရာေကာင္းလိုက္မလဲ ” လို႔ ေပါလ္မာဆင္က ဆိုပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ေရာ္နယ္ဒိုအေနနဲ႔ ကမာၻ႔အေကာင္းဆုံးကစားသမားလို႔ခံယူထားရင္ ခ်ဲလ္ဆီးကိုေျပာင္းသင့္တယ္လို႔ ေျပာေနၾကပါတယ္။ ခ်ဲလ္ဆီးမွာက်ိန္စာသင့္ေနတဲ့ နံပါတ္ ၉ ဂ်ာစီကိုဝတ္ၿပီး စိန္ေခၚမႈေတြရင္ဆိုင္သင့္တယ္လို႔ တိုက္တြန္းေနၾကတာပါ။