မက်ဆီနဲ့ခိုင်းနှိုင်းပြီး ဂိုးဆာလောင်တတ်သူလို့ ဟာလန်းကို ဂွါဒီယိုလာမြှောက်ပေး

ဝက်စ်ဟမ်းကိုအနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဟက်ထရစ်မရခဲ့တာနဲ့ပတ်သက်ပြီး ကျိန်ဆဲတဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ ပွဲပြီးအင်တာဗျူးမှာ ဟာလန်းပေါက်ကွဲခဲ့ပါတယ်။

ဒါပေမဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ သူ့တိုက်စစ်မှူးကို အပြစ်မမြင်တဲ့အပြင် မက်ဆီနဲ့တောင် နှိုင်းယှဉ်ပြီး မြှောက်ပေးလိုက်ပါတယ်။ “ အဲဒါမျိုးကို ကျွန်တော်ကြိုက်ပါတယ်။

နည်းပြတစ်ယောက်ဘဝမှာ မက်ဆီနဲ့တွဲခဲ့ရတာ ကျွန်တော် ကံကောင်းပါတယ်။ သူက ၂ ဂိုးသွင်းနိုင်ရင် ၃ ဂိုးရချင်တယ်။ တကယ်လို့ ၃ ဂိုးရရင်လည်း ၄ ဂိုးလိုချင်ပြန်ရော။ ၄ ဂိုးရပြန်တော့ ၅ ဂိုး။

ထိပ်တန်းဂိုးသွင်းရှင်တွေ၊ တိုက်စစ်မှူးတွေဟာ ဘယ်တော့မှ မရောင့်ရဲကြပါဘူး။ အမြဲတမ်း ဆာလောင်နေကြတယ် ” လို့ ဟာလန်းရဲ့ဖြစ်ရပ်အပေါ် သုံးသပ်သွားခဲ့ပါတယ်။

ဒါ့အပြင် သူ့ကြောင့် ပင်နယ်တီရတာနဲ့ ချက်ချင်းပဲ ဘောလုံးဆွဲယူပြီး ကန်ဖို့ပြင်ခဲ့တဲ့ နော်ဝေသားရဲ့လုပ်ရပ်ကိုလည်း “ အဲဒီအချိန်မှာ တစ်ယောက်ယောက်ကသာ ဒီဘောလုံးကိုယူလိုက်ရင်

အဲဒီအသင်းဖော်ရဲ့မျက်နှာကို ဟာလန်းထိုးမိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာဆိုတာ ကျွန်တော် အသေအချာသိနေပါတယ် ” လို့လည်း စပိန်သားနည်းပြက သတင်းစာရှင်းလင်းပွဲမှာ

ပြောသွားခဲ့တာပါ။ ဟာလန်းဟာ မန်စီးတီးအတွက် အနိုင်ဂိုး ၂ ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟက်ထရစ်ရမယ့်အခွင့်အရေးတစ်ရပ်ကို လွဲချော်ခဲ့တာကြောင့် Sky Sports နဲ့ ပွဲပြီးတိုက်ရိုက်အင်တာဗျူးမှာ ကျိန်ဆဲတဲ့စကားတွေနဲ့ပြောသွားခဲ့တာပါ။

(zawgyi)

ဝက္စ္ဟမ္းကိုအႏိုင္ရတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ဟက္ထရစ္မရခဲ့တာနဲ႔ပတ္သက္ၿပီး က်ိန္ဆဲတဲ့စကားလုံးအသုံးအႏႈန္းေတြနဲ႔ ပြဲၿပီးအင္တာဗ်ဴးမွာ ဟာလန္းေပါက္ကြဲခဲ့ပါတယ္။ ဒါေပမဲ့

မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ သူ႔တိုက္စစ္မႉးကို အျပစ္မျမင္တဲ့အျပင္ မက္ဆီနဲ႔ေတာင္ ႏႈိင္းယွဥ္ၿပီး ေျမႇာက္ေပးလိုက္ပါတယ္။ “ အဲဒါမ်ိဳးကို ကြၽန္ေတာ္ႀကိဳက္ပါတယ္။ နည္းျပတစ္ေယာက္ဘဝမွာ

မက္ဆီနဲ႔တြဲခဲ့ရတာ ကြၽန္ေတာ္ ကံေကာင္းပါတယ္။ သူက ၂ ဂိုးသြင္းႏိုင္ရင္ ၃ ဂိုးရခ်င္တယ္။ တကယ္လို႔ ၃ ဂိုးရရင္လည္း ၄ ဂိုးလိုခ်င္ျပန္ေရာ။ ၄ ဂိုးရျပန္ေတာ့ ၅ ဂိုး။ ထိပ္တန္းဂိုးသြင္းရွင္ေတြ၊

တိုက္စစ္မႉးေတြဟာ ဘယ္ေတာ့မွ မေရာင့္ရဲၾကပါဘူး။ အၿမဲတမ္း ဆာေလာင္ေနၾကတယ္ ” လို႔ ဟာလန္းရဲ႕ျဖစ္ရပ္အေပၚ သုံးသပ္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ေၾကာင့္ ပင္နယ္တီရတာနဲ႔ ခ်က္ခ်င္းပဲ

ေဘာလုံးဆြဲယူၿပီး ကန္ဖို႔ျပင္ခဲ့တဲ့ ေနာ္ေဝသားရဲ႕လုပ္ရပ္ကိုလည္း “ အဲဒီအခ်ိန္မွာ တစ္ေယာက္ေယာက္ကသာ ဒီေဘာလုံးကိုယူလိုက္ရင္ အဲဒီအသင္းေဖာ္ရဲ႕မ်က္ႏွာကို ဟာလန္းထိုးမိလိမ့္မယ္လို႔

ကြၽန္ေတာ္ထင္တယ္။ ဒါဟာ ေကာင္းတဲ့လကၡဏာဆိုတာ ကြၽန္ေတာ္ အေသအခ်ာသိေနပါတယ္ ” လို႔လည္း စပိန္သားနည္းျပက သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာပါ။ ဟာလန္းဟာ မန္စီးတီးအတြက္

အႏိုင္ဂိုး ၂ ဂိုးလုံးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဟက္ထရစ္ရမယ့္အခြင့္အေရးတစ္ရပ္ကို လြဲေခ်ာ္ခဲ့တာေၾကာင့္ Sky Sports နဲ႔ ပြဲၿပီးတိုက္႐ိုက္အင္တာဗ်ဴးမွာ က်ိန္ဆဲတဲ့စကားေတြနဲ႔ေျပာသြားခဲ့တာပါ။