မက်ဆီထွက်သွားတဲ့နေ့မှာ လီဝမ်ဒေါစကီးကိုမိတ်ဆက်လို့ ဘာစီလိုနာပရိသတ်တွေ ပေါက်ကွဲ

လီဝမ်ဒေါစကီးရဲ့တရားဝင်မိတ်ဆက်ပွဲမှာ ဘာစီလိုနာပရိသတ်တွေဟာ မထင်မှတ်တဲ့အပြုအမူတစ်ရပ် လုပ်ခဲ့ကြပါတယ်။ အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး မက်ဆီအမည်ကို အော်ဟစ်ခဲ့ကြတာပါပဲ။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းကို ဆဲဆိုတာတွေလည်း လုပ်ခဲ့ကြပါသေးတယ်။ မိတ်ဆက်ပွဲမစခင် နူးကမ့်ကွင်းပြင်ပမှာ ဖြစ်ခဲ့တာပါ။ သူတို့အတွက် ၁၇ နှစ်ကြာကစားပေးခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ကို

ပိုပြီးအမှတ်ရစရာအကြောင်းကလည်း ရှိနေပြန်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာပဲ မက်ဆီဟာ မျက်ရည်တွေတွင်တွင်ကျပြီး သူချစ်တဲ့ဘာစီလိုနာနဲ့ လမ်းခွဲရပြီဆိုတဲ့အကြောင်း နှုတ်ဆက်ခဲ့တာပါ။

အခု လီဝမ်ဒေါစကီးကို တရားဝင်မိတ်ဆက်တဲ့နေ့ကလည်း သြဂုတ်လ ၅ ရက်ဖြစ်နေတာကြောင့် ဘာစီလိုနာပရိသတ်တွေရဲ့ဒေါသဟာ ပီအက်စ်ဂျီအထိပါ ရိုက်ခတ်သွားခဲ့ရတာဖြစ်ပါတယ်။

၂၀၀၄ ကတည်းက နူးကမ့်မှာကစားခဲ့တဲ့ လာမာစီယာအကယ်ဒမီထွက် ပရိသတ်အချစ်တော်မက်ဆီဟာ အသင်းရဲ့ဘဏ္ဍာရေးအကြပ်အတည်းကြားမှာ မြေဇာပင်ဖြစ်ခဲ့ရသူပါ။

မက်ဆီဟာ ကက်တာလန်ကလပ်အတွက် ၆၇၂ ဂိုးအထိသွင်းပြီး ချန်ပီယံလိဂ်၊ လာလီဂါနဲ့ ဘုရင့်ဖလား စတဲ့ဆုဖလားတွေကို ဆွတ်ခူးပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအသင်းမှာပဲ Goat တစ်ယောက်အဖြစ်

တစ်ဦးချင်းအောင်မြင်မှုတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာခဲ့တာပါ။ ပရိသတ်တွေရဲ့အပြုအမူက သူ့နေရာမှာ လီဝမ်ဒေါစကီးနဲ့ အစားမထိုးနိုင်ဘူးဆိုတဲ့သဘောပြနေသလို ဘာစီလိုနာကိုယ်တိုင်လည်း ကစားသမားသစ်မှတ်ပုံတင်ရေးပြဿနာတွေနဲ့ အခက်တွေ့နေရပါတယ်။

(zawgyi)

လီဝမ္ေဒါစကီးရဲ႕တရားဝင္မိတ္ဆက္ပြဲမွာ ဘာစီလိုနာပရိသတ္ေတြဟာ မထင္မွတ္တဲ့အျပဳအမူတစ္ရပ္ လုပ္ခဲ့ၾကပါတယ္။ အသင္းရဲ႕ဂႏၴဝင္တိုက္စစ္မႉး မက္ဆီအမည္ကို ေအာ္ဟစ္ခဲ့ၾကတာပါပဲ။ ဒါ့အျပင္

ပီအက္စ္ဂ်ီအသင္းကို ဆဲဆိုတာေတြလည္း လုပ္ခဲ့ၾကပါေသးတယ္။ မိတ္ဆက္ပြဲမစခင္ ႏူးကမ့္ကြင္းျပင္ပမွာ ျဖစ္ခဲ့တာပါ။ သူတို႔အတြက္ ၁၇ ႏွစ္ၾကာကစားေပးခဲ့တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ကို ပိုၿပီးအမွတ္ရစရာအေၾကာင္းကလည္း

ရွိေနျပန္ပါတယ္။ ၾသဂုတ္လ ၅ ရက္ေန႔မွာပဲ မက္ဆီဟာ မ်က္ရည္ေတြတြင္တြင္က်ၿပီး သူခ်စ္တဲ့ဘာစီလိုနာနဲ႔ လမ္းခြဲရၿပီဆိုတဲ့အေၾကာင္း ႏႈတ္ဆက္ခဲ့တာပါ။ အခု လီဝမ္ေဒါစကီးကို တရားဝင္မိတ္ဆက္တဲ့ေန႔ကလည္း

ၾသဂုတ္လ ၅ ရက္ျဖစ္ေနတာေၾကာင့္ ဘာစီလိုနာပရိသတ္ေတြရဲ႕ေဒါသဟာ ပီအက္စ္ဂ်ီအထိပါ ႐ိုက္ခတ္သြားခဲ့ရတာျဖစ္ပါတယ္။ ၂၀၀၄ ကတည္းက ႏူးကမ့္မွာကစားခဲ့တဲ့ လာမာစီယာအကယ္ဒမီထြက္

ပရိသတ္အခ်စ္ေတာ္မက္ဆီဟာ အသင္းရဲ႕ဘ႑ာေရးအၾကပ္အတည္းၾကားမွာ ေျမဇာပင္ျဖစ္ခဲ့ရသူပါ။ မက္ဆီဟာ ကက္တာလန္ကလပ္အတြက္ ၆၇၂ ဂိုးအထိသြင္းၿပီး ခ်န္ပီယံလိဂ္၊ လာလီဂါနဲ႔

ဘုရင့္ဖလား စတဲ့ဆုဖလားေတြကို ဆြတ္ခူးေပးသြားခဲ့ပါတယ္။ ဒါ့အျပင္ ဒီအသင္းမွာပဲ Goat တစ္ေယာက္အျဖစ္ တစ္ဦးခ်င္းေအာင္ျမင္မႈေတြနဲ႔အတူ ကမာၻ႔အေကာင္းဆုံးကစားသမား ျဖစ္လာခဲ့တာပါ။

ပရိသတ္ေတြရဲ႕အျပဳအမူက သူ႔ေနရာမွာ လီဝမ္ေဒါစကီးနဲ႔ အစားမထိုးႏိုင္ဘူးဆိုတဲ့သေဘာျပေနသလို ဘာစီလိုနာကိုယ္တိုင္လည္း ကစားသမားသစ္မွတ္ပုံတင္ေရးျပႆနာေတြနဲ႔ အခက္ေတြ႕ေနရပါတယ္။