မက်ဆီတို့လူစုကို ပညတ်တော် ၃ ပါးနဲ့ ထိန်းချုပ်တော့မယ့် ဂယ်လ်တီယာ

ခရစ္စတိုဖာဂယ်လ်တီယာကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်ကတည်းက ပီအက်စ်ဂျီကိုပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေတယ်ဆိုတာ အသင်းပိုင်ရှင်အယ်လ်ခီလိုင်ဖီ နားလည်ထားပြီးသားပါ။

နည်းပြသစ်ကလည်း သူ့ရဲ့အမှတ်အသားကိုပြဖို့ အချိန်မဆွဲတော့ပါဘူး။ မက်ဆီ၊ အမ်ဘာပီနဲ့ နေမာတို့လို ကြယ်စင်စုတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းမှာ ကစားသမားတွေဟာ

အသင်းအထက်မှာ ရှိမနေရဘူးဆိုတဲ့မူကို ချမှတ်နိုင်ဖို့လိုအပ်နေပါတယ်။ ဒါကြောင့် ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် ဂျပန်ကိုရောက်နေစဉ်မှာပဲ ဂယ်လ်တီယာဟာ

စည်းကမ်း ၃ ချက်ကိုချမှတ်လိုက်ပါတယ်။ ပထမစည်းကမ်းက လေ့ကျင့်ကွင်းကို နောက်မကျဖို့ပါပဲ။ နေ့စဉ် နံနက် ၈ နာရီခွဲကနေ ၈ နာရီ ၄၅ ကြားမှာ ရောက်အောင်လာရမှာဖြစ်ပြီး

နောက်ကျရင်တော့ ဘာအကြောင်းပြချက်မှ ပေးလို့မရဘဲ အိမ်ပြန်ပို့ခံရမှာပါ။ ပြီးတော့ နံနက်စာနဲ့ နေ့လည်စာ စားနေချိန်မှာ မိုဘိုင်းဖုန်းတွေ သုံးခွင့်ပိတ်လိုက်ပါတယ်။

အသင်းသားတွေကြားမှာ နားလည်မှုနဲ့စုစည်းမှု ပိုမိုရရှိစေဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ချက်ကတော့

အသင်းအခြေစိုက်ရာ Camp des Loges မှာ အားလုံးအတူတကွ စားသောက်ကြရမှာဖြစ်ပါတယ်။ အုပ်စုဖွဲ့တာ၊ သင်းကွဲလုပ်တာတွေ မမြင်ချင်ပါဘူးတဲ့။

ပီအက်စ်ဂျီအသင်းပရိသတ်တွေကတော့ ဒါဟာတိုးတက်လာဖို့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်ဆိုပြီး ကျေနပ်နေကြပါတယ်။

(zawgyi)

ခရစၥတိုဖာဂယ္လ္တီယာကို နည္းျပသစ္အျဖစ္ မခန႔္အပ္ခင္ကတည္းက ပီအက္စ္ဂ်ီကိုေျပာင္းလဲမႈေတြ လုပ္ဖို႔လိုအပ္ေနတယ္ဆိုတာ အသင္းပိုင္ရွင္အယ္လ္ခီလိုင္ဖီ နားလည္ထားၿပီးသားပါ။

နည္းျပသစ္ကလည္း သူ႔ရဲ႕အမွတ္အသားကိုျပဖို႔ အခ်ိန္မဆြဲေတာ့ပါဘူး။ မက္ဆီ၊ အမ္ဘာပီနဲ႔ ေနမာတို႔လို ၾကယ္စင္စုေတြနဲ႔ဖြဲ႕စည္းထားတဲ့ အသင္းတစ္သင္းမွာ

ကစားသမားေတြဟာ အသင္းအထက္မွာ ရွိမေနရဘူးဆိုတဲ့မူကို ခ်မွတ္ႏိုင္ဖို႔လိုအပ္ေနပါတယ္။ ဒါေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ဂ်ပန္ကိုေရာက္ေနစဥ္မွာပဲ

ဂယ္လ္တီယာဟာ စည္းကမ္း ၃ ခ်က္ကိုခ်မွတ္လိုက္ပါတယ္။ ပထမစည္းကမ္းက ေလ့က်င့္ကြင္းကို ေနာက္မက်ဖို႔ပါပဲ။ ေန႔စဥ္ နံနက္ ၈ နာရီခြဲကေန ၈ နာရီ ၄၅ ၾကားမွာ

ေရာက္ေအာင္လာရမွာျဖစ္ၿပီး ေနာက္က်ရင္ေတာ့ ဘာအေၾကာင္းျပခ်က္မွ ေပးလို႔မရဘဲ အိမ္ျပန္ပို႔ခံရမွာပါ။ ၿပီးေတာ့ နံနက္စာနဲ႔ ေန႔လည္စာ စားေနခ်ိန္မွာ မိုဘိုင္းဖုန္းေတြ သုံးခြင့္ပိတ္လိုက္ပါတယ္။

အသင္းသားေတြၾကားမွာ နားလည္မႈနဲ႔စုစည္းမႈ ပိုမိုရရွိေစဖို႔ရည္႐ြယ္တယ္လို႔ သိရပါတယ္။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ အသင္းအေျခစိုက္ရာ Camp des Loges မွာ အားလုံးအတူတကြ

စားေသာက္ၾကရမွာျဖစ္ပါတယ္။ အုပ္စုဖြဲ႕တာ၊ သင္းကြဲလုပ္တာေတြ မျမင္ခ်င္ပါဘူးတဲ့။ ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြကေတာ့ ဒါဟာတိုးတက္လာဖို႔ ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္ျဖစ္တယ္ဆိုၿပီး ေက်နပ္ေနၾကပါတယ္။