မက်ဆီဂိုးမရအောင် ဂိုးရှေ့မှာတမင်ပိတ်ရပ်နေခဲ့တာလား အမ်ဘာပီလို့ ပရိသတ်တွေပေါက်ကွဲ

တိုက်စစ်မှူးအမ်ဘာပီကတော့ ပီအက်စ်ဂျီပရိသတ်တွေရဲ့ဒေါသတကြီးဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။ အကြောင်းကတော့ ပြင်သစ်သားဟာ ဘရက်စ်နဲ့ပွဲမှာ မက်ဆီရဲ့ကန်ချက် ဂိုးမဝင်အောင်ပိတ်ထားမိခဲ့လို့ပါ။

စနေညမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားထားပေမယ့် ဥရောပထိပ်သီးလိဂ်တွေ ဆက်လက်ကစားခဲ့ကြပါတယ်။ ပီအက်စ်ဂျီကတော့ ဘရက်စ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး မာဆေးလ်ထက် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲပါပဲ။

ဒီပွဲမှာ ပါရီကလပ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နေမာက သွင်းပေးခဲ့တာပါ။ မက်ဆီ လှမ်းမပေးလိုက်တဲ့ဘောလုံးက ကွက်တိဖြစ်ခဲ့သလို ဘရာဇီးလ်တိုက်စစ်မှူးရဲ့အဆုံးသတ်ကလည်း တိကျသေသပ်ခဲ့ပါတယ်။

ဒါပေမဲ့ အနိုင်ဂိုးရတဲ့ မိနစ် ၃၀ မတိုင်ခင် ၁၉ မိနစ်သာသာလောက်ကဖြစ်ရပ်ကို ပရိသတ်တွေဒေါသထွက်နေကြတာပါ။ ဘရက်စ်ဂိုးရှေ့မှာ နောက်ခံလူတစ်ဦးခေါင်းတိုက်ဖျက်လိုက်တဲ့ဘောလုံးကို မက်ဆီက ရင်ဘတ်နဲ့ထိန်းပြီး အပိုင်ရိုက်ကန်ခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးရှေ့မှာရပ်နေတဲ့ အမ်ဘာပီနဲ့ထိပြီး ဂိုးလွန်ဘောာဖြစ်သွားခဲ့တာပါ။ ဂိုးရဖို့သေချာသလောက်ရှိနေတာကြောင့် အာဂျင်တီးနားတိုက်စစ်မှူးအတွက် နစ်နာခဲ့ရသလို ပြင်သစ်သားအတွက်လည်း ပိုပြီးအမြင်မကြည်လင်စရာ ဖြစ်ခဲ့ရပါတယ်။

မတော်တဆဖြစ်ရပ်ဆိုပေမယ့် အမ်ဘာပီဟာ မှားယွင်းတဲ့နေရာမှာ အချိန်လွဲမှားစွာရောက်နေခဲ့တာလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ပရိသတ်တွေကလည်း “ ပီအက်စ်ဂျီအတွက် မက်ဆီရဲ့ကန်ချက်ကို အမ်ဘာပီတားဆီးသွားပုံလေးက အရသာရှိလိုက်တာ ” ၊

“ သူက မက်ဆီကို ဘယ်တော့မှ ဘောလုံးမပေးသလို ဖန်တီးပေးတာလည်း မဟုတ်ဘူး။ အခုလည်း ပိတ်ဆို့လိုက်ပြန်ပြီ။ အမ်ဘာပီက အားလုံးလုပ်နေတော့တာပါပဲ ” ၊ “ အမ်ဘာပီရဲ့အတ္တက မက်ဆီရဲ့ဂိုးကို တားဆီးသွားတာ ” စတဲ့မှတ်ချက်တွေ ပေးနေကြပါတယ်။

(zawgyi)

တိုက္စစ္မႉးအမ္ဘာပီကေတာ့ ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕ေဒါသတႀကီးေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရျပန္ပါၿပီ။ အေၾကာင္းကေတာ့ ျပင္သစ္သားဟာ ဘရက္စ္နဲ႔ပြဲမွာ မက္ဆီရဲ႕ကန္ခ်က္ ဂိုးမဝင္ေအာင္ပိတ္ထားမိခဲ့လို႔ပါ။ စေနညမွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ရပ္နားထားေပမယ့္ ဥေရာပထိပ္သီးလိဂ္ေတြ ဆက္လက္ကစားခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီကေတာ့ ဘရက္စ္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ရၿပီး မာေဆးလ္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနဆဲပါပဲ။ ဒီပြဲမွာ ပါရီကလပ္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ေနမာက သြင္းေပးခဲ့တာပါ။

မက္ဆီ လွမ္းမေပးလိုက္တဲ့ေဘာလုံးက ကြက္တိျဖစ္ခဲ့သလို ဘရာဇီးလ္တိုက္စစ္မႉးရဲ႕အဆုံးသတ္ကလည္း တိက်ေသသပ္ခဲ့ပါတယ္။ ဒါေပမဲ့ အႏိုင္ဂိုးရတဲ့ မိနစ္ ၃၀ မတိုင္ခင္ ၁၉ မိနစ္သာသာေလာက္ကျဖစ္ရပ္ကို ပရိသတ္ေတြေဒါသထြက္ေနၾကတာပါ။

ဘရက္စ္ဂိုးေရွ႕မွာ ေနာက္ခံလူတစ္ဦးေခါင္းတိုက္ဖ်က္လိုက္တဲ့ေဘာလုံးကို မက္ဆီက ရင္ဘတ္နဲ႔ထိန္းၿပီး အပိုင္႐ိုက္ကန္ခဲ့ပါတယ္။ ဒါေပမဲ့ ဂိုးေရွ႕မွာရပ္ေနတဲ့ အမ္ဘာပီနဲ႔ထိၿပီး ဂိုးလြန္ေဘာျဖစ္သြားခဲ့တာပါ။

ဂိုးရဖို႔ေသခ်ာသေလာက္ရွိေနတာေၾကာင့္ အာဂ်င္တီးနားတိုက္စစ္မႉးအတြက္ နစ္နာခဲ့ရသလို ျပင္သစ္သားအတြက္လည္း ပိုၿပီးအျမင္မၾကည္လင္စရာ ျဖစ္ခဲ့ရပါတယ္။ မေတာ္တဆျဖစ္ရပ္ဆိုေပမယ့္ အမ္ဘာပီဟာ မွားယြင္းတဲ့ေနရာမွာ အခ်ိန္လြဲမွားစြာေရာက္ေနခဲ့တာလို႔

ေဘာလုံးကြၽမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။ ပရိသတ္ေတြကလည္း “ ပီအက္စ္ဂ်ီအတြက္ မက္ဆီရဲ႕ကန္ခ်က္ကို အမ္ဘာပီတားဆီးသြားပုံေလးက အရသာရွိလိုက္တာ ” ၊ “ သူက မက္ဆီကို ဘယ္ေတာ့မွ ေဘာလုံးမေပးသလို

ဖန္တီးေပးတာလည္း မဟုတ္ဘူး။ အခုလည္း ပိတ္ဆို႔လိုက္ျပန္ၿပီ။ အမ္ဘာပီက အားလုံးလုပ္ေနေတာ့တာပါပဲ ” ၊ “ အမ္ဘာပီရဲ႕အတၱက မက္ဆီရဲ႕ဂိုးကို တားဆီးသြားတာ ” စတဲ့မွတ္ခ်က္ေတြ ေပးေနၾကပါတယ္။