မက်ဆီကျော်တက်သွားတော့မှာကို ရော်နယ်ဒို ဘာမှမတတ်နိုင်ဘဲ ရင်နာနာနဲ့ကြည့်နေရတော့မယ်

ဒီရာသီမှာ ရော်နယ်ဒိုရဲ့ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို မက်ဆီးချိုးဖျက်နိုင်စွမ်းရှိနေပြီး ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ဒီဖြစ်ရပ်ကို ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတော့မယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက

ဖေါ်ပြလာပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ၁၈၅ ပွဲကစား ၁၄၁ ဂိုးသွင်းပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားပါတယ်။ ပေါ်တိုကအစ မန်ယူကစားသမားဘ၀ ပထမအကြိမ်ကနေ

ရီးရဲလ်နဲ့ဂျူဗင်တပ်ကစားသမားဘဝအလယ် အခုမန်ယူပြန်ရောက်တဲ့အဆုံး အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာ စိတ်လှုပ်ရှားစရာမှတ်တမ်းတွေကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ ချန်ပီယံလိဂ် ၁၅၆ ပွဲမှာ

၁၂၅ ဂိုး သွင်းထားတဲ့မက်ဆီဟာ ပေါ်တူဂီသားကို အပြင်းထန်ဆုံးခြိမ်းခြောက်နေပါတယ်။ ဘောလုံးနတ်ဘုရားတွေကြားမှာ ၁၅ ဂိုးသာ ကွာခြားတာကြောင့် ဒီရာသီချန်ပီယံလိဂ် မကစားရမယ့်ရော်နယ်ဒိုထက်

မက်ဆီမှာ အခွင့်အရေးတွေ အများကြီးရှိနေတာပါ။ တနည်းအားဖြင့် ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို အချိန်မီပြောင်းရွှေ့ခွင့်မရရင် ရော်နယ်ဒိုဟာ သူ့ရဲ့စံချိန်ကို မက်ဆီကျော်ဖြတ်တော့မယ့်အရေးကို ဘာမှမတတ်နိုင်ဘဲ

ရင်နာနာနဲ့ကြည့်နေရတော့မှာဖြစ်ပါတယ်။ တကယ်လို့ ပီအက်စ်ဂျီသာ ဗိုလ်လုပွဲတက်နိုင်ရင် မက်ဆီအနေနဲ့ ရော်နယ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့ ၁၃ ပွဲကစားခွင့်ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတော့ ပါရီကလပ်ဟာ ၁၆ သင်းအဆင့်သာရောက်ခဲ့ပြီး မက်ဆီလည်း ၅ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

(zawgyi)

ဒီရာသီမွာ ေရာ္နယ္ဒိုရဲ႕ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို မက္ဆီးခ်ိဳးဖ်က္ႏိုင္စြမ္းရွိေနၿပီး ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ ဒီျဖစ္ရပ္ကို ဘာမွမတတ္ႏိုင္ဘဲ လက္ပိုက္ၾကည့္ေနရေတာ့မယ္လို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက

ေဖၚျပလာပါတယ္။ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ ၁၈၅ ပြဲကစား ၁၄၁ ဂိုးသြင္းၿပီး သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္တင္ထားပါတယ္။ ေပၚတိုကအစ မန္ယူကစားသမားဘ၀ ပထမအႀကိမ္ကေန

ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္ကစားသမားဘဝအလယ္ အခုမန္ယူျပန္ေရာက္တဲ့အဆုံး အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္မွာ စိတ္လႈပ္ရွားစရာမွတ္တမ္းေတြကို ပိုင္ဆိုင္ထားသူပါ။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ ၁၅၆ ပြဲမွာ ၁၂၅ ဂိုး သြင္းထားတဲ့မက္ဆီဟာ

ေပၚတူဂီသားကို အျပင္းထန္ဆုံးၿခိမ္းေျခာက္ေနပါတယ္။ ေဘာလုံးနတ္ဘုရားေတြၾကားမွာ ၁၅ ဂိုးသာ ကြာျခားတာေၾကာင့္ ဒီရာသီခ်န္ပီယံလိဂ္ မကစားရမယ့္ေရာ္နယ္ဒိုထက္ မက္ဆီမွာ အခြင့္အေရးေတြ အမ်ားႀကီးရွိေနတာပါ။

တနည္းအားျဖင့္ ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းကို အခ်ိန္မီေျပာင္းေ႐ႊ႕ခြင့္မရရင္ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕စံခ်ိန္ကို မက္ဆီေက်ာ္ျဖတ္ေတာ့မယ့္အေရးကို ဘာမွမတတ္ႏိုင္ဘဲ ရင္နာနာနဲ႔ၾကည့္ေနရေတာ့မွာျဖစ္ပါတယ္။

တကယ္လို႔ ပီအက္စ္ဂ်ီသာ ဗိုလ္လုပြဲတက္ႏိုင္ရင္ မက္ဆီအေနနဲ႔ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ ၁၃ ပြဲကစားခြင့္ရမွာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီကေတာ့ ပါရီကလပ္ဟာ ၁၆ သင္းအဆင့္သာေရာက္ခဲ့ၿပီး မက္ဆီလည္း ၅ ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။