မက်ဆီကို ယောင်ပြီး အရင်လိုတီးလိုက်ပြီးမှ လိုက်ချော့ခဲ့ရတဲ့ ရာမို့စ်

ဂျပန်နိုင်ငံမှာ ရာသီကြိုလေ့ကျင့်နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ဗွီဒီယိုဖိုင်တစ်ခု ပေါက်ကြားလာပြန်ပါတယ်။ ဒီတစ်ခါဗွီဒီယိုဖိုင်ထဲမှာတော့ ရာမို့စ်က မက်ဆီကို

မလိုအပ်တဲ့ဖျက်ထုတ်မှု လုပ်ခဲ့တာပါ။ အနီနဲ့အဖြူရောင် နှစ်သင်းခွဲပြီး လေ့ကျင့်ကြရာမှာ အနီရောင်အသင်းဘက်က မက်ဆီဟာ ဂိုးသွင်းဖို့ကြိုးစားခဲ့ပါတယ်။

ဒါကို ရာမို့စ်က ကြားကနေတားပြီး နင်းဖို့ကြိုးစားခဲ့တာပါ။ အာဂျင်တီးနားတိုက်စစ်မှူးက ရှောင်ထွက်ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းပြီးတဲ့နောက် ရာမို့စ်ကို

မက်ဆီကြည့်တဲ့အကြည့်ကတော့ မရိုးရှင်းတော့ပါဘူး။ အဓိပ္ပါယ်ပေါင်းများစွာနဲ့ စောင်ပေပေကိုကြည့်နေခဲ့တာပါ။ ဒါကို ရာမို့စ်လည်း သိပါတယ်။ သူ မှားသွားပြီဆိုတာလည်း

နားလည်ခဲ့ပါတယ်။ မက်ဆီခေါင်းကိုပုတ်ပြီး နှစ်သိမ့်ပေးနေတဲ့ စပိန်သားကိုကြည့်ရတာ အရှည်အရှည်မဖြစ်ချင်ပုံပါပဲ။ ဒါပေမဲ့ မီဒီယာတွေကတော့ ကျောင်းတော်ကရန်စတွေ

ပြန်ပေါ်လာပြီလားလို့ ထင်ကြေးပေးနေကြသလို ပရိသတ်တွေကလည်း အမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ စပိန်မှာ ၁၆ နှစ်ကြာ အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမယ့်

ပါရီကိုရောက်လာကြချိန်မှာတော့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ထူထောင်နိုင်ခဲ့ကြတာပါ။ အိမ်မရသေးတဲ့မက်ဆီကို ရာမို့စ်က သူ့အိမ်မှာလာနေဖို့ ဖိတ်ခေါ်ခဲ့သလို အာဂျင်တီးနားတိုက်စစ်မှူးကလည်း

ခြေစမ်းပွဲတစ်ပွဲမှာ သူ့ကြောင့်ရတဲ့ပင်နယ်တီကို ရာမို့စ်ကိုပေးကန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အယ်လ်ကလက်စီကိုမှာ တီးနေကျဆိုတော့ ယောင်ပြီးတော့များတီးမိသွားတာလားလို့ ဆိုသူကဆိုနေကြလေရဲ့။

(zawgyi)

ဂ်ပန္ႏိုင္ငံမွာ ရာသီႀကိဳေလ့က်င့္ေနတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ဗြီဒီယိုဖိုင္တစ္ခု ေပါက္ၾကားလာျပန္ပါတယ္။ ဒီတစ္ခါဗြီဒီယိုဖိုင္ထဲမွာေတာ့ ရာမို႔စ္က မက္ဆီကို မလိုအပ္တဲ့ဖ်က္ထုတ္မႈ လုပ္ခဲ့တာပါ။

အနီနဲ႔အျဖဴေရာင္ ႏွစ္သင္းခြဲၿပီး ေလ့က်င့္ၾကရာမွာ အနီေရာင္အသင္းဘက္က မက္ဆီဟာ ဂိုးသြင္းဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါကို ရာမို႔စ္က ၾကားကေနတားၿပီး နင္းဖို႔ႀကိဳးစားခဲ့တာပါ။

အာဂ်င္တီးနားတိုက္စစ္မႉးက ေရွာင္ထြက္ၿပီး ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဂိုးသြင္းၿပီးတဲ့ေနာက္ ရာမို႔စ္ကို မက္ဆီၾကည့္တဲ့အၾကည့္ကေတာ့ မ႐ိုးရွင္းေတာ့ပါဘူး။ အဓိပၸါယ္ေပါင္းမ်ားစြာနဲ႔ ေစာင္ေပေပကိုၾကည့္ေနခဲ့တာပါ။

ဒါကို ရာမို႔စ္လည္း သိပါတယ္။ သူ မွားသြားၿပီဆိုတာလည္း နားလည္ခဲ့ပါတယ္။ မက္ဆီေခါင္းကိုပုတ္ၿပီး ႏွစ္သိမ့္ေပးေနတဲ့ စပိန္သားကိုၾကည့္ရတာ အရွည္အရွည္မျဖစ္ခ်င္ပုံပါပဲ။

ဒါေပမဲ့ မီဒီယာေတြကေတာ့ ေက်ာင္းေတာ္ကရန္စေတြ ျပန္ေပၚလာၿပီလားလို႔ ထင္ေၾကးေပးေနၾကသလို ပရိသတ္ေတြကလည္း အမ်ိဳးမ်ိဳးမွတ္ခ်က္ေပးေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ စပိန္မွာ ၁၆ ႏွစ္ၾကာ

အခါးသီးဆုံးၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကေပမယ့္ ပါရီကိုေရာက္လာၾကခ်ိန္မွာေတာ့ ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳး ထူေထာင္ႏိုင္ခဲ့ၾကတာပါ။ အိမ္မရေသးတဲ့မက္ဆီကို ရာမို႔စ္က သူ႔အိမ္မွာလာေနဖို႔ ဖိတ္ေခၚခဲ့သလို

အာဂ်င္တီးနားတိုက္စစ္မႉးကလည္း ေျခစမ္းပြဲတစ္ပြဲမွာ သူ႔ေၾကာင့္ရတဲ့ပင္နယ္တီကို ရာမို႔စ္ကိုေပးကန္ခဲ့ပါေသးတယ္။ ဒါေပမဲ့ အယ္လ္ကလက္စီကိုမွာ တီးေနက်ဆိုေတာ့ ေယာင္ၿပီးေတာ့မ်ားတီးမိသြားတာလားလို႔ ဆိုသူကဆိုေနၾကေလရဲ႕။