မက်ဆီကိုရွေးခဲ့မိတာကြောင့် ရော်နယ်ဒိုနဲ့မျက်နှာချင်းဆိုင်ဖို့ ခက်ရတော့မယ့် အန်တိုနီ

မန်ယူတိုက်စစ်မှူးသစ်အန်တိုနီကတော့ ရော်နယ်ဒိုကို မျက်နှာပူနေရတော့မယ်လို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ သူ့ရဲ့အေဂျက်ဇ်နည်းပြဟောင်းတန်းဟတ်နဲ့ မန်ယူမှာ

ပြန်လည်ပေါင်းစည်းဖို့ ရွေးချယ်ခဲ့ပါတယ်။ သရဲနီပရိသတ်တွေဟာ ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းတန် ၅ နှစ် စာချုပ်နဲ့ရောက်လာတဲ့ အန်တိုနီကို အများကြီးမျှော်လင့်ထားကြပါတယ်။ ဘရာဇီးလ်သားကလည်း

ရော်နယ်ဒို စပို့တင်းကနေရောက်လာတုန်းက ဘောလုံးကိုခြေထောက်တစ်ဖက်တည်းနဲ့ကပ်ထားပြီး ၃၆၀ ဒီဂရီလှည့်ပြတဲ့စကေးအတိုင်း လုပ်ပြထားတာကြောင့် ပေါ်တူဂီသားလို အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်ဦးမလားလို့

မှတ်ချက်ပေးခံနေရပါတယ်။ ဒါပေမဲ့ ဟိုတုန်းက အင်တာဗျူးတစ်ခုကြောင့် အသင်းဖော်သစ်ဖြစ်လာမယ့် ရော်နယ်ဒိုကို အန်တိုနီ ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်မှာလဲလို့ ပရိသတ်တွေက မေးခွန်းထုတ်နေကြတာပါ။

Manchester Evening News က ဖေါ်ပြလိုက်တဲ့ ဗွီဒီယိုကလစ်မှာ ဂျာနယ်လစ်တစ်ယောက်က ဓာတ်ပုံတွေအများကြီးပြပြီး အန်တိုနီကို တစ်ခုပြီးတစ်ခု ရွေးချယ်ခိုင်းခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ မေးခွန်းပါလာခဲ့ပါတယ်။ အန်တိုနီက အာဂျင်တီးနားတိုက်စစ်မှူးကို ရွေးချယ်သွားခဲ့တာပါ။ တနည်းအားဖြင့် ဘရာဇီးလ်တိုက်စစ်မှူးဟာ သူတို့ တောင်အမေရိကသားချင်း

ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ဆော်ပေါ်လိုမှာရှိတုန်းကလား၊ အေဂျက်ဇ်အတွက် ကစားတုန်းကလားဆိုတာ မသဲကွဲပေမယ့် ငြင်းမရတဲ့သက်သေဖြစ်ခဲ့တာတော့ သေချာပါတယ်။

(zawgyi)

မန္ယူတိုက္စစ္မႉးသစ္အန္တိုနီကေတာ့ ေရာ္နယ္ဒိုကို မ်က္ႏွာပူေနရေတာ့မယ္လို႔ ပရိသတ္ေတြက ေနာက္ေျပာင္ေနၾကပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ သူ႔ရဲ႕ေအဂ်က္ဇ္နည္းျပေဟာင္းတန္းဟတ္နဲ႔ မန္ယူမွာ

ျပန္လည္ေပါင္းစည္းဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ သရဲနီပရိသတ္ေတြဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၆ သန္းတန္ ၅ ႏွစ္ စာခ်ဳပ္နဲ႔ေရာက္လာတဲ့ အန္တိုနီကို အမ်ားႀကီးေမွ်ာ္လင့္ထားၾကပါတယ္။

ဘရာဇီးလ္သားကလည္း ေရာ္နယ္ဒို စပို႔တင္းကေနေရာက္လာတုန္းက ေဘာလုံးကိုေျခေထာက္တစ္ဖက္တည္းနဲ႔ကပ္ထားၿပီး ၃၆၀ ဒီဂရီလွည့္ျပတဲ့စေကးအတိုင္း လုပ္ျပထားတာေၾကာင့္ ေပၚတူဂီသားလို

အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္ဦးမလားလို႔ မွတ္ခ်က္ေပးခံေနရပါတယ္။ ဒါေပမဲ့ ဟိုတုန္းက အင္တာဗ်ဴးတစ္ခုေၾကာင့္ အသင္းေဖာ္သစ္ျဖစ္လာမယ့္ ေရာ္နယ္ဒိုကို အန္တိုနီ ဘယ္လိုမ်က္ႏွာနဲ႔ရင္ဆိုင္မွာလဲလို႔

ပရိသတ္ေတြက ေမးခြန္းထုတ္ေနၾကတာပါ။ Manchester Evening News က ေဖၚျပလိုက္တဲ့ ဗြီဒီယိုကလစ္မွာ ဂ်ာနယ္လစ္တစ္ေယာက္က ဓာတ္ပုံေတြအမ်ားႀကီးျပၿပီး အန္တိုနီကို တစ္ခုၿပီးတစ္ခု ေ႐ြးခ်ယ္ခိုင္းခဲ့တာျဖစ္ပါတယ္။

အဲဒီမွာ မက္ဆီနဲ႔ ေရာ္နယ္ဒို ဘယ္သူ႔ကိုေ႐ြးမလဲဆိုတဲ့ ေမးခြန္းပါလာခဲ့ပါတယ္။ အန္တိုနီက အာဂ်င္တီးနားတိုက္စစ္မႉးကို ေ႐ြးခ်ယ္သြားခဲ့တာပါ။ တနည္းအားျဖင့္ ဘရာဇီးလ္တိုက္စစ္မႉးဟာ သူတို႔ ေတာင္အေမရိကသားခ်င္း

ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။ ဒီဗြီဒီယိုဟာ ေဆာ္ေပၚလိုမွာရွိတုန္းကလား၊ ေအဂ်က္ဇ္အတြက္ ကစားတုန္းကလားဆိုတာ မသဲကြဲေပမယ့္ ျငင္းမရတဲ့သက္ေသျဖစ္ခဲ့တာေတာ့ ေသခ်ာပါတယ္။