မက်ဂွိုင်းယားပွဲထွက်ခွင့်ရတော့မှာကို ဘာကြောင့် မန်ယူပရိသတ်တွေ မစိုးရိမ်ကြတော့တာလဲ

ဝေဖန်မှုတွေအောက်မှာ ဖိအားတွေနဲ့ရှင်သန်နေရတဲ့ မက်ဂွိုင်းယားတစ်ယောက် ပွဲထွက်ခွင့်ရတော့မှာပါ။ မန်ယူပရိသတ်တွေကတော့ ဒီသတင်းအတွက် သွေးတက်မနေကြပါဘူး။ ဘာကြောင့်လဲဆိုတော့ မက်ဂွိုင်းယား ပွဲထွက်ခွင့်ရမှာက

အင်္ဂလန်အသင်းမှာဖြစ်နေလို့ပါ။ ဂေါင်းကြီးလို့ မြန်မာဘောလုံးပရိသတ်တွေ နာမည်ပြောင်ပေးထားတဲ့ နောက်ခံလူဟာ သရဲနီတွေရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲလုံး အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်ရှုံးတဲ့ပွဲနောက်ပိုင်း

နည်းပြတန်းဟတ်က သူ့ကို ပွဲထွက်စာရင်းမှာ မသုံးတော့ပါဘူး။ ဒါ့အပြင် နယ်သာလန်သားဟာ သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးကိုပါ အာမ မခံနိုင်ဘူးလို့ သတိပေးထားကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကပ္ပတိန်လက်ပတ်မပြုတ်သေးပေမယ့် ပွဲကစားခွင့်မရမှတော့ သိပ်မထူးပါဘူး။ ဒါပေမဲ့ The Sun သတင်းစာကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ သူ့ကိုပွဲထွက်ခွင့်ပေးဖို့ နည်းပြဆောက်ဂိတ်က

နှစ်သိမ့်ထားတယ်လို့ ဖေါ်ပြပါတယ်။ “ ဆောက်ဂိတ်နဲ့မက်ဂွိုင်းယား အဆက်အသွယ်ရှိပါတယ်။ အင်္ဂလန်အတွက် သူကစားပေးထားတာတွေကိုလည်း နည်းပြက ကျေးဇူးတင်နေတယ်။ ပွဲထွက်ခွင့်အတွက် အာမခံချက်ပေးတဲ့

အနေအထားမျိုးပါ။ မက်ဂွိုင်းယားကလည်း ဘယ်လိုအကြောင်းပဲရှိရှိ အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ခံရသူမျိုးမှ မဟုတ်တာ ” လို့ အင်္ဂလန်အသင်းနဲ့ နီးစပ်တဲ့ရင်းမြစ်က ဖွင့်ဟကြောင်း ရေးသားထားပါတယ်။

(zawgyi)

ေဝဖန္မႈေတြေအာက္မွာ ဖိအားေတြနဲ႔ရွင္သန္ေနရတဲ့ မက္ဂြိဳင္းယားတစ္ေယာက္ ပြဲထြက္ခြင့္ရေတာ့မွာပါ။ မန္ယူပရိသတ္ေတြကေတာ့ ဒီသတင္းအတြက္ ေသြးတက္မေနၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မက္ဂြိဳင္းယား ပြဲထြက္ခြင့္ရမွာက

အဂၤလန္အသင္းမွာျဖစ္ေနလို႔ပါ။ ေဂါင္းႀကီးလို႔ ျမန္မာေဘာလုံးပရိသတ္ေတြ နာမည္ေျပာင္ေပးထားတဲ့ ေနာက္ခံလူဟာ သရဲနီေတြရဲ႕ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ ပြဲလုံး အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။ ဘရန႔္ဖို႔ဒ္ကို ၄ ဂိုးျပတ္ရႈံးတဲ့ပြဲေနာက္ပိုင္း

နည္းျပတန္းဟတ္က သူ႔ကို ပြဲထြက္စာရင္းမွာ မသုံးေတာ့ပါဘူး။ ဒါ့အျပင္ နယ္သာလန္သားဟာ သူ႔ရဲ႕အသင္းေခါင္းေဆာင္ရာထူးကိုပါ အာမ မခံႏိုင္ဘူးလို႔ သတိေပးထားေၾကာင္း သတင္းေတြထြက္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကပၸတိန္လက္ပတ္မျပဳတ္ေသးေပမယ့္ ပြဲကစားခြင့္မရမွေတာ့ သိပ္မထူးပါဘူး။ ဒါေပမဲ့ The Sun သတင္းစာကေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ သူ႔ကိုပြဲထြက္ခြင့္ေပးဖို႔ နည္းျပေဆာက္ဂိတ္က ႏွစ္သိမ့္ထားတယ္လို႔

ေဖၚျပပါတယ္။ “ ေဆာက္ဂိတ္နဲ႔မက္ဂြိဳင္းယား အဆက္အသြယ္ရွိပါတယ္။ အဂၤလန္အတြက္ သူကစားေပးထားတာေတြကိုလည္း နည္းျပက ေက်းဇူးတင္ေနတယ္။ ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ေပးတဲ့ အေနအထားမ်ိဳးပါ။

မက္ဂြိဳင္းယားကလည္း ဘယ္လိုအေၾကာင္းပဲရွိရွိ အဂၤလန္လူစာရင္းကေန ခ်န္လွပ္ခံရသူမ်ိဳးမွ မဟုတ္တာ ” လို႔ အဂၤလန္အသင္းနဲ႔ နီးစပ္တဲ့ရင္းျမစ္က ဖြင့္ဟေၾကာင္း ေရးသားထားပါတယ္။