မက်ဂွိုင်းယားနဲ့ ပူလီဆစ်ကို အလဲအထပ်လုပ်မလားလို့ မန်ယူကို ချဲလ်ဆီး သွေးတိုးစမ်း

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ကစားသမားအလဲအထပ်နဲ့ခေါ်ယူဖို့ ချဲလ်ဆီးက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။ တနည်းအားဖြင့် ဒီနွေဈေးကွက်ရဲ့ အံ့အားသင့်စရာအကောင်းဆုံး

အပြောင်းအရွှေ့သတင်းပါပဲ။ အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၅၇ ဂိုးပေးခဲ့ရတဲ့ မန်ယူရဲ့ခံစစ်အားနည်းမှုမှာ ရုန်းကန်ခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာလည်း

ဝေဖန်ခံခဲ့ရပေမယ့် တန်းဟတ်ကတော့ သူ့အသင်းခေါင်းဆောင်ဘက်ကနေ ကာကွယ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နယ်သာလန်သားနည်းပြဟာ မက်ဂွိုင်းယားကို တနင်္လာနေ့ ကစားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ

ပွဲထွက်ခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့သတင်း ထွက်နေပါတယ်။ အဲဒီနောက် အသက် ၂၉ နှစ်သားကို ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ ချဲလ်ဆီးက စိတ်ဝင်စားနေကြောင်း အံ့အားသင့်စရာ သတင်းထွက်လာခဲ့တာပါ။

ဒါဟာ ပူလီဆစ်ကို မန်ယူလိုချင်နေတာရဲ့ အကျိုးဆက်ဖြစ်တယ်လို့ Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ ချဲလ်ဆီးက ဒီရာသီမှာ သူတို့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ မန်ယူဆီ ပူလီဆစ်ကို အငှားနဲ့မပို့ချင်ဘဲ တကယ်လို့

မက်ဂွိုင်းယားနဲ့ အလဲအထပ်သဘောမျိုးဆိုရင်တော့ ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့ ရေးသားထားပါတယ်။ ချဲလ်ဆီးရဲ့အဓိကပစ်မှတ်ကတော့ လက်စတာနောက်ခံလူ ဖိုဖာနာဖြစ်နေဆဲပါ။ ပြင်သစ်နောက်ခံလူအတွက် ပေါင် သန်း ၆၀ ဝန်းကျင်နဲ့

၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့ပေမယ့် လက်စတာကငြင်းပယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က စတမ်းဖို့ဒ်ဘရစ်ချ်ကိုသွားချင်နေပြီး ဒီတစ်ပတ် ဆောက်သမ်တန်နဲ့ပွဲမှာ ဘရန်ဒန်ရော်ဂျာရဲ့လူစာရင်းကနေ နုတ်ထွက်လိမ့်မယ်လို့ သတင်းထွက်နေပါတယ်။

(zawgyi)

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို ကစားသမားအလဲအထပ္နဲ႔ေခၚယူဖို႔ ခ်ဲလ္ဆီးက စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာပါတယ္။ တနည္းအားျဖင့္ ဒီေႏြေဈးကြက္ရဲ႕ အံ့အားသင့္စရာအေကာင္းဆုံး

အေျပာင္းအေ႐ႊ႕သတင္းပါပဲ။ အဂၤလန္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္ ၅၇ ဂိုးေပးခဲ့ရတဲ့ မန္ယူရဲ႕ခံစစ္အားနည္းမႈမွာ ႐ုန္းကန္ခဲ့ရသူတစ္ဦးျဖစ္ခဲ့ပါတယ္။ ဘ႐ိုက္တန္နဲ႔ ဘရန႔္ဖို႔ဒ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲေတြမွာလည္း

ေဝဖန္ခံခဲ့ရေပမယ့္ တန္းဟတ္ကေတာ့ သူ႔အသင္းေခါင္းေဆာင္ဘက္ကေန ကာကြယ္မႈေတြလုပ္ခဲ့ပါတယ္။ ဒါေပမဲ့ နယ္သာလန္သားနည္းျပဟာ မက္ဂြိဳင္းယားကို တနလၤာေန႔ ကစားမယ့္ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ခြင့္ေပးမွာမဟုတ္ဘူးဆိုတဲ့သတင္း ထြက္ေနပါတယ္။

အဲဒီေနာက္ အသက္ ၂၉ ႏွစ္သားကို ဘ႑ာေရးအင္အားေတာင့္တင္းတဲ့ ခ်ဲလ္ဆီးက စိတ္ဝင္စားေနေၾကာင္း အံ့အားသင့္စရာ သတင္းထြက္လာခဲ့တာပါ။ ဒါဟာ ပူလီဆစ္ကို မန္ယူလိုခ်င္ေနတာရဲ႕ အက်ိဳးဆက္ျဖစ္တယ္လို႔ Daily Mail သတင္းစာက

ေဖၚျပပါတယ္။ ခ်ဲလ္ဆီးက ဒီရာသီမွာ သူတို႔ၿပိဳင္ဘက္ျဖစ္လာႏိုင္တဲ့ မန္ယူဆီ ပူလီဆစ္ကို အငွားနဲ႔မပို႔ခ်င္ဘဲ တကယ္လို႔ မက္ဂြိဳင္းယားနဲ႔ အလဲအထပ္သေဘာမ်ိဳးဆိုရင္ေတာ့ ေဆြးေႏြးဖို႔အသင့္ရွိေနတယ္လို႔ ေရးသားထားပါတယ္။

ခ်ဲလ္ဆီးရဲ႕အဓိကပစ္မွတ္ကေတာ့ လက္စတာေနာက္ခံလူ ဖိုဖာနာျဖစ္ေနဆဲပါ။ ျပင္သစ္ေနာက္ခံလူအတြက္ ေပါင္ သန္း ၆၀ ဝန္းက်င္နဲ႔ ၂ ႀကိမ္တိုင္ကမ္းလွမ္းခဲ့ေပမယ့္ လက္စတာကျငင္းပယ္ခဲ့ပါတယ္။

ဒါေပမဲ့ ကစားသမားကိုယ္တိုင္က စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုသြားခ်င္ေနၿပီး ဒီတစ္ပတ္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဘရန္ဒန္ေရာ္ဂ်ာရဲ႕လူစာရင္းကေန ႏုတ္ထြက္လိမ့္မယ္လို႔ သတင္းထြက္ေနပါတယ္။