မက်ဂွိုင်းယားနဲ့လင်ဒီလော့ဖ်အတွက် စိတ်ပျက်ခဲ့ရသမျှ ဇီဒန်းအစ်ဂ်ဘယ်လ်ကြောင့် မန်ယူပရိသတ်တွေ ပျော်ခဲ့ရ

မဲလ်ဘုန်းဗစ်ထရီနဲ့ခြေစမ်းပွဲမှာ ဂိုးပြတ်အနိုင်ရပေမယ့် မန်ယူပရိသတ်တွေကတော့ ပေးလိုက်ရတဲ့ပထမဂိုးအတွက် အစာမကျေဖြစ်နေကြပါတယ်။ သြစတြေးလျကလပ်ဟာ ပွဲအစ ၅ မိနစ်မှာ

ဖိုလာမီဖန်တီးပေးတာကနေ တိုက်စစ်မှူးအီကိုနိုမီဒစ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ ဗဟိုခံစစ်အတွဲ နေရာယူပုံအမှားအယွင်းကြောင့်

ပေးလိုက်ရတာလို့ ပရိသတ်တွေက ယူဆထားကြပါတယ်။ ဒါပေမဲ့ ဘယ်အစွန်ကလုခ်ရှော အချိန်မီပြန်မဆင်းနိုင်တာလည်း ပါပါတယ်။ လင်ဒီလော့ဖ် နေရာယူမှားတာနဲ့

မက်ဂွိုင်းယားလေးတာကတော့ ထင်ရှားခဲ့တာကြောင့် ပွဲဆူသွားခဲ့ရတာပါ။ “ လင်ဒီလော့ဖ်က မက်ဂွိုင်းယားကို နောက်မှာထားခဲ့ပြီး အဲဒီမှာ ဘာသွားလုပ်တာလဲ ” ၊

“ သူက မန်ယူနဲ့မတန်ဘူး၊ ဒန်ဒီးယူနိုက်တက်မှာ ကစားသင့်တာ။ အခုလည်းမကောင်းသလို ဘယ်တုန်းကမှလည်း မကောင်းခဲ့ဘူး ” စတဲ့မှတ်ချက်တွေနဲ့ လင်ဒီလော့ဖ်ကို

အသားပေးပြီး ဝိုင်းဆော်နေကြပါတယ်။ ဒါပေမဲ့ မဲလ်ဘုန်းမှာ သူတို့ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တဲ့သူ တစ်ယောက်တော့ ရှိနေပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဇီဒန်းအစ်ဂ်ဘယ်လ်ပါ။ အီဂျစ်သားဟာ လီဗာပူးလ်နဲ့ပွဲတုန်းကလိုပဲ ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရတာဖြစ်ပေမယ့်

အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို မဲလ်ဘုန်းကစားသမားနှစ်ယောက်ကြားကနေ ပြင်သစ်ဂန္ထဝင်ဇီဒန်းအကွက်နဲ့ ဘောလုံးယူသွားပုံက သရဲနီတွေရင်ထဲရောက်သွားခဲ့ပါတယ်။

“ ဒီကောင်လေးက တကယ့်ဇီဒန်းအတိုင်းပဲ ” ၊ “ စီနီယာအသင်းမှာ သုံးသင့်နေပြီ ” စတဲ့ အသံတွေလည်း ညံသွားခဲ့ပါတယ်။

(zawgyi)

မဲလ္ဘုန္းဗစ္ထရီနဲ႔ေျခစမ္းပြဲမွာ ဂိုးျပတ္အႏိုင္ရေပမယ့္ မန္ယူပရိသတ္ေတြကေတာ့ ေပးလိုက္ရတဲ့ပထမဂိုးအတြက္ အစာမေက်ျဖစ္ေနၾကပါတယ္။ ၾသစေၾတးလ်ကလပ္ဟာ ပြဲအစ ၅ မိနစ္မွာ

ဖိုလာမီဖန္တီးေပးတာကေန တိုက္စစ္မႉးအီကိုႏိုမီဒစ္ရဲ႕သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔ရဲ႕ ဗဟိုခံစစ္အတြဲ ေနရာယူပုံအမွားအယြင္းေၾကာင့္ ေပးလိုက္ရတာလို႔

ပရိသတ္ေတြက ယူဆထားၾကပါတယ္။ ဒါေပမဲ့ ဘယ္အစြန္ကလုခ္ေရွာ အခ်ိန္မီျပန္မဆင္းႏိုင္တာလည္း ပါပါတယ္။ လင္ဒီေလာ့ဖ္ ေနရာယူမွားတာနဲ႔ မက္ဂြိဳင္းယားေလးတာကေတာ့ ထင္ရွားခဲ့တာေၾကာင့္ ပြဲဆူသြားခဲ့ရတာပါ။

“ လင္ဒီေလာ့ဖ္က မက္ဂြိဳင္းယားကို ေနာက္မွာထားခဲ့ၿပီး အဲဒီမွာ ဘာသြားလုပ္တာလဲ ” ၊ “ သူက မန္ယူနဲ႔မတန္ဘူး၊ ဒန္ဒီးယူႏိုက္တက္မွာ ကစားသင့္တာ။

အခုလည္းမေကာင္းသလို ဘယ္တုန္းကမွလည္း မေကာင္းခဲ့ဘူး ” စတဲ့မွတ္ခ်က္ေတြနဲ႔ လင္ဒီေလာ့ဖ္ကို အသားေပးၿပီး ဝိုင္းေဆာ္ေနၾကပါတယ္။ ဒါေပမဲ့ မဲလ္ဘုန္းမွာ သူတို႔ရင္ထဲကို

ထိုးေဖာက္ဝင္ေရာက္လာႏိုင္ခဲ့တဲ့သူ တစ္ေယာက္ေတာ့ ရွိေနပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားေလး ဇီဒန္းအစ္ဂ္ဘယ္လ္ပါ။ အီဂ်စ္သားဟာ လီဗာပူးလ္နဲ႔ပြဲတုန္းကလိုပဲ

ဒုတိယပိုင္းမွ လူစားဝင္ခြင့္ရတာျဖစ္ေပမယ့္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့သလို မဲလ္ဘုန္းကစားသမားႏွစ္ေယာက္ၾကားကေန ျပင္သစ္ဂႏၴဝင္ဇီဒန္းအကြက္နဲ႔ ေဘာလုံးယူသြားပုံက

သရဲနီေတြရင္ထဲေရာက္သြားခဲ့ပါတယ္။ “ ဒီေကာင္ေလးက တကယ့္ဇီဒန္းအတိုင္းပဲ ” ၊ “ စီနီယာအသင္းမွာ သုံးသင့္ေနၿပီ ” စတဲ့ အသံေတြလည္း ညံသြားခဲ့ပါတယ္။