မက်ဂွိုင်းယားကြောင့် မန်ယူပရိသတ်တွေ ပျော်နေပေမယ့် ချဲလ်ဆီးပရိသတ်တွေ စိတ်ညစ်ရပြီ

မက်ဂွိုင်းယားကို ချဲလ်ဆီးကစိတ်ဝင်စားနေတယ်ဆိုတဲ့ အသံလေးကြားရတာနဲ့တင် မန်ယူပရိသတ်တွေ ပျော်နေကြပါပြီ။ ချဲလ်ဆီးဟာ သရဲနီတွေလိုချင်နေတဲ့ သူတို့ကစားသမားပူလီဆစ်အတွက်

အင်္ဂလန်လက်ရွေးစင်ကို အလိုက်ပေးရင် ဆွေးနွေးဖို့စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖေါ်ပြခဲ့ကြပါတယ်။ အဲဒီသတင်းကြောင့် မန်ယူပရိသတ်တွေက အလကားယူသွားလို့ ဆိုရှယ်မီဒီယာပေါ်မှာ

ပျော်နေကြတာပါ။ “ သူ့ကို ဝယ်မလို့ဆို .. အလကားသာယူသွား။ အိုးလ်ထရက်ဖို့ဒ်မှာ သူမရှိရင်ရပြီ ” ၊ “ ဒါက အံ့သြစရာမဟုတ်ပါဘူး။ ဒီထိပ်တန်းခံစစ်မှူးဟာ မန်ယူမှာ သက်သက် အချိန်လာဖြုန်းနေတာ အားလုံးသိပါတယ်။

ဘာစီလိုနာ ကြားဝင်မလာခင် ချဲလ်ဆီး အမြန်ဆုံးခေါ်သင့်တယ် ” ၊ “ ရောင်းပြီးပစ္စည်း ပြန်မဝယ်ပါ ” စတဲ့ မှတ်ချက်တွေနဲ့ သရဲနီတွေ လှောင်ပြောင်ပျော်ရွှင်နေကြတာပါ။ ဒါပေမဲ့ ချဲလ်ဆီးပရိသတ်တွေဘက်မှာတော့

ဒီသတင်းကြောင့် လောင်ကုန်ပါတယ်။ “ ဒီကောလာဟလဟာ အမှန်မဟုတ်ရင် အကောင်းဆုံးပဲ။ ဘာကြောင့် ဒီကမ္ဘာပေါ်မှာ ငါတို့အသင်းမှ လာဖြစ်နေရတာလဲ ” ၊ “ တူချယ်ကို အခုပဲထုတ်လိုက်ပါ။

 

ဒါ တကယ်ဖြစ်လာရင် တော့ဒ်ဘိုးလီကို ဘယ်တော့မှမထောက်ခံတော့ဘူး ” စတဲ့ မှတ်ချက်တွေနဲ့ ချဲလ်ဆီးပရိသတ်တွေ ဒေါသထွက်နေကြတာပါ။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းမပြနိုင်ဘဲ အမှားအယွင်းတွေများခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသလို ဒီရာသီမှာလည်း မပြောင်းလဲတာကြောင့် အနာဂတ်အပေါ်မေးခွန်းထုတ်ခံနေရပါတယ်။

(zawgyi)

မက္ဂြိဳင္းယားကို ခ်ဲလ္ဆီးကစိတ္ဝင္စားေနတယ္ဆိုတဲ့ အသံေလးၾကားရတာနဲ႔တင္ မန္ယူပရိသတ္ေတြ ေပ်ာ္ေနၾကပါၿပီ။ ခ်ဲလ္ဆီးဟာ သရဲနီေတြလိုခ်င္ေနတဲ့ သူတို႔ကစားသမားပူလီဆစ္အတြက္ အဂၤလန္လက္ေ႐ြးစင္ကို အလိုက္ေပးရင္

ေဆြးေႏြးဖို႔စိတ္ဝင္စားေနတယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖၚျပခဲ့ၾကပါတယ္။ အဲဒီသတင္းေၾကာင့္ မန္ယူပရိသတ္ေတြက အလကားယူသြားလို႔ ဆိုရွယ္မီဒီယာေပၚမွာ ေပ်ာ္ေနၾကတာပါ။

“ သူ႔ကို ဝယ္မလို႔ဆို .. အလကားသာယူသြား။ အိုးလ္ထရက္ဖို႔ဒ္မွာ သူမရွိရင္ရၿပီ ” ၊ “ ဒါက အံ့ၾသစရာမဟုတ္ပါဘူး။ ဒီထိပ္တန္းခံစစ္မႉးဟာ မန္ယူမွာ သက္သက္ အခ်ိန္လာျဖဳန္းေနတာ အားလုံးသိပါတယ္။

ဘာစီလိုနာ ၾကားဝင္မလာခင္ ခ်ဲလ္ဆီး အျမန္ဆုံးေခၚသင့္တယ္ ” ၊ “ ေရာင္းၿပီးပစၥည္း ျပန္မဝယ္ပါ ” စတဲ့ မွတ္ခ်က္ေတြနဲ႔ သရဲနီေတြ ေလွာင္ေျပာင္ေပ်ာ္႐ႊင္ေနၾကတာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးပရိသတ္ေတြဘက္မွာေတာ့

ဒီသတင္းေၾကာင့္ ေလာင္ကုန္ပါတယ္။ “ ဒီေကာလာဟလဟာ အမွန္မဟုတ္ရင္ အေကာင္းဆုံးပဲ။ ဘာေၾကာင့္ ဒီကမာၻေပၚမွာ ငါတို႔အသင္းမွ လာျဖစ္ေနရတာလဲ ” ၊ “ တူခ်ယ္ကို အခုပဲထုတ္လိုက္ပါ။

ဒါ တကယ္ျဖစ္လာရင္ ေတာ့ဒ္ဘိုးလီကို ဘယ္ေတာ့မွမေထာက္ခံေတာ့ဘူး ” စတဲ့ မွတ္ခ်က္ေတြနဲ႔ ခ်ဲလ္ဆီးပရိသတ္ေတြ ေဒါသထြက္ေနၾကတာပါ။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ရာသီတုန္းက

ေျခစြမ္းမျပႏိုင္ဘဲ အမွားအယြင္းေတြမ်ားခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရသလို ဒီရာသီမွာလည္း မေျပာင္းလဲတာေၾကာင့္ အနာဂတ္အေပၚေမးခြန္းထုတ္ခံေနရပါတယ္။