မက်ဂွိုင်းယားကို အနိုင်မကျင့်ဖို့ ပရိသတ်တွေနဲ့ရန်ဖြစ်နေရတဲ့ ဂယ်ရီနဗီးလ်

မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်ထားဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြသစ်တန်းဟတ်ကို လူရွှင်တော်လို့ မန်ယူပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အင်္ဂလန်နောက်ခံလူဟာ အမှားအယွင်းတွေများခဲ့သလို အသင်းအပေါ်လှုံ့ဆော်မှုလည်း မပေးနိုင်တာကြောင့် နယ်သာလန်သားရဲ့ထောက်ခံမှုဟာ

သရဲနီပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ မန်ယူဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်ကတော့ မက်ဂွိုင်းယားအပေါ် ဝေဖန်မှုတွေရပ်တန့်ကြဖို့

ပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်။ ပရိသတ်တွေက သူနဲ့လည်း ငြိခဲ့တာကိုး။ မက်ဂွိုင်းယားကို ကပ္ပတိန်လက်ပတ်ဆက်ဝတ်ခိုင်းမယ်လို့ ဘန်ကောက်ခရီးစဉ်မှာ တန်းဟတ်ပြောလိုက်တဲ့နောက်

နဗီးလ်က တွစ်တာမှာ “ ကောင်းတယ် ” လို့ ပို့စ်တင်ခဲ့ပါတယ်။ ဒီတော့ ၂၄ မိနစ်အတွင်းမှာတင် တုံ့ပြန်မှု ၄၀၀ လောက် သူရခဲ့ပါတယ်။

အားလုံးက သရဲနီဂန္ထဝင်ရဲ့မှတ်ချက်အပေါ် အံ့အားသင့်ခဲ့ကြပြီး လှောင်ပြောင်မှုတွေလုပ်ခဲ့ကြတာပါ။ နဗီးလ်ကလည်း “ နည်းပြသစ်ရဲ့ဆုံးဖြတ်ချက်ကို မဝေဖန်ဘဲ မက်ဂွိုင်းယားကိုထောက်ခံလို့

ကျွန်တော့်ကို မန်ယူပရိသတ်အားလုံးက ဒေါသထွက်နေကြတယ်။ မက်ဂွိုင်းယားကိုထောက်ခံပြီး သူ့အပေါ်အနိုင်ကျင့်နေတာကို ဒီမှာပဲ ရပ်တန့်လိုက်ပါ။

တန်းဟတ်က သူ့ကိုသဘောကျနေတာ သိသာပါတယ် ” လို့ ပို့စ်ထပ်တင်ခဲ့ပါတယ်။ ဒီမှာတင် ပရိသတ်တွေဟာ တန်းဟတ်ကိုရော နဗီးလ်ကိုပါဆော်ကုန်ကြပါလေရော။

အင်္ဂလိပ်ကစားသမားတွေကို အကြောင်းမသိဘဲအားပေးနေတဲ့ လူရွှင်တော်လို့ နယ်သာလန်သားကိုလှောင်ပြောင်ကြသလို မက်ဂွိုင်းယားအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဆိုတဲ့ မှတ်ချက်တွေလည်းရှိခဲ့ပါတယ်။

(zawgyi)

မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္ထားဖို႔ဆုံးျဖတ္ခဲ့တဲ့ နည္းျပသစ္တန္းဟတ္ကို လူ႐ႊင္ေတာ္လို႔ မန္ယူပရိသတ္ေတြက ေဝဖန္ေနၾကပါတယ္။ အဂၤလန္ေနာက္ခံလူဟာ အမွားအယြင္းေတြမ်ားခဲ့သလို

အသင္းအေပၚလႈံ႕ေဆာ္မႈလည္း မေပးႏိုင္တာေၾကာင့္ နယ္သာလန္သားရဲ႕ေထာက္ခံမႈဟာ သရဲနီပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။ မန္ယူဂႏၴဝင္ကစားသမားတစ္ဦးျဖစ္သူ ဂယ္ရီနဗီးလ္ကေတာ့

မက္ဂြိဳင္းယားအေပၚ ေဝဖန္မႈေတြရပ္တန႔္ၾကဖို႔ ပရိသတ္ေတြကိုေတာင္းဆိုလိုက္ပါတယ္။ ပရိသတ္ေတြက သူနဲ႔လည္း ၿငိခဲ့တာကိုး။ မက္ဂြိဳင္းယားကို ကပၸတိန္လက္ပတ္ဆက္ဝတ္ခိုင္းမယ္လို႔ ဘန္ေကာက္ခရီးစဥ္မွာ

တန္းဟတ္ေျပာလိုက္တဲ့ေနာက္ နဗီးလ္က တြစ္တာမွာ “ ေကာင္းတယ္ ” လို႔ ပို႔စ္တင္ခဲ့ပါတယ္။ ဒီေတာ့ ၂၄ မိနစ္အတြင္းမွာတင္ တုံ႔ျပန္မႈ ၄၀၀ ေလာက္ သူရခဲ့ပါတယ္။ အားလုံးက သရဲနီဂႏၴဝင္ရဲ႕မွတ္ခ်က္အေပၚ အံ့အားသင့္ခဲ့ၾကၿပီး

ေလွာင္ေျပာင္မႈေတြလုပ္ခဲ့ၾကတာပါ။ နဗီးလ္ကလည္း “ နည္းျပသစ္ရဲ႕ဆုံးျဖတ္ခ်က္ကို မေဝဖန္ဘဲ မက္ဂြိဳင္းယားကိုေထာက္ခံလို႔ ကြၽန္ေတာ့္ကို မန္ယူပရိသတ္အားလုံးက ေဒါသထြက္ေနၾကတယ္။

မက္ဂြိဳင္းယားကိုေထာက္ခံၿပီး သူ႔အေပၚအႏိုင္က်င့္ေနတာကို ဒီမွာပဲ ရပ္တန႔္လိုက္ပါ။ တန္းဟတ္က သူ႔ကိုသေဘာက်ေနတာ သိသာပါတယ္ ” လို႔ ပို႔စ္ထပ္တင္ခဲ့ပါတယ္။ ဒီမွာတင္ ပရိသတ္ေတြဟာ တန္းဟတ္ကိုေရာ

နဗီးလ္ကိုပါေဆာ္ကုန္ၾကပါေလေရာ။ အဂၤလိပ္ကစားသမားေတြကို အေၾကာင္းမသိဘဲအားေပးေနတဲ့ လူ႐ႊင္ေတာ္လို႔ နယ္သာလန္သားကိုေလွာင္ေျပာင္ၾကသလို မက္ဂြိဳင္းယားအေပၚ သည္းခံႏိုင္စြမ္းကုန္ဆုံးသြားၿပီဆိုတဲ့ မွတ္ခ်က္ေတြလည္းရွိခဲ့ပါတယ္။