မက်ဂွိုင်းယားကို အငှားနဲ့ခေါ်ဖို့ အင်တာမီလန် ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့

စီးရီးအေထိပ်သီး အင်တာမီလန်အသင်းဟာ မန်ချက်စတာ

ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ နောက်ခံလူ မက်ဂွိုင်းယားကို
ခေါ်ယူဖို့ ချိတ်ဆက်မှုပြုလုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

အင်တာမီလန်အသင်းနောက်ခံလူ ဆက်ကရီနီယာဟာ PSG အသင်းကို
ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်တာကြောင့် အင်တာမီလန်တို့
ခံစစ်ပိုင်း အားဖြည့်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်
ကလပ်အသင်းမှာတော့ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး အခုနှစ်အတွင်း
ပရီးမီးယားလိဂ်မှာ (၁)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အဲဒါကြောင့် အင်တာမီလန်အသင်းဟာ မက်ဂွိုင်းယားကို အငှားနဲ့ခေါ်ဖို့
ချိတ်ဆက်ခဲ့ပေမယ့် မက်ဂွိုင်းယားအနေနဲ့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး

လာမယ့်နွေရာသီမှ ဆုံးဖြတ်သွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ပွဲတွေအတွင်း ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပုံမှန်ကစားခွင့်

မရတာကို မက်ဂွိုင်းယားဘက်က လက်ခံနားလည်ပေမယ့် ရာသီကုန်အထိ
ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရမယ်ဆိုရင်တော့ နွေရာသီအပြောင်းအရွှေ့မှာ
ယူနိုက်တက်နဲ့လမ်းခွဲဖို့ စဉ်းစားသွားမယ့်အနေအထားပါပဲ။

[Zawgyi]

စီးရီးေအထိပ္သီး အင္တာမီလန္အသင္းဟာ မန္ခ်က္စတာ
ယူႏိုက္တက္မွာ ႐ုန္းကန္ေနရတဲ့ ေနာက္ခံလူ မက္ဂြိဳင္းယားကို
ေခၚယူဖို႔ ခ်ိတ္ဆက္မႈျပဳလုပ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

အင္တာမီလန္အသင္းေနာက္ခံလူ ဆက္ကရီနီယာဟာ PSG အသင္းကို
ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္တာေၾကာင့္ အင္တာမီလန္တို႔
ခံစစ္ပိုင္း အားျဖည့္ဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူ မက္ဂြိဳင္းယားဟာ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္

ကလပ္အသင္းမွာေတာ့ ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး အခုႏွစ္အတြင္း
ပရီးမီးယားလိဂ္မွာ (၁)ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

အဲဒါေၾကာင့္ အင္တာမီလန္အသင္းဟာ မက္ဂြိဳင္းယားကို အငွားနဲ႔ေခၚဖို႔
ခ်ိတ္ဆက္ခဲ့ေပမယ့္ မက္ဂြိဳင္းယားအေနနဲ႔ သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး
လာမယ့္ေႏြရာသီမွ ဆုံးျဖတ္သြားဖို႔ရွိပါတယ္။

ၿပီးခဲ့တဲ့ပြဲေတြအတြင္း ဒဏ္ရာနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ပုံမွန္ကစားခြင့္
မရတာကို မက္ဂြိဳင္းယားဘက္က လက္ခံနားလည္ေပမယ့္ ရာသီကုန္အထိ
ပြဲထြက္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရမယ္ဆိုရင္ေတာ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ စဥ္းစားသြားမယ့္အေနအထားပါပဲ။