မက္ကာဘီဟိုင်ဖာအသင်းရဲ့ တားမြစ်ချက်တွေဘောင်ကျော်နေတာကြောင့် အစ္စရေးပွဲကို ပီအက်စ်ဂျီပရိသတ်တွေ သပိတ်မှောက်မယ်

ဘောလုံးမှာ လွတ်လပ်စွာ အားပေးခွင့်ဆိုတာဟာ ပရိသတ်တိုင်း ရပိုင်ခွင့်ရှိတဲ့ မွေးရာပါ အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ ပရိသတ်တွေဟာ ကိုယ်နှစ်သက် သဘောကျတဲ့ အသင်းကို ရူးရူးမူးမူး အားပေးခွင့်ရှိပါတယ်။ တစ်ဖက်မှာ ဒါကို စည်းမျဉ်းစည်းကမ်းနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခွင့်ရှိပြီး

အခြားသူတွေကို ထိခိုက် မှုမရှိဘဲ ဘောင်ထဲကနေ အဆုံးစွန်အထိ အားပေးနိုင်ခွင့်ရှိတာဟာ ဘောလုံး ကပေးတဲ့ ရသပါ။ ဒါပေမဲ့ ဒီလိုမျိုး ရူးရူးမူးမူး အားပေးတာကို ထိန်းချုပ်ဖို့ ကြိုး စားလာတဲ့အတွက် ပီအက်စ်ဂျီအသင်း ပရိသတ်တွေ သပိတ်မှောက်ဖို့ ကြိုး စားပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးညမှာယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်ကို သပိတ် မှောက်ဖို့ ပီအက်စ်ဂျီ အစွန်းရောက် ပရိသတ်တွေက စီစဉ်ထားပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးမြေမှာ ယှဉ်ပြိုင်ကစားရမယ့် ဒီပွဲစဉ်မှာ ဧည့်သည့်အသင်း ပရိသတ်တွေနဲ့ပတ်သက်ပြီး မက္ကာဘီဟိုင်ဘာအသင်းဘက်

တားမြစ်ကန့်သတ်ချက် တွေ ရှိနေတာကြောင့် အဲဒီကို မသွားတော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါ တယ်။ ဒီလို တားမြစ်ကန့်သတ်ချက်တွေနဲ့အတူ အစ္စရေးဟာ ဧည့်သည်ပရိ သတ်တွေအပေါ်မှာ ချုပ်ခြယ်တင်းကြပ်လွန်းတယ်ဆိုပြီး စုစည်းညီညာသော ပဲရစ်အမာခံအဖွဲ့က

သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အစ္စရေးမြေကို မသွားတော့ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ကြေညာချက်တစ် စောင်ကို တွစ်တာကတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ‘’မက္ကာဘီဟိုင်ဘာကို ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အဖြစ် ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပီအက်စ်ဂျီဟာ

စက်တင်ဘာ ၁၄ ရက်နေ့မှာ သွားရောက်မှာပါ။ နိုင်ငံတစ် ဝန်း ကူးသန်းသွားလာခွင့်ကို ကန့်သတ်ထားတဲ့ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအစီအမံ တွေအပေါ် ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။ အဝေးကွင်းခရီးစဉ်တိုင်း အပေါ် ရန်လိုတဲ့ ကန့်သတ်မှုမျိုးတွေနဲ့ တားမြစ်မှုတွေအကုန်လုံးကို

ကျွန် တော်တို့က အမြဲတမ်း ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော့ အလွန်အမင်း ကန့်သတ်ချက်တွေရှိနေတဲ့ အဝေးကွင်းပွဲစဉ်ကို ကျွန် တော်တို့ သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်’’ လို့ စုစည်းညီညာသော ပဲရစ် အမာခံအဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ ဂျူဗင်တပ်ကို အနိုင်ရပြီး တာထွက်ကောင်းခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

(zawgyi)

ေဘာလုံးမွာ လြတ္လပ္စြာ အားေပးခြင့္ဆိုတာဟာ ပရိသတ္တိုင္း ရပိုင္ခြင့္ရွိတဲ့ ေမြးရာပါ အခြင့္အေရးလို႔ ဆိုႏိုင္ပါတယ္။ ပရိသတ္ေတြဟာ ကိုယ္ႏွစ္သက္ သေဘာက်တဲ့ အသင္းကို ႐ူး႐ူးမူးမူး အားေပးခြင့္ရွိပါတယ္။ တစ္ဖက္မွာ ဒါကို စည္းမ်ဥ္းစည္းကမ္းနဲ႔ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခြင့္ရွိၿပီး အျခားသူေတြကို

ထိခိုက္ မႈမရွိဘဲ ေဘာင္ထဲကေန အဆုံးစြန္အထိ အားေပးႏိုင္ခြင့္ရွိတာဟာ ေဘာလုံး ကေပးတဲ့ ရသပါ။ ဒါေပမဲ့ ဒီလိုမ်ိဳး ႐ူး႐ူးမူးမူး အားေပးတာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳး စားလာတဲ့အတြက္ ပီအက္စ္ဂ်ီအသင္း ပရိသတ္ေတြ သပိတ္ေမွာက္ဖို႔ ႀကိဳး စားၿပီျဖစ္ပါတယ္။ ဗုဒၶဟူးညမွာယွဥ္ၿပိဳင္ကစားၾကမယ့္ ပြဲစဥ္ကို

သပိတ္ ေမွာက္ဖို႔ ပီအက္စ္ဂ်ီ အစြန္းေရာက္ ပရိသတ္ေတြက စီစဥ္ထားၿပီးျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ အစၥေရးေျမမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ဒီပြဲစဥ္မွာ ဧည့္သည့္အသင္း ပရိသတ္ေတြနဲ႔ပတ္သက္ၿပီး မကၠာဘီဟိုင္ဘာအသင္းဘက္ တားျမစ္ကန႔္သတ္ခ်က္ ေတြ ရွိေနတာေၾကာင့္ အဲဒီကို မသြားေတာ့ဖို႔

ဆုံးျဖတ္ခဲ့ၾကတယ္လို႔ သိရပါ တယ္။ ဒီလို တားျမစ္ကန႔္သတ္ခ်က္ေတြနဲ႔အတူ အစၥေရးဟာ ဧည့္သည္ပရိ သတ္ေတြအေပၚမွာ ခ်ဳပ္ျခယ္တင္းၾကပ္လြန္းတယ္ဆိုၿပီး စုစည္းညီညာေသာ ပဲရစ္အမာခံအဖြဲ႕က သပိတ္ေမွာက္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ အစၥေရးေျမကို မသြားေတာ့ဖို႔

ဆုံးျဖတ္ခဲ့ၾကၿပီး ေၾကညာခ်က္တစ္ ေစာင္ကို တြစ္တာကတစ္ဆင့္ ထုတ္ျပန္ခဲ့ပါတယ္။ ‘’မကၠာဘီဟိုင္ဘာကို ခ်န္ပီယံလိဂ္ အုပ္စုဒုတိယပြဲစဥ္အျဖစ္ ရင္ဆိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ပီအက္စ္ဂ်ီဟာ စက္တင္ဘာ ၁၄ ရက္ေန႔မွာ သြားေရာက္မွာပါ။ ႏိုင္ငံတစ္ ဝန္း ကူးသန္းသြားလာခြင့္ကို ကန႔္သတ္ထားတဲ့ အစၥေရးႏိုင္ငံရဲ႕ လုံၿခဳံေရး

အစီအမံ ေတြအေပၚ ကြၽန္ေတာ္တို႔ ကန႔္ကြက္ရႈတ္ခ်ပါတယ္။ အေဝးကြင္းခရီးစဥ္တိုင္း အေပၚ ရန္လိုတဲ့ ကန႔္သတ္မႈမ်ိဳးေတြနဲ႔ တားျမစ္မႈေတြအကုန္လုံးကို ကြၽန္ ေတာ္တို႔က အၿမဲတမ္း ဆန႔္က်င္သြားမွာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ေတာ့ အလြန္အမင္း ကန႔္သတ္ခ်က္ေတြရွိေနတဲ့

အေဝးကြင္းပြဲစဥ္ကို ကြၽန္ ေတာ္တို႔ သပိတ္ေမွာက္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္’’ လို႔ စုစည္းညီညာေသာ ပဲရစ္ အမာခံအဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။ ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္မွာ ဂ်ဴဗင္တပ္ကို အႏိုင္ရၿပီး တာထြက္ေကာင္းခဲ့တဲ့ အသင္း ျဖစ္ပါတယ္။